မင်းပြားမြို့၊ ကားဂိတ်အနီးရှိ ပိ
ုက်သည်ရပ်ကွက်တွင်
အောက်တိုဘာလ ၂၁ ရက်နေ့၊ ည ၁ဝ နာရီခွဲအချိန်က ရခိုင်နှင့်ဘင်္ဂါလီတို့နှစ်ဘက်
ဆူပူမှုတစ်ခုဖြစ်ပွား ခဲ့ရာ တဲအိမ် ၁၇ လုံးမီးလောင်ကျွမ်း သွားခဲ့ပြီး တဖန်
မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအနီး ဘင်္ဂလီများနေထိုင်သည့် သရက်အုပ်
ကျေးရွာတွင် အောက်တိုဘာလ ၂၂ ရက်နေ့၊ နံနက် ၇ နာရီခန့်က ရခိုင်နှင့်
ဘင်္ဂလီများ အပြန်အလှန် မီးရှို့ခဲ့ကြရာ တဲအိမ်အလုံး ၅ဝ
ခန့်မီးလောင်ကျွမ်းသွားခဲ့ပြီး အလားတူ ယင်းနေ့တွင်ပင် မြောက်ဦးမြို့နယ်
ပုရိန်ကုန်းကျေးရွာတွင် နှစ်ဘက်အပြန်အလှန်မီးရှို့မှုကြောင့်
တဲအိမ်စုစုပေါင်း ၁ဝဝ ခန့် နှင့် ဘုန်းတော်ကြီးကျောင်း ၁
ကျောင်းမီးလောင်ကျွမ်းသွားခဲ့ သည့်အပြင် မြောက်ဦးမြို့နယ် ယိုင်သည်
ကျေးရွာတွင်လည်း မီးရှို့မှုကြောင့် တဲအိမ် အလုံး ၅ဝ ခန့်နှင့် ဗလီ ၁
လုံးမီးလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။ မင်းပြားမြို့နယ်
အောင်ဒိုင်ကျေးရွာတွင်လည်း အောက်တိုဘာလ ၂၂ ရက်နေ့၊ ညနေပိုင်းတွင် တဲအိမ်
၂ဝဝ လုံးခန့်နှင့် စမ်းပလေကျေးရွာတွင် တဲအိမ် အလုံး ၁ဝဝ၊ ဗလီ ၁ လုံး၊
အာရဗီစာသင်ကျောင်း ၁ ကျောင်းတို့မီးလောင်ကျွမ်းပျက်စီးသွားခဲ့ရာ
နေအိမ်စုစုပေါင်း ၁ဝဝဝ ကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
မင်းပြားနှင့်မြောက်ဦး တို့တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ် များကြောင့်
သေဆုံးသူ ရခိုင်အမျိုးသား ၃ ဦးနှင့် ဘင်္ဂလီအမျိုး သမီး ၂ ဦးရှိခဲ့ပြီး
ဒဏ်ရာရရှိသူ နှစ်ဘက်ပေါင်း ၁၁ ဦးရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် ကျောက်ဖြူနှင့်မြေပုံမြို့တို့တွင်လည်း
အောက်တိုဘာလ ၂၃ ရက်နေ့က ရခိုင်နှင့် ဘင်္ဂလီ များအကြား ပဋိပက္ခ
များဖြစ်ပွားခဲ့ရာ ကျောက်ဖြူမြို့ တွင် ရခိုင် ၁ ဦးသေဆုံးပြီး တဲအိမ် ၅ဝ
ခန့် မီးလောင် ကျွမ်းခဲ့ကြောင်းနှင့် မြေပုံမြို့တွင်လည်း တဲအိမ်တစ်ချို့
မီးလောင်ကျွမ်းသွားခဲ့ကာ သေဆုံးသူ မရှိကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့တွင်လည်း ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်တို့တွင် နှစ်ဘက်အပြန်အလှန်ပဋိပက္ခဖြစ်စဉ် ကြောင့်
ကျောက်တော်မြို့နယ်၊ ပြည်တော်သာ ရပ်ကွက်မှ ရခိုင်အမျိုးသား ၂ ဦးနှင့်
သဝင်ကိုင်းကျေးရွာမှ ရခိုင်အမျိုးသား ၁ ဦးသေဆုံးကာ ကျောက်တော်မြို့ရှိ
ဘင်္ဂလီ များနေထိုင်သည့် ပိုက်သည်ရပ်ကွက်မှ တဲအိမ် ၇ လုံး မီးလောင်ကျွမ်းသွား
ခဲ့ကြောင်းသိရပြီး အခြေအနေအားလုံးအား တည်ငြိမ်အေးချမ်း အောင်ထိန်းထားနိုင်
လိုက်ပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရသေ့တောင်မြို့ နယ်၊ ညောင်ပင်ကြီး
ကျေးရွာ မှ ဒေသခံရခိုင် အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်း အောက်တိုဘာလ ၂၃
ရက်နေ့၊ မွန်းလွဲ ၁၂ နာရီအထိ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရ ရှိသောသတင်းများအရ သိရသည်။
အောက်တိုဘာလ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်အချိန် ပြည်နယ်အစိုးရ အဖွဲ့ရုံး မှရရှိသည့် သတင်း အရ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကြောင့် ဘင်္ဂလီ ၂ ဦးနှင့် ရခိုင် ၂ ဦးသေဆုံးခဲ့ပြီး ပိုက်သည်ရပ်ကွက်မှ တဲအိမ် ၈ လုံးနှင့် သွပ်မိုးအိမ် ၁ဝ လုံး မီးလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။
Yangon Media Group
ယင်းနောက် ကျောက်ဖြူနှင့်မြေပုံမြို့တို့တ
အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့တွင်လည်း ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်တို့တွင် နှစ်ဘက်အပြန်အလှန်ပဋိပက္ခဖြစ်စဉ်
အောက်တိုဘာလ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်အချိန် ပြည်နယ်အစိုးရ အဖွဲ့ရုံး မှရရှိသည့် သတင်း အရ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကြောင့် ဘင်္ဂလီ ၂ ဦးနှင့် ရခိုင် ၂ ဦးသေဆုံးခဲ့ပြီး ပိုက်သည်ရပ်ကွက်မှ တဲအိမ် ၈ လုံးနှင့် သွပ်မိုးအိမ် ၁ဝ လုံး မီးလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment