menu

Saturday 19 January 2013

ရေအောက်ကျောက်ဆောင်နှင့် တိုက်မိ၍ သင်္ဘောနစ်မြုပ်

နေပြည်တော်၊ ဇန်န၀ါရီ ၁၉

၁၇-၁-၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ ဖောင်းတောကျေးရွာအုပ်စု၊ မော်ကြီးကျေးရွာနှင့် ရေမိုင်(၁)မိုင်ခန့်အကွာ ပင်လယ်ပြင်၌ SWIBER ကုမ္ပဏီ၏ တစ်ဆင့်ခံကုမ္ပဏီဖြစ်သော PTTEPI ကုမ္ပဏီမှ ပင်လင်ပြင်အတွင်း သဘာဝဓါတ်ငွေ့ ပိုက်လိုင်းသွယ်တန်းသည့် လုပ်ငန်းဆောင်ရွက်နေသော PANRITH သင်္ဘောသည် ရေအောက် ကျောက်ဆောင်နှင့် တိုက်မိ၍ နစ်မြုပ်ခဲ့သည်။
အဆိုပါသင်္ဘောပေါ်တွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား(၄၂)ဦးတို့ပါရှိပြီး ၄င်းတို့ အနက်(၂)ဦးမှာ ဒဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး ကျန်နိုင်ငံခြားသားများ ထိခိုက်မှုမရှိကြောင်းသိရှိရသည်။ သင်္ဘောနစ်မြုပ်ရာသို့ ကုမ္ပဏီမှ စက်လှေ(၂)စီးဖြင့် ဆယ်ယူ၍ အနီးရှိ CONQUESTသင်္ဘောပေါ်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

  ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis