menu

Saturday 19 January 2013

ဖားကန့်မြို့နယ် ကာမိုင်းရဲစခန်းကို ကေအိုင်အေ တပ်ဖွဲ့ များက ဝိုင်းဝန်းတိုက်ခိုက် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး အဆောက်အဦများမီးလောင်

တပ်မတော်က ဇန်နဝါရီလ ၁၉ ရက်နေ့မနက်ကစပြီး လဂျားယန်ဒေသမှာ ဆောင်ရွက်နေတဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးများကို ရပ်ဆိုင်းခဲ့ပါပြီ။ ကေအိုင်အေနဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသအားလုံးမှာလည်း သမ္မတကြီးထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်း မိမိကိုယ် မိမိ ခုခံ ကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့်အချက်ကို တိကျစွာ လိုက်နာသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထပ်မံအတည်ပြု ပြောကြားခဲ့ပါတယ်။

ဒီနေ့မနက်မှာလည်း နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အိုင်အန်ဂျီအိုများတက်ရောက်တဲ့ နိုင်ငံတကာဖိုရမ်မှာလည်း သမ္မတကြီး က ငြိမ်းချမ်းရေးဆွေးနွေးဖို့ထပ်ပြီးကမ်းလှမ်းခဲ့ပါတယ်။ တပ်မတော်ဘက် က စစ်ရေးဆောင်ရွက်ချက်များရပ်ဆိုင်းသလို ကေအိုင်အေဘက်ကလည်း အလားတူတုန့်ပြန်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့မနက် ၄နာရီကျော်ကနေ ကိုးနာရီ ခွဲလောက်အထိ ဖားကန့်မြို့နယ်က ကာမိုင်းရဲစခန်းကို ကေအိုင်အေ တပ်ဖွဲ့ များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပါတယ်။

ကနဦးသတင်းများအရ တိုက်ခိုက်မှုအတွင်းမှာ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး ပြီး အဆောက်အဦများမီးလောင်သွားတယ်လို့ သိရပါတယ်။
 Ye Htut(Facebook)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis