menu

Thursday 25 October 2012

"နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံခြင်း"

Photo: 'ပြည်ပက မီဒီယာတွေကိုတော့ တွေ့တယ်၊ ပြည်တွင်းကို မတွေ့ဘူးဆိုပြီး ခင်ဗျားတို့က မေတ္တာပို့မှာလည်း ကြောက်ရသေးတယ်ဗျ'

"နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံခြင်း"

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် သမိုင်းဝင် မီဒီယာတွေ့ဆုံမှု အဖြစ် ပြည်တွင်း မီဒီယာများနှင့် အောက်တိုဘာလ ၂၁ ရက်က သမ္မတ အိမ်တော် သံတမန်ဆောင်၌ ၂ နာရီကြာ တွေ့ဆုံခဲ့သည်။ နိုင်ငံ့ အကြီးအကဲ တစ်ယောက် အနေဖြင့် နှစ်ပေါင်း
၃ဝ ကျော်နီးပါး ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံမှု မရှိခဲ့ခြင်းကို ချိုးဖျက်ခဲ့ပြီး ယခု လို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံရာတွင် ယခင် အစိုးရ ဝန်ကြီးအချို့ ပြည်တွင်းမီဒီယာများ အား တွေ့ဆုံမှုမျိုးနှင့် ခြားနားစွာ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ မေးမြန်းလို သည့်မေးခွန်း များနှင့် ပတ်သက်၍ လည်း ကြိုတင် တင်ပြထားစရာ မလိုဘဲ လွတ်လပ်စွာပင်(တက်ရောက် ကြသည့် မီဒီယာ များပြားမှုကြောင့် မီဒီယာ တစ်ခုလျှင် အများဆုံး မေး ခွန်းနှစ်ခုသာ)မေးမြန်းခွင့်ရခဲ့သည်။
မည်သို့ပင်ဖြစ်စေ မီဒီယာများ အနေဖြင့်လည်း ပထမဦးဆုံး အဖြစ် နိုင်ငံတော်အကြီးအကဲမှ အရေးတယူ တွေ့ဆုံမှုအပေါ် အနည်းနှင့် အများ ကျေနပ်မှု ရှိခဲ့ကြသလို သိသာမြင်သာ သော ပြောင်းလဲမှုတစ်ခုကို ကိုယ် တွေ့ကြုံရခြင်းဟု ဆိုရမည်ဖြစ်သည်။ သို့ရာတွင် မေးခွန်းများနှင့် ပတ်သက်၍ ဖြေကြားမှု အချို့သည် မျှော်မှန်းထား သလောက် စိတ်ကျေနပ် မှု မရရှိခဲ့ပေ။ သို့သော်လည်း ယခင်ကာလများ၊ ယခင် အခြေအနေ များနှင့် နှိုင်းစာ လျှင် သမ္မတသည် ပြည်သူအတွက် အတွင်းစိတ် ရိုးသားသူ တစ်ယောက် ဟု သုံးသပ်ရမည်ဖြစ်သည်။
၎င်းကိုယ်တိုင်လည်း အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် အပြု သဘောဆောင်သည့် အခြေအနေမျိုး ဖြင့် ပြည်သူကို သိစေချင်ပုံရသည်ဟု ဆိုရမည်ဖြစ်၏။ ယင်းကြောင့်ပင် ခုနစ်ယောက်မြောက်ဖြစ် သည့် ပြည် မြန်မာဂျာနယ် သတင်းထောက်၏ မေးမြန်းမှုအပြီးတွင် သတင်းထောက် များအနေဖြင့် အပြုသဘောဆောင် သည့် မေးမြန်းမှုမျိုး ကို မေးမြန်းစေ လိုကြောင်းဖြင့် ၄င်းက ပြောကြားခဲ့ သည်။
နိုင်ငံတော် သမ္မတက အမေရိ ကန်ခရီးစဉ်အတွင်း ဘီဘီစီနှင့် အင် တာဗျူး အား တွေ့ကြုံခဲ့ပြီးနောက်ပိုင်း မီဒီယာနှင့် တွေ့ဆုံရန် ကြောက်ရွံ့မှု မဖြစ်တော့သဖြင့် ယခုကဲ့သို့ ပြည် တွင်း အခြေစိုက် မီဒီယာများနှင့် တွေ့ ဆုံရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ၄င်း၏ ထုတ်ဖော်ပြောကြားချက် အရ သိရ သည်။ ထို့ပြင် အချက် ၃ ချက်ပေါ် အခြေခံပြီး တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အစကနဦးတွင် နိုင်ငံတော် သမ္မတ က ၅ မိနစ်ခန့် နှုတ်ခွန်း ဆက် စကားပြောကြားခဲ့ပြီး ပြည်တွင်း အခြေစိုက် မီဒီယာများ အား မေးခွန်း မေးမြန်းခွင့်ပြုခဲ့သည်။ မေးခွန်းများ နှင့်ပတ်သက်၍ တွေ့ဆုံပွဲမစတင်မီ အောက်တိုဘာလ ၂ဝ ရက်က ကြို တင်ပေးပို့ ရမည်ဟု သတင်းများ ထွက် ပေါ်လာခဲ့သော်ငြား နိုင်ငံတော်သမ္မတ က ကြိုတင်ပေးပို့စရာမလိုဘဲ လွတ် လပ်စွာ မေးမြန်းခွင့်ပြုကြောင်း ခွင့် ပြုသဖြင့် မေးခွန်းများ ကြိုတင်ပေး ပို့ရန်မလိုဘဲ စိတ်ကြိုက်မေးမြန်းခွင့် ရခဲ့သည်။ ကြိုတင်ပေးပို့ ရမည်ဟု သတင်းထွက်ပေါ်မှုကြောင့် ကြိုတင် ပေးပို့ဖြစ်ခဲ့သည့် မီဒီယာ များ လည်း ရှိခဲ့သည်။
ထူးခြားသည်ဟု ဆိုရမည်မှာ စစ်သားတစ်ယောက်၊ စစ်အစိုးရ အုပ်ချုပ် မှုအောက် ရင့်သန်ခဲ့သူတစ် ယောက် ပြည်သူနဲ့ ထိတွေ့မှု နည်း နေသေး သူတစ်ယောက်မို့ စိမ်းနေ မည်ဟု ထင်မှတ်ထားသော်လည်း တကယ်တမ်း တွင် ထင်မှတ်ထားမှုနှင့် ကွဲလွဲစွာ ဖိအားတစ်စုံတစ်ရာ ရှိပုံ မဟုတ် ဘဲ ပေါ့ပါးစွာပင် မီဒီယာများ ကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
၎င်းကပင် ”ပြည်ပက မီဒီယာ တွေ ကိုတော့ တွေ့တယ်။ ပြည်တွင်း ကို မတွေ့ဘူးဆိုပြီး ခင်ဗျားတို့က မေတ္တာပို့မှာလည်း ကြောက်ရသေး တယ်ဗျ” ဟု သတင်းသမားတွေကို ရယ်ပွဲဖွဲ့ပြောကြားခဲ့သည်။
မေးခွန်းများနှင့် ပတ်သက်၍ အချို့မေးခွန်း များအပေါ် ပါးနပ် စွာ ဖြေကြား သွားသည်ဟု ဆိုရပေမည်။ အထူးသဖြင့် အခြေခံ ဥပဒေပြင် ဆင် ရေးကိစ္စ၊ တပ်မတော် အခန်းကဏ္ဍ၊ စီမံကိန်းများ ပွင့်လင်းမြင်သာမှု ကိစ္စ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ စသည့်မေးမြန်း ချက်များအပေါ် တိကျသည့် ဖြေ ကြားမှုထက် ယေဘုယျဆန် သည့် ဖြေကြားမှုမျိုးကိုသာ ဖြေကြားခဲ့ သည်ဟု ဆိုရမည်ဖြစ်သည်။
လယ်ယာမြေ သိမ်းဆည်းမှုများ နှင့်ပတ်သက်၍ ၄င်းသည် သိမ်း ဆည်းသူနှင့်သိမ်းဆည်းခံရသူ နှစ်ဦး နှစ်ဖက် ညှိနှိုင်းပြေလည်သွားလျှင်ဖြင့် လည်းကောင်း သို့မဟုတ်ပါက တရား ရုံးနှင့်သာ ဖြေရှင်းဆောင်ရွက်ရန် လို အပ်ကြောင်း၊ တရားလို၊ တရားပြိုင်၊ တရားရုံး ယင်းသုံးခုသာ လိုအပ် ကြောင်းဖြင့် ဖြေကြားခဲ့သည်။
အခြေခံ ဥပဒေပြင်ဆင်မှုနှင့် ပတ်သက်၍ ဖြေကြားမှုသည်လည်း ထိုနည်း အတိုင်းပင်ဟု ဆိုရမည်ဖြစ် သည်။ သို့ရာတွင် ပြည်သူများ အနေ ဖြင့် နောက်ကြောင်းပြန်လှည့်ရန် လို လားမှုမရှိသဖြင့် အစိုးရအနေဖြင့် လည်း နောက်ကြောင်းပြန်မ လှည့်ဘဲ ရှေ့သို့သာ သွားမည် ဟု ဖြေကြားမှု မျိုး ကတော့ နောက်ကြောင်းပြန်လှည့်နိုင် ခြေ အချက် ၅ ချက်ဖြင့် ကိုက်ညီမှု ရှိနေဆဲဖြစ်သည့်အပေါ် စိုးရိမ်နေ သည့် ပြည်သူများ အတွက် အမှန် တကယ် သာဆိုလျှင် ကျေနပ်လောက် စရာ အဖြေမျိုးဖြစ်သည်။
တပ်မတော်၏ အခန်းကဏ္ဍအပေါ် ဒီမိုကရေစီရှင်သန်လာ သည် နှင့် အမျှ တပ်မတော်၏ အခန်းကဏ္ဍ ကို လျှော့ချသွားနိုင်မည်ဟု ဆို သည်။ လက်ရှိ ၌ တပ်မတော်၏ အခန်း ကဏ္ဍကို ပစ်ပယ်ထား၍ မရ ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကနေ ပြန်ကြည့်လျှင် ဗိုလ် ချုပ်အောင်ဆန်း တို့ကအစ ယနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ နိုင်ငံရေး ဦးဆောင်မှု အပိုင်းကဏ္ဍတွင် တပ်မ တော်အား ပါဝင်ခွင့်ပေးထားကြောင်း၊ မျက်နှာဖုံး ကြီးဖြင့် လွှတ်တော်ထဲ၌ ဝင်ထိုင်နေကြသည် ဟု မြင်ကြ မည် ဖြစ်ကြောင်း၊ လွှတ်တော်အနေဖြင့် နိုင်ငံ၏ကိစ္စအား အစိတ်အပိုင်းတစ်ခု အနေဖြင့် ကူညီပြီး ဆောင်ရွက်ပေး သည့်သဘောဖြစ်ကြောင်းဖြင့် ၄င်းက တပ်မတော် အခန်းကဏ္ဍနှင့် သက် ဆိုင်သည့် မေးမြန်းမှုအပေါ် ဖြေကြား ခဲ့သည်။
သတင်းစာ ရှင်းလင်းပွဲနှင့် ပတ် သက်၍ ထုံးစံလိုဖြစ်နေသည့် ကိစ္စ တစ်ခုကတော့ အစီအစဉ်ကျနမှု မရှိခြင်းနှင့် သတ်မှတ်မှု ဖရို ဖရဲဖြစ် နေခြင်း ပင်ဖြစ်သည်။ တက်ရောက်မှု စာရင်းပေးရာတွင် ကြန့်ကြာခြင်း၊ အတူ ပါလာ သည့် ပစ္စည်းများနှင့် ပတ် သက် ၍ ယူဆောင်ခွင့် မ ယူဆောင် ခွင့် တိကျသေချာ မရှိခြင်း၊ မိုက်ခရိုဖုန်း စနစ်တကျစီစဉ်ထားမှု အားနည်းခြင်း၊ ဗီဒီယိုမှတ်တမ်းယူရန်၊ ဓာတ်ပုံမှတ် တမ်းယူရန် ကန့်သတ်နေရာထားမှု အားနည်းခြင်း စသည့် အားနည်းချက် များကတော့ ရှိမြဲရှိတုန်းပင်ဖြစ်ပေ မယ့် သမ္မတအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိ သူများ၏ လှိုက်လှဲမှုကတော့ ယခင်နှင့် မတူ အားသာချက်အဖြစ် တွေ့မြင်ရခြင်းဖြစ်သည်။ နှစ်ဦးနှစ် ဖက်လုံး အတွက် ပထမဦးဆုံးမို့ ထို အားနည်းချက် အားသာ ချက်များ သည် ပြောပလောက်သည့် ကိစ္စမျိုး တော့ မဟုတ်ဟု ဆိုရမည်ဖြစ်၏။
သက်ဆိုင်ရာ တာဝန်ရှိသူများ ကလည်း အတတ်နိုင်ဆုံး အကောင်း ဆုံးဖြစ်ရန် ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရသည်။ အနည်းငယ် စိတ်က သိကအောက် ဖြစ်ရသည်က မေးခွန်း မေးမြန်းသည့်အခါ မိုက်ခရို ဖုန်း အဆင် မပြေမှုကြောင့် ကြည်လင်ပြတ် သားမှုမရှိသဖြင့် အသံကောင်းစွာ မကြားရခြင်း ဖြစ်သည်။
အစီအစဉ်အတိုင်းပင် သတင်း စာရှင်းလင်းပွဲကို နှစ်နာရီကြာကျင်းပ ခဲ့ရာ မေးခွန်း ၃၄ ခု မေးမြန်းချိန်ရ ခဲ့ပြီး အပြောင်းအလဲ၊ OIC၊ အဂတိ လိုက်စားမှု၊ ပွင့်လင်းမြင်သာမှု၊ ပညာ ရေး၊ တန်ဖိုးနည်းဖုန်းနှင့် သက်ဆိုင် သည့် ဖြေကြားချက်များတွင် အမှန် တကယ် ပြုပြင်ပြောင်းလဲမှုကို လို လား ဟန်ရှိကြောင်းတွေ့ရကာ အများ နှင့်တစ်ယောက်ကြားမို့ ဆင်ခြင်တိုင်း ထွာ လုပ်ဆောင်နေရဟန်မျိုး တွေ့ရ သည်ဟု ဆိုရမည်ဖြစ်၏။ ပြည်သူ များ အနေဖြင့် လက်ရှိဘဝထက် ပိုမို ကောင်းမွန်သည့် အခြေအနေတစ်ရပ် ကို မျှော်လင့်ထားကြသော်လည်း ယင်းသည် လက်ငင်းချက်ခြင်း မဖြစ် နိုင်သေးဟု ဖြေကြားချက်မျိုးသည် ယေဘုယျဆန်ပြီး တိကျသည့် ကတိ ကဝတ်ပေးဆောင်မှုမျိုး မပါရှိသည့် အပေါ် ဝေဖန်မှုအနည်းငယ် ရှိခဲ့သည် ကို တွေ့ရသည်။
ပညာရေး နောက်ကျကျန်မှု အပေါ် ယခင်သက်ဆိုင်ရာ တာဝန် ရှိသူ များ မီဒီယာနှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြသကဲ့သို့ မဟုတ်ဘဲ နောက်ကျ ကျန်နေကြောင်း ရဲရဲရင့်ရင့် ပြောကြားမှုမျိုးကိုတော့ ကြိုဆိုရမည် ဖြစ်၏။ ထိုကဲ့သို့ ပညာရေး၊ ကျန်းမာ ရေး နောက်ကျကျန်၊ နိမ့်ကျမှုများ အတွက် မြှင့်တင်နိုင်ရန် ပြည်ပနိုင်ငံ များသို့ ရောက်ရှိသည့် ကာလများ၌ အကူ အညီတောင်းခံမှုများ ပြုလုပ်ခဲ့ ကြောင်း၊ ကူညီမှုမျိုး တွင် ချေးငွေ ထက် ဂရန့်ငွေကြေးမျိုး ပိုမိုလိုလား သည်ဟု ဆိုခဲ့ကြောင်းဖြင့် ပြော ကြားခဲ့သည်။ လက်ရှိတွင် နိုင်ငံ၏ ဘတ်ဂျက်သည် လိုငွေဖြင့် သုံးစွဲနေ ရခြင်းဖြစ်ပြီး တန်ဖိုးနည်းဖုန်းများ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ တိုး မြှင့်နိုင်ရေးအတွက် ဆောင်ရွက်ရာ တွင် ခက်ခဲမှု ရှိနေခြင်းဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောကြားခဲ့သည်။
”ကျွန်တော်ရဲ့ ဆန္ဒပြောရရင် တန်ဖိုးနည်းတင် မဟုတ်ဘူး၊ အလ ကား ကို ကျွန်တော်တို့ သုံးစေချင်ပါ တယ်။ သို့သော်လည်း ဒီ အလကား ပေးနိုင် တဲ့ အဆင့်က ကျွန်တော်တို့ မရောက်သေးဘူး” ဟု လက်ရှိ ဘဏ္ဍာ ငွေ အခြေ အနေကြောင့် မဖြစ်နိုင်သည့် ကိစ္စရပ် အချို့အပေါ် သမ္မတ က ပြော ကြား ခဲ့သည်။ ပညာရေးနှင့်ပတ်သက် ပြီး အကြောင်း အမျိုး မျိုးကြောင့် မြန် မာနိုင် ငံ ရှိ တက္ကသိုလ် သုံးခု ပိတ်ထား ရခြင်း ကို ပြောကြားခဲ့သည်။ ထို တက္ကသိုလ် အချို့တွင် ပြည်ပမှ တက္ကသိုလ်များ လာရောက်ပူးတွဲ ဖွင့်လှစ်နိုင် ရန် စီစဉ်ထားကြောင်း ဖြင့်လည်း သတင်းစကား ပြောကြား ခဲ့သည်။ ကချင်ပြည်နယ်နှင့် ပတ် သက်ပြီး မိမိကိုယ်တိုင် ငြိမ်းချမ်းရေး ရစေ ချင်ကြောင်း ပြောကြားခဲ့ခြင်းနှင့် မြန်မာနိုင်ငံ အပေါ် အမေရိကန်သော် လည်းကောင်း၊ တရုတ်သော်လည်း ကောင်း လွှမ်းမိုးမှုမျိုး ကိုလက်ခံသွား မည်မဟုတ် ဟု ပြောကြားခဲ့ သလို မြန်မာနိုင်ငံအား မည့်သည့်နိုင်ငံက မှ ဆေးဖော်ကြောဖက် မလုပ်သည့် အချိန်၌ တရုတ်နိုင်ငံမှ အကူအညီ များ ပေးခဲ့ခြင်း အတွက် ကျေးဇူး သိ တတ် သည့် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု အရ ကျေးဇူး သိတတ်ရ မည်ဖြစ် ကြောင်းကို လည်း ပြောကြား ခဲ့သည်။ သဘာဝ သယံဇာတများနှင့် ပတ် သက်၍ သားစဉ်မြေးဆက် ထိ ထုတ် ယူသုံးစွဲနိုင် ရန် လိုအပ်သည် ဟု ၄င်း၏ မိန့်ခွန်း အချို့ တွင် ပြောကြား ခဲ့မှုအ တိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းဖြေကြား ခဲ့သည် ကို တွေ့ရ သည်။
မည်သို့ပင်ဖြစ်စေ ယခင်အခြေ အနေများနှင့် နှိုင်းယှဉ်လျှင် လွတ် လပ်စွာတွေ့ဆုံခွင့်ရခြင်း၊ လွတ်လပ် စွာ မေးမြန်း ခွင့်ရှိခြင်း သည် ကပင် ကျေနပ် စရာဟု ဆိုရမည်ဖြစ်သည်။ ထို့ပြင် မည်သည့် နိုင်ငံ အကြီး အကဲမျှ ဆောင်ရွက်ဖူးခြင်းမရှိသည့် မီဒီယာ များနှင့်အတူ မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးမှု သည်လည်း သမိုင်းမှတ်တမ်းတစ်ခုဖြစ်လာမည်ဖြစ်သည်။ တစ်ခုပဲ ရှိသည်။ ဤနေရာ၊ ဤအခြေအနေ၊ ဤဖြစ်ရပ်မျိုး ဤတွင် နိဋ္ဌိတံသွား မည်ကို စိုးရိမ် မိခြင်းဖြစ်သည်။ နောင် အခွင့်အခါ သင့်တိုင်း မီဒီ ယာနှင့် နိုင်ငံတော် သမ္မတသာမက သက်ဆိုင် ရာဝန်ကြီးဌာန ဝန်ကြီးများ၊ အစိုးရ အဖွဲ့တာဝန် ရှိသူများ၊ တပ်မတော် တာဝန်ရှိသူများ တွေ့ဆုံကာ လွတ် လပ် ပွင့်လင်းသည့် သတင်းစာရှင်း လင်းပွဲများ ကို ပြုလုပ်ပေးနိုင် မည်ဆို လျှင်ဖြင့် အတိုင်းထက် အလွန် တံခွန် နှင့်ကုက္ကားဟုသာ ဆိုချင် မိပါသည်။

ဥာဏ်လင်းအောင်

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal
'ပြည်ပက မီဒီယာတွေကိုတော့ တွေ့တယ်၊ ပြည်တွင်းကို မတွေ့ဘူးဆိုပြီး ခင်ဗျားတို့က မေတ္တာပို့မှာလည်း ကြောက်ရသေးတယ်ဗျ'

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် သမိုင်းဝင် မီဒီယာတွေ့ဆုံမှု
အဖြစ် ပြည်တွင်း မီဒီယာများနှင့် အောက်တိုဘာလ ၂၁ ရက်က သမ္မတ အိမ်တော် သံတမန်ဆောင်၌ ၂ နာရီကြာ တွေ့ဆုံခဲ့သည်။ နိုင်ငံ့ အကြီးအကဲ တစ်ယောက် အနေဖြင့် နှစ်ပေါင်း

Popular Myanmar News Journal 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis