menu

Thursday 25 October 2012

ဘုရင်ဟောင်း သီဟာနု၏ ရုပ်ပုံ ဖျက်ဆီးခဲ့သည့် တရုတ် အမျိုး သမီးအား ပြည်နှင် ဒဏ်ပေး

Photo: ဘုရင်ဟောင်း သီဟာနု၏ ရုပ်ပုံ ဖျက်ဆီးခဲ့သည့် တရုတ် အမျိုး သမီးအား ပြည်နှင် ဒဏ်ပေး

မကြာ သေးမီက ကွယ်လွန်ခဲ့သော ကမ္ဘောဒီးယား ဘုရင်၏ ခမည်းတော် ဘုရင်ဟောင်း နိုရိုဒွန် သီဟာနု၏ ရုပ်ပုံအား ဆုတ်ဖြဲ ခဲ့ခြင်းကြောင့် အလုပ်သမား များအကြား ပဋိပက္ခ ဖြစ်ပွား လုနီးပါး ဖြစ်ပေါ်စေ ခဲ့သည့် တရုတ် နိုင်ငံသား စက်ရုံ မန်နေဂျာ အမျိုးသမီး တစ်ဦးအား ကမ္ဘော ဒီးယား တရားရုံးက အောက်တိုဘာ၂၃ ရက်က ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း သိရ သည်။
ဝမ်ကျီ အာချာအို အမည်ရှိ အသက် ၄၃ နှစ်အရွယ် အဆိုပါ အမျိုး သမီးကို ဘုရင်ဟောင်း၏ ဓာတ်ပုံအား ဆုတ်ဖြဲမှု အတွက် တစ်နှစ် ဆိုင်းငံ့ ထောင်ဒဏ် ချမှတ်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၅ဝဝနှင့် ညီမျှသည့် ဒဏ်ငွေ ပေးဆောင်ရန် တရားရုံးက ချမှတ်ခဲ့ကြောင်း ဖနောင်ပင် ခရိုင် တရားရုံးမှ တရားသူကြီး ဆောင်နီအမ်က ပြောကြားသည်။
မိမိ အနေဖြင့် အောက်တိုဘာ ၂၃ ရက်က ကမ္ဘောဒီးယား ဘုရင်ဟောင်း၏ ဓာတ်ပုံ နှစ်ပုံကို ဖျက်ဆီး ခဲ့သည့်အတွက်Top World အထည်ချုပ် စက်ရုံ အတွင်းရှိ အလုပ် သမားများ ပဋိပက္ခ ဖြစ်ပွားလု နီးပါး ဖြစ်ခဲ့၍ နောင်တ ရမိကြောင်းနှင့် အဆိုပါ ဓာတ်ပုံ နှစ်ပုံသည် ဘုရင် မင်းမြတ်၏ ခမည်းတော် ဘုရင်ဟောင်း၏ ဓာတ်ပုံ ဖြစ်သည်ကို သတိမထား မိခဲ့ကြောင်း ဝမ်က တရားရုံးသို့ ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါ ဓာတ်ပုံများသည် ဘုရင်ဟောင်း၏ ဓာတ်ပုံဟု သိရှိ ခဲ့ပါက ယခုကဲ့သို့ ပြုလုပ်မည် မဟုတ်ကြောင်းနှင့် အမှား အတွက် အလွန်ပင် ဝမ်းနည်း ကြောင်းနှင့် တောင်းပန်ကြောင်း ဝမ်က ပြောကြားခဲ့ သည်ဟု သိရသည်။

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : မြ၀တီ
မကြာ သေးမီက ကွယ်လွန်ခဲ့သော ကမ္ဘောဒီးယား ဘုရင်၏ ခမည်းတော် ဘုရင်ဟောင်း နိုရိုဒွန် သီဟာနု၏ ရုပ်ပုံအား ဆုတ်ဖြဲ ခဲ့ခြင်းကြောင့် အလုပ်သမား များအကြား ပဋိပက္ခ ဖြစ်ပွား လ
ုနီးပါး ဖြစ်ပေါ်စေ ခဲ့သည့် တရုတ် နိုင်ငံသား စက်ရုံ မန်နေဂျာ အမျိုးသမီး တစ်ဦးအား ကမ္ဘော ဒီးယား တရားရုံးက အောက်တိုဘာ၂၃ ရက်က ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း သိရ သည်။
ဝမ်ကျီ အာချာအို အမည်ရှိ အသက် ၄၃ နှစ်အရွယ် အဆိုပါ အမျိုး သမီးကို ဘုရင်ဟောင်း၏ ဓာတ်ပုံအား ဆုတ်ဖြဲမှု အတွက် တစ်နှစ် ဆိုင်းငံ့ ထောင်ဒဏ် ချမှတ်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၅ဝဝနှင့် ညီမျှသည့် ဒဏ်ငွေ ပေးဆောင်ရန် တရားရုံးက ချမှတ်ခဲ့ကြောင်း ဖနောင်ပင် ခရိုင် တရားရုံးမှ တရားသူကြီး ဆောင်နီအမ်က ပြောကြားသည်။
မိမိ အနေဖြင့် အောက်တိုဘာ ၂၃ ရက်က ကမ္ဘောဒီးယား ဘုရင်ဟောင်း၏ ဓာတ်ပုံ နှစ်ပုံကို ဖျက်ဆီး ခဲ့သည့်အတွက်Top World အထည်ချုပ် စက်ရုံ အတွင်းရှိ အလုပ် သမားများ ပဋိပက္ခ ဖြစ်ပွားလု နီးပါး ဖြစ်ခဲ့၍ နောင်တ ရမိကြောင်းနှင့် အဆိုပါ ဓာတ်ပုံ နှစ်ပုံသည် ဘုရင် မင်းမြတ်၏ ခမည်းတော် ဘုရင်ဟောင်း၏ ဓာတ်ပုံ ဖြစ်သည်ကို သတိမထား မိခဲ့ကြောင်း ဝမ်က တရားရုံးသို့ ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါ ဓာတ်ပုံများသည် ဘုရင်ဟောင်း၏ ဓာတ်ပုံဟု သိရှိ ခဲ့ပါက ယခုကဲ့သို့ ပြုလုပ်မည် မဟုတ်ကြောင်းနှင့် အမှား အတွက် အလွန်ပင် ဝမ်းနည်း ကြောင်းနှင့် တောင်းပန်ကြောင်း ဝမ်က ပြောကြားခဲ့ သည်ဟု သိရသည်။
  မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis