menu

Saturday 19 January 2013

ဖားကန့်မြို့နယ်တွင် လူနေအိမ်ပေါ် လက်နက်ကြီးကျရောက်မှုကြောင့် ဝန်ထမ်းတစ်ဦး ဒဏ်ရာရ

ဖားကန့် ၊ ဇန်နဝါရီ ၁၉

ဖားကန့်မြို့နယ် ၊ဆိုင်တောင်းကျေးရွာ စမ်းသီတာရပ်ကွက်ရှိ အိမ်အမှတ် ၁/၁၄၄၅ကို ဇန်နဝါရီ ၁၈ ရက်နေ့ ည ၁၀ နာရီခွဲ ဝန်းကျင်တွင် လက်နက်ကြီးကျရောက် ပေါက်ကွဲခြင်းကြောင်း အသက် ၂၅ နှစ်အရွယ် လျှပ်စစ်ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဇော်ဒိန်သည် လက်နှင့် ခြေထောက်တွင် ဒဏ်ရာရရှိပြီးဖားကန့်မြို့နယ် ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ရာက်ရှိနေကြောင်းဒဏ်ရာရရှိသူအား လိုက်ပါပို့ဆောင်ပေးနေသူ တို့က The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

ယနေ့ (ဇန်နဝါရီ ၁၉ ရက်)နံနက် ၄ နာရီဝန်းကျင်တွင် ဖားကန့်မြို့နယ်ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းကို ကေအိုင်အေ ရှေ့တန်းတပ်များက လာရောက် တိုက်ခိုက်ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များက နံနက် ၇ နာရီကျော်ထိခုခံ တိုက်ခိုက်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လူမှုကွန်ယက် အင်တာနက် စာမျက်နှာဖြစ်သော ရဲဇာနည် တွင် ဖော်ပြထားသည်။
 The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis