menu

Saturday 19 January 2013

ပြည်ထောင်စုအစိုးရအဖွဲ့ သတင်း ထုတ်ပြန်ချက်မှ တစ်ဆင့် ရှေ့အလား အလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ကေအိုင်အိုမှ သတင်းထုတ်ပြန်

Friday, 18 January 2013 21:54

ပြည်ထောင်စုအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်မှတစ်ဆင့် ရှေ့အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ကေအိုင်အိုအဖွဲ့မှ န်န၀ါရီလ ၁၉ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်ကို တွေ့ရှိရပါကြောင်း၊ ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှ စပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း သိရှိရပါကြောင်း၊ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် စစ်ဆင်ရေး လှုပ်ရှားမှုကို လဂျားယန်ဒေသတွင်သာ ရပ်ဆိုင်းလိုက်ခြင်းမဟုတ်ဘဲ ကချင်ဒေသအနှံ့ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် လှုပ်ရှားမှုများကို လျော့ချသင့်ကြောင်းနှင့် သတင်းထုတ်ပြန် ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်မှ တစ်ဆင့် ရှေ့အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပါရှိပါသည်။


ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် ကေအိုင်အို/ ကေအိုင် တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီအချိန်မှ စ၍ လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ဇန်န၀ါရီလ ၁၈ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် အပစ်အခတ် ရပ်စဲရေးမှ တစ်ဆင့် ခိုင်မာသည့် နိုင်ငံရေးဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကေအိုင်အို/ကေအိုင်အေနှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်းနှင့် နောင်တွေ့ဆုံ ဆွေးနွေးမှုများတွင် ကေအိုင်အို/ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့မှ တပ်ပိုင်းဆိုင်ရာများကို အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များက တပ်မတော်နှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန် လိုအပ်ကြောင်း ထည့်သွင်းဖော်ပြခဲ့ပါသည်။

ထို့အပြင် နိုင်ငံတော် အစိုးရ သည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်သားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်ရန်အတွက် ကေအိုင်အေ/ကေအိုင်အေ အပါအ၀င် တိုင်းရင်းသားပြည်သူအားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ထည့်သွင်း သတင်းထုတ်ပြန်ခဲ့သည်။

  Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis