menu

Thursday 25 October 2012

ဘာကြောင့် ဇာဂနာ နော်ဝေနိုင်ငံကို ရောက်နေသလဲ

Photo: ဘာကြောင့် ဇာဂနာ နော်ဝေနိုင်ငံကို ရောက်နေသလဲ 
********************************
အိမ့်သံစဉ် ရေးသားတဲ့ ဂတုံးကြီး
သတင်း ဧရာဝတီ

နော်ဝေရောက် လူရွှင်တော် ဇာဂနာ၊ ဓာတ်ပုံ- ကိုညို ( အော်စလို) 
“ပိတ်ဆို့ခံထားရတဲ့လိုအင်ဆန္ဒတွေ” ဆိုတဲ့ ခေါင်းစဉ်ဖြင့် အနုပညာနဲ့ လွတ်လပ်စွာ သဘောထား ထုတ်ဖော်တဲ့ နိုင်ငံတကာ အနုပညာရှင်တွေရဲ့ ဟောပြောတင်ဆက်မှုမှာ ပါဝင်ဖို့ မြန်မာ့ နာမည်ကျော် လူရွှင်တော် ဇာဂနာ ဟာ နော်ဝေနိုင်ငံ အော်စလိုကို ရောက်နေပါတယ်။

နော်ဝေနိုင်ငံ၊ အော်စလိုမြို့က နာမည်ကျော် အော်ပရာ အမျိုးသားဇာတ်ရုံကြီးမှာ အောက်တိုဘာလ၊ ၂၅ ရက်၊ ၂၆ရက် ၂ ရက်မှာ သက်ဆိုင်ရာနိုင်ငံ၊ အာဏာရှိသူတွေရဲ့ တားမြစ်ပိတ်ဆို့ထားတဲ့ အခြေခံ အခွင့် အရေးတွေကို မီးမောင်းထိုးပြ သူတို့ရဲ့အနုပညာတွေကို ဟောပြောရှင်းလင်းချက်တွေနဲ့ အတူ ဖော်ထုတ် 
ဲပြသမှာဖြစ်တယ်။ 

အော်စလိုက အော်ပရာ အဆောက်အအုံ

အဲဒီမှာသီချင်း၊ ပြဇာတ်၊ ရုပ်ရှင်၊ မှတ်တမ်းဗွီဒီယိုတွေလည်း ပါဝင်မှာဖြစ်ပြီး၊ လူရွှင်တော် ဇာဂနာက မြန်မာ့ လက်ရှိ နိုင်ငံရေး အခြေအနေကို မှတ်တမ်းရိုက်ကူးထားတဲ့ Documentary ရုပ်ရှင်ကားပိုင်း အတို 
တွေ ပြသပြီး ရှင်းပြမှာဖြစ်တယ်။ 

ဇာဂနာနဲ့အတူ မှတ်တမ်း ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးလည်း လိုက်ပါလာတယ်။ မူလက လိုက်ပါဖို့ စီစဉ်ထား တဲ့ ရွှေသံစဉ် တီးဝိုင်း ခေါင်းဆောင် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဝင်းမော်ကတော့ နိုင်ငံကူး လက်မှတ်(Pass Port) မရလို့ မပါလာပါဘူးလို့ဇာဂနာရဲ့ အပြောအရ သိရတယ်။ 

၂ ရက်တိုင်ကျင်းပမယ့် နိုင်ငံတကာ အနုပညာရှင်တွေရဲ့ဖော်ထုတ်ပြသပွဲမှာ အင်္ဂလန်၊ အမေရိကန်၊ တောင် အာဖရိက ပါလက်စတိုင်း၊ အာဂျင်တီးနား၊ ပြင်သစ်၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေး၊ ဂျာမဏီ၊ အီတလီနဲ့ အာရှ နိုင်ငံတွေဖြစ်တဲ့ တိဗက်၊ မြန်မာ၊ မလေးရှား နိုင်ငံတွေက အနုပညာရှင်ပေါင်း ၅၀ကျော် ပါဝင်မှာ ဖြစ်ပါ တယ်။

~ ကိုညို (အော်စလို) ~ 
နော်ဝေရောက် လူရွှင်တော် ဇာဂနာ၊ ဓာတ်ပုံ- ကိုညို ( အော်စလို)

အေးချမ်းမွန်မှ Tun Wai တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Tun Wai

ဧရာဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis