menu

Saturday 19 January 2013

"စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော် ၀န်ကြီးများအိမ်ယာအနီး တွင် ယနေ့(18-1-2013)သောကြာနေ့ နေ့လည်(12)နာရီမိနစ်(30)အချိန်ခန့် ကဓားထိုးတစ်ခုဖြစ်ပွား"

မုံရွာမြို့မြို့သစ်ရပ်ကွက် တိုင်းဒေသကြီးလွှတ်တော် ၀န်ကြီးများအိမ်ယာအနီး မှာ ဦးကျော်ကျော်အောင် ဆိုသူက ၄င်း၏ မယားပါသမီး မ၀င်းခိုင် အသက်(27)နှစ်ခန့် ကလေး(၁)ယောက်၏အမေကို ဓားနဲ့(၂)ချက်တိတိထိုး ခဲ့တာပါ ။ မ၀င်းခိုင် ရဲ့ ရင်သားအောက်ဘက်မှာ(၁)ချက် ရင်သားရဲ့အပေါ်မှာ တစ်ချက် စုစုပေါင်း(၂)ချက်ထိုးခံရတာပါ။ဦးကျော်ကျော်အောင်က အသက်(၄၀)၀န်းကျင်ခန့်ရှိပါပြီ။ဓားထိုးမှုဖြစ်ပြီး မကြာခင်မှာဘဲ မုံရွာမြို့ အမှတ်(၁)ရဲစခန်းမှ စခန်းမှူး ဦးကျော်ကျော်ညွန့် ဆိုတဲ့သူဦးဆောင်ပြီး ရဲတွေ တော်ောတ်များများရောက်လာခဲ့ပါတယ်။

မ၀င်းခိုင်ကတော့ လက်မှာလည်းဒဏ်ရာတစ်ချို့ရထားပါတယ် သူ့ကိုထိုးတဲ့ ဓားကိုပြန်လုတာကနေပြီး ဒဏ်ရာတွေရရှိခဲ့တာပါ။ ဦးကျော်ကျော်အောင် ကတော့ လွှတ်တော်အိမ်ယာဘက်ကိုခြေလျှင်ထွက်ပြေးတိမ်းရှောင်သွားတယ်။ ရဲကတော့ အပူတစ်ပြင်း လိုက်လံရှာဖွေဖမ်းဆီးနေတယ်"လို့ အဆိုပါအိမ်အနီး မှ အမျိုးသမီးတစ်ဦးကဆိုပါတယ်။

ThanLarWaddy Times 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis