menu

Saturday 19 January 2013

Barcamp Yangon 2013 လှိုင်တက္ကသိုလ်နယ်မြေတွင် ယနေ့နံနက် ၈ နာရီမှစတင်ကာ ကျင်းပ

သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ အကြောင်းအရာများအပြင် တက်ရောက်လာသူများက စိတ်ဝင်စားသည့် မည်သည့်ခေါင်းစဉ်နှင့်မဆို ဗဟုသုတများ အချင်းချင်းဆွေးနွေးဖလှယ်နိုင်သည့် ဘားကမ့်ကို ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေတွင် ယနေ့နံနက် ၈ နာရီမှစတင်ကာ ကျင်းပလျက်ရှိသည်။

ယခုလက်ရှိ ကျင်းပနေသည့် Barcamp Yangon 2013 တွင် လက်ရှိအချိန်အထိ တက်ရောက်လာသူပေါင်း ၃၀၀၀ ကျော်နေပြီဖြစ်ပြီး နိုင်ငံတကာမှ လာရောက်သည့် Barcamper ၂၀ ဦးခန့် ရှိနေပြီဖြစ်သည်။

ယခုလက်ရှိ ကျင်းပနေသည့် ဘားကမ့်တွင် နိုင်ငံတကာ၌ ခေတ်စားနေသည့် နောက်ဆုံးပေါ် နည်းပညာဆိုင်ရာများနှင့် သက်ဆိုင်သော အကြောင်းအရာများကို တက်ရောက်လာသည့် လူငယ်များက အပြိုင်အဆိုင် ဆွေးနွေးဖလှယ်မှုများကို ပြုလုပ်နေကြသည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis