menu

Thursday 25 October 2012

မူလတန်းကျောင်းအုပ်က ကျောင်းသားမိဘကို တရားစွဲ

Photo: မူလတန်းကျောင်းအုပ်က ကျောင်းသားမိဘကို တရားစွဲ

24 OCTOBER 2012 

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကွင်းချောင်း ကျေးရွာ မူလတန်း ကျောင်းအုပ်ဆရာမ က စတုတ္ထတန်း ကျောင်းသူ၏ မိခင်ဖြစ်သူကို တရားစွဲဆို ထားကြောင်း စတုတ္ထတန်း ကျောင်းသူ ၏ မိခင်ဖြစ်သူ ဒေါ်ညွန့်သိန်းထံမှ သိရှိရသည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ် သက်၍ ကျောင်းသူ၏ ဖခင်ဖြစ်သူ ဦးစန်းအေးနှင့် ဆက်သွယ်၍ မေးမြန်း ရာ "ကျောင်းမှာလုပ် အားပေးခေါ်လို့ နာရီဝက် နောက်ကျပြီးမှ သွားလိုက်တယ်၊ လမ်းမှာသမီးနဲ့ တွေ့တော့ ငိုပြီး ဆရာမက စာမသင် တော့ဘူး၊ ကျောင်းထုတ်လိုက်ပြီ လို့ပြောတယ်၊ ကျွန်တော်ကျောင်း ရောက်တော့ ကျောင်းသောက်ရေကန် အဖုံးပြုပြင် ပေးရတယ်၊ အဲဒီ အချိန်မှာ ကလေးအမေက ကျောင်းရှေ့မှာ ဆရာမကို လာပြော တာ ပေါ့" ဟု ပြောသည်။
စတုတ္ထတန်းကျောင်းသူ၏ မိခင်ဖြစ်သူ ဒေါ်ညွန့်သိန်းက သမီးဖြစ်သူ ငိုလာသည်ကိုတွေ့၍ မေးကြည့်ရာ ဆရာမက ကျောင်းထုတ်လိုက် ကြောင်း သိရသဖြင့် ဆရာမထံသွားရောက် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မူလတန်း ကျောင်းအုပ်ဆရာမက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျုံမငေးရဲစခန်းသို့ သွားရောက်အမှုဖွင့်ခဲ့သော ကြောင့် ရဲစခန်းအာမခံဖြင့် ပြန်လာခဲ့ရကြောင်း ၄င်းကပြောသည်။ အောက်တိုဘာ ၂ရက်နေ့ ဝါးခယ်မမြို့နယ် ပညာရေးမှူးရုံးတွင် သွားရောက်ညှိနှိုင်းရာ ပြေလည်မှုရရှိခဲ့ပြီးနောက် ကျောင်းအုပ်ဆရာမက တရားရုံးတွင် အမှုသွားရောက်ဖွင့်လှစ်ခဲ့သော ကြောင့် နောက်တစ်ကြိမ် တရားရုံး အာမခံယူခဲ့ရ ကြောင်း ၄င်းကပြောသည်။
ဝါးခယ်မတရားရုံးမှ အောက်တိုဘာ ၈ရက်နေ့ ရုံးချိန်းတွင် မိမိတို့ဘက်မှ ရှေ့နေမငှားရသေးသော ကြောင့် ရုံးချိန်း အောက်တိုဘာ ၁၆ရက်နေ့ ပြန် ချိန်းဆိုခဲ့ရကြောင်း ၄င်းကပြောသည်။ အမှုဖွင့်တရားစွဲဆိုထားသည့် ကွင်းချောင်း ကျောင်းအုပ်ဆရာမနှင့် ဆက်သွယ်ရာဆရာမ၏ ရှေ့နေနှင့်သာ ဆက်သွယ်မေးမြန်းပါ ဟုကျောင်းအုပ်ဆရာမနှင့် နီးစပ်သူ အမျိုးသားတစ်ဦးကဆိုသည်။ ရှေ့နေဦးမြတ်ကိုနှင့် လူထုပုံရိပ်မှ ဆက်သွယ် မေးမြန်းရာ "ကျောင်းမှာ အစည်းအဝေးရှိလို့ မိဘတွေကို ပြန်ခေါ်ခိုင်းတာ၊ ကျောင်းထုတ်လိုက်တာ မဟုတ်ပါဘူး၊ လုပ်အားပေးခေါ်တာလဲမဟုတ်ပါ ဘူး၊ ကလေးအမေက ဆရာမကို ကျောင်းချိန် ကျောင်းဝင်းအတွင်း ကြမ်းကြမ်းတမ်းတမ်းလာ ပြောလို့ ကျောင်းကော်မတီအဖွဲ့နဲ့ ရပ်ကွက်အုပ် ချုပ်ရေးမှူးကိုတိုင်တယ်၊ စက်တင်ဘာ ၂၁ရက် နေ့ကျတော့ကျုံမငေးရဲစခန်းမှာ အမှုသွားဖွင့်တယ်၊ အောက်တိုဘာ ၂ရက်နေ့ ပညာရေးမှူးရုံးမှာ ဆွေးနွေးတာဟုတ်ပါတယ်၊ မပြေလည်လို့ ရဲက တရားစွဲတင်တာပါ၊ ပြစ်မှုကြီးအမှုအမှတ်တော့ မသိသေးဘူး ပုဒ်မ၄၄၇/ ၃၅၃နဲ့အမှုဖွင့်တာပါ" ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျုံမငေးရဲစခန်း သို့လူထုပုံရိပ်မှဆက်သွယ်မေးမြန်းရာ စက်တင်ဘာ ၂၁ ရက်နေ့၌ (ပ)၄၆/၂၀၁၂ပုဒ်မ ၃၅၃/၅၀ဝ ဖြင့် ဝတ္တရားနှောင့်ယှက်မှု၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကျုံမငေးရဲစခန်း မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဝါးခယ်မမြို့နယ် ပညာရေးမှူးနှင့် အောက်တိုဘာ ၁၅ရက်နေ့က ဆက်သွယ်မေး မြန်းရာ မြို့နယ်ပညာရေးမှူးမှာ ခွင့်ယူ ထားကြောင်း၊ ၄င်းတို့အနေဖြင့် ပြောပိုင် ခွင့်မရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

တင်မောင်ထွေး

အေးချမ်းမွန်မှ THE PUBLIC IMAGE တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :THE PUBLIC IMAGE
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကွင်းချောင်း ကျေးရွာ မူလတန်း ကျောင်းအုပ်ဆရာမ က စတုတ္ထတန်း ကျောင်းသူ၏ မိခင်ဖြစ်သူကို တရားစွဲဆို ထားကြောင်း စတုတ္ထတန်း ကျောင်းသူ ၏ မိခင်ဖြစ်သူ
ဒေါ်ညွန့်သိန်းထံမှ သိရှိရသည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ် သက်၍ ကျောင်းသူ၏ ဖခင်ဖြစ်သူ ဦးစန်းအေးနှင့် ဆက်သွယ်၍ မေးမြန်း ရာ "ကျောင်းမှာလုပ် အားပေးခေါ်လို့ နာရီဝက် နောက်ကျပြီးမှ သွားလိုက်တယ်၊ လမ်းမှာသမီးနဲ့ တွေ့တော့ ငိုပြီး ဆရာမက စာမသင် တော့ဘူး၊ ကျောင်းထုတ်လိုက်ပြီ လို့ပြောတယ်၊ ကျွန်တော်ကျောင်း ရောက်တော့ ကျောင်းသောက်ရေကန် အဖုံးပြုပြင် ပေးရတယ်၊ အဲဒီ အချိန်မှာ ကလေးအမေက ကျောင်းရှေ့မှာ ဆရာမကို လာပြော တာ ပေါ့" ဟု ပြောသည်။
စတုတ္ထတန်းကျောင်းသူ၏ မိခင်ဖြစ်သူ ဒေါ်ညွန့်သိန်းက သမီးဖြစ်သူ ငိုလာသည်ကိုတွေ့၍ မေးကြည့်ရာ ဆရာမက ကျောင်းထုတ်လိုက် ကြောင်း သိရသဖြင့် ဆရာမထံသွားရောက် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မူလတန်း ကျောင်းအုပ်ဆရာမက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျုံမငေးရဲစခန်းသို့ သွားရောက်အမှုဖွင့်ခဲ့သော ကြောင့် ရဲစခန်းအာမခံဖြင့် ပြန်လာခဲ့ရကြောင်း ၄င်းကပြောသည်။ အောက်တိုဘာ ၂ရက်နေ့ ဝါးခယ်မမြို့နယ် ပညာရေးမှူးရုံးတွင် သွားရောက်ညှိနှိုင်းရာ ပြေလည်မှုရရှိခဲ့ပြီးနောက် ကျောင်းအုပ်ဆရာမက တရားရုံးတွင် အမှုသွားရောက်ဖွင့်လှစ်ခဲ့သော ကြောင့် နောက်တစ်ကြိမ် တရားရုံး အာမခံယူခဲ့ရ ကြောင်း ၄င်းကပြောသည်။
ဝါးခယ်မတရားရုံးမှ အောက်တိုဘာ ၈ရက်နေ့ ရုံးချိန်းတွင် မိမိတို့ဘက်မှ ရှေ့နေမငှားရသေးသော ကြောင့် ရုံးချိန်း အောက်တိုဘာ ၁၆ရက်နေ့ ပြန် ချိန်းဆိုခဲ့ရကြောင်း ၄င်းကပြောသည်။ အမှုဖွင့်တရားစွဲဆိုထားသည့် ကွင်းချောင်း ကျောင်းအုပ်ဆရာမနှင့် ဆက်သွယ်ရာဆရာမ၏ ရှေ့နေနှင့်သာ ဆက်သွယ်မေးမြန်းပါ ဟုကျောင်းအုပ်ဆရာမနှင့် နီးစပ်သူ အမျိုးသားတစ်ဦးကဆိုသည်။ ရှေ့နေဦးမြတ်ကိုနှင့် လူထုပုံရိပ်မှ ဆက်သွယ် မေးမြန်းရာ "ကျောင်းမှာ အစည်းအဝေးရှိလို့ မိဘတွေကို ပြန်ခေါ်ခိုင်းတာ၊ ကျောင်းထုတ်လိုက်တာ မဟုတ်ပါဘူး၊ လုပ်အားပေးခေါ်တာလဲမဟုတ်ပါ ဘူး၊ ကလေးအမေက ဆရာမကို ကျောင်းချိန် ကျောင်းဝင်းအတွင်း ကြမ်းကြမ်းတမ်းတမ်းလာ ပြောလို့ ကျောင်းကော်မတီအဖွဲ့နဲ့ ရပ်ကွက်အုပ် ချုပ်ရေးမှူးကိုတိုင်တယ်၊ စက်တင်ဘာ ၂၁ရက် နေ့ကျတော့ကျုံမငေးရဲစခန်းမှာ အမှုသွားဖွင့်တယ်၊ အောက်တိုဘာ ၂ရက်နေ့ ပညာရေးမှူးရုံးမှာ ဆွေးနွေးတာဟုတ်ပါတယ်၊ မပြေလည်လို့ ရဲက တရားစွဲတင်တာပါ၊ ပြစ်မှုကြီးအမှုအမှတ်တော့ မသိသေးဘူး ပုဒ်မ၄၄၇/ ၃၅၃နဲ့အမှုဖွင့်တာပါ" ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျုံမငေးရဲစခန်း သို့လူထုပုံရိပ်မှဆက်သွယ်မေးမြန်းရာ စက်တင်ဘာ ၂၁ ရက်နေ့၌ (ပ)၄၆/၂၀၁၂ပုဒ်မ ၃၅၃/၅၀ဝ ဖြင့် ဝတ္တရားနှောင့်ယှက်မှု၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကျုံမငေးရဲစခန်း မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဝါးခယ်မမြို့နယ် ပညာရေးမှူးနှင့် အောက်တိုဘာ ၁၅ရက်နေ့က ဆက်သွယ်မေး မြန်းရာ မြို့နယ်ပညာရေးမှူးမှာ ခွင့်ယူ ထားကြောင်း၊ ၄င်းတို့အနေဖြင့် ပြောပိုင် ခွင့်မရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

တင်မောင်ထွေး

THE PUBLIC IMAGE

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis