menu

Thursday 25 October 2012

မြန်မာနိုင်ငံကနေ အမေရိကန် ဘာတွေများ ၀ယ်လာလေမလဲ (ဂျို့ရှ်နိုဘယ်လ်)

ရန်ကုန်မြို့ရှိ ပြည်ပတင်ပို့အထည်များ ချုပ်လုပ်မှုလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီရန်ကုန်မြို့ရှိ ပြည်ပတင်ပို့အထည်များ ချုပ်လုပ်မှုလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
မြန်မာနိုင်ငံဟာ ဆန်ကစလို့ အ၀တ် အထည်နဲ့ ကမ္ဘာ့အကျော်ကြားဆုံးဖြစ်တဲ့ ပတ္တမြားအထိ
ထုတ်ကုန်ပစ္စည်း တော်တော်များများကို အဓိကတင်ပို့ ရောင်းချလေ့ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့
ဖူးပါတယ်။
ဒါပေမယ့် အကြီးအကျယ် ထိခိုက်ပျက်စီးစေတဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှု
တွေကြောင့် မြန်မာနိုင်ငံက လောင်စာနဲ့ စားသောက် ကုန်တွေကိုသာ လိုချင်တဲ့ တရုတ်နဲ့
အိန္ဒိယနိုင်ငံကလွဲရင် မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်းတွေကို ၀ယ်မယ့်သူ မရှိသလောက်ကို
ဖြစ်ခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို အမေရိကန်နိုင်ငံ
က ရုတ်သိမ်းပေးလာ ပြီဆိုတော့ အခြေအနေတွေက ပြန်ပြောင်းလဲသွားတော့မယ့် ပုံပေါ်
နေပါပြီ။

ဒါပေမယ့် အမေရိကန်နိုင်ငံက ၀ယ်လက်တွေကရော မြန်မာနိုင်ငံက ဘာပစ္စည်းတွေကို
ဝယ်ကြမှာပါလဲ။ မြန်မာနိုင်ငံရဲ့ လက်ရှိပို့ကုန်အခြေ အနေကို ဟောင်ကောင်အခြေစိုက်
ငွေကြေးနဲ့ စီးပွားရေးဆိုင်ရာ သုတေသန အဖွဲ့ဖြစ်တဲ့ CLSA က အခုလို အကျဉ်း ရုံး
ဖော်ပြထားပါတယ်။
ဒီအဖွဲ့ရဲ့ဖော်ပြချက်တွေအရ အိန္ဒိယ နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိကပဲဝယ်လက် ဖြစ်ပြီး
တရုတ်နိုင်ငံကတော့ မြန်မာ့ ကျောက်စိမ်းနဲ့ ကျွန်းသစ်တွေ အဓိက တင်သွင်းတဲ့ နိုင်ငံ
ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ ကတော့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ရဲ့ဈေးကွက်တစ်ခုဖြစ်ပြီး တရားဝင် ကိန်း
ဂဏန်းတွေအရ မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်ပို့မှု ရာခိုင်နှုန်းဟာ သဘာဝ ဓာတ်ငွေ့တင်ပို့ရောင်းချ
မှု ၅၇ ရာခိုင်နှုန်း၊ ပဲတင်ပို့မှု ၁၈ ရာခိုင်နှုန်း၊ ကျွန်းနဲ့ သစ်မာ တင်ပို့မှု ၁၀ ရာခိုင်နှုန်း၊ အ၀တ်အ
ထည် တင်ပို့မှု ခြောက်ရာခိုင်နှုန်း၊ ဆန်ငါး ရာခိုင်နှုန်းနဲ့ ငါးနဲ့ ပင်လယ်စာတင်ပို့မှုမှာ လေးရာ
ခိုင်နှုန်း အသီးသီးရှိတယ်လို့ ဖော်ပြပါတယ်။
ဒီတော့ ဒီပို့ကုန်တွေထဲမှာ အမေရိကန် ကို ဆွဲဆောင်နိုင်တဲ့ပစ္စည်းက ဘာတွေ ဖြစ်နိုင်မလဲ။
ဖြစ်နိုင်ခြေရှိတဲ့ ပို့ကုန်ပစ္စည်းတစ်ခုက တော့ ဆန်ပဲ ဖြစ်ပါတယ်။
နိုင်ငံရဲ့ စီးပွားရေး ထိုးမကျခင်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်ခဲ့
ပါ တယ်။ အခုတော့ အဲဒီ ဂုဏ် ပုဒ်ကို (အများ ဆုံးတင်ပို့ဖြစ်တဲ့ နှစ်ပေါ် မူတည်ပြီး) ထိုင်းနဲ့ ဗီ
ယက်နမ်ကို လွှဲပေးလိုက်ရပါပြီ။
နိုင်ငံရဲ့ အထွက်နှုန်းတိုးဖို့နဲ့ တင်ပို့ ရောင်းချမယ့် ဈေးကွက်တွေ တိုးချဲ့ဖို့ မြန်မာနိုင်ငံဟာ အချိန်
အတိုင်းအတာ တစ်ခုအထိကြိုးစားရမှာ ဖြစ်ပေမယ့် ဆန်အများဆုံး တင်ပို့ရာနိုင်ငံဆိုတဲ့ ဂုဏ်
ပုဒ်ကိုပြန်ရဖို့ မဖြစ်နိုင်စရာ အကြောင်း မရှိပါဘူး။
ဒါပေမယ့် အမေရိကန်နိုင်ငံမှာလည်း အိုင်အိုဝါက ထွက်တဲ့ဆန်တွေ အလျှံပယ် ရှိနေတာ
ကြောင့် မြန်မာ့ဆန်ဟာ အခု အချိန်မှာ ဒါမှမဟုတ် တိုတောင်းလှတဲ့ အနာဂတ်အတွင်းမှာ
အမေရိကန်နိုင်ငံ ကို တင်ပို့ဖြစ်ဖွယ်ရာ မရှိသေးပါဘူး။
ဒါဆိုကျောက်စိမ်းလို ကျောက်မျက် ရတနာတွေကိုဝယ်ယူဖို့ အမေရိကန်က စိတ်ဝင်စားမှု
ရှိမလား။ တရုတ်နိုင်ငံရဲ့ များပြားလှတဲ့ ၀ယ်လိုအားကြောင့် ကျောက်စိမ်းဈေးတွေဟာ
မကြာသေးခင် နှစ်တွေအတွင်းမှာ တစ်ဟုန်ထိုးမြင့်တက် ခဲ့ပြီး ကုန်သည်တွေနဲ့ ကျောက်
တွင်း ပိုင်တွေကို ငွေသန်းချီရသွားစေပါ တယ်။ ဒါပေမယ့်ကျောက်စိမ်းကို တရုတ်တွေ
ကသာ အမြတ်တနိုးနှစ်သက်တတ် ကြတာပါ။
ပတ္တမြားလို တခြားကျောက် တွေကမှ ကမ္ဘာကြိုက်ဖြစ်နိုင်ဖွယ်ရာရှိပါ တယ်။ ဒါကြောင့်
ဈေးကွက်အကြိုက်နဲ့ သိပ်မကိုက်လှတဲ့ ကျောက်စိမ်းကို အမေ ရိကန်က စိတ်ဝင်စားဖွယ်
ရာမရှိတဲ့ပုံ ပေါ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ် ငွေ့တွေကို မြောက်ဘက်ပိုင်းမှာ တရုတ်နဲ့ အရှေ့ဘက်
ပိုင်းမှာ ထိုင်းကိုဆက်ပြီး တင်ပို့ရောင်းချနိုင်ဖွယ်ရာရှိပေမယ့် မြန်မာနိုင်ငံဟာ စွမ်းအင်အရင်း
အမြစ် နှစ်မျိုးလုံးပေါများကြွယ်ဝတဲ့ နိုင်ငံဖြစ် ပါတယ်။
အမှန်ကတယ်တော့ ကပ္ပလီ ပင်လယ်နဲ့ ဆက်စပ်နေတဲ့ မြန်မာ့ကမ်းရိုး တန်းကနေ တရုတ်
နိုင်ငံ ယူနန်ပြည်နယ် ကို ဆက်သွယ်ထားတဲ့ ပိုက်လိုင်းကို နောက်နှစ်ကနေ စတင်အသုံးပြု
တော့ မှာ ဖြစ်ပါတယ်။ အခုအချိန်မှာ အမေရိကန်မှာ သူ့ကိုယ်ပိုင်စွမ်းအင်တွေ အလုံအ
လောက်ရှိနေပါတယ်။
ဟင်းသီးဟင်းရွက်၊ လောင်စာနဲ့ သစ်လို တခြားအဓိကပို့ကုန်တွေကို နှစ်သက်ပုံ ကလည်း အာရှ
နိုင်ငံတွေမှာ တောင် အကန့်အသတ်နဲ့ ရှိနေပါတယ်။ ဒါဆို အမေရိကန်နိုင်ငံက ၀ယ်ဖို့ စိတ်ဝင်
စားလောက်တဲ့ ပို့ကုန်ဘာများ ရှိမလဲ။
ကာလတိုအတွင်း ဖြစ်နိုင်ခြေအရှိ ဆုံးဈေးကွက်တစ်ခုကတော့ ပင်လယ်စာ တင်ပို့မှုပဲ ဖြစ်နိုင်ပါ
တယ်။ ဗီယက်နမ် နဲ့ ထိုင်းနိုင်ငံတွေဟာလည်း ဒီကဏ္ဍမှာ တင်ပို့မှုတွေ အများဆုံးရှိတဲ့ နိုင်ငံ
တွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ဒီကဏ္ဍကို တိုးတက်လာအောင် လုပ်နိုင်ကောင်း လုပ်နိုင်ပါ
လိမ့်မယ်။
ပိုပြီးဖြစ်နိုင်ခြေရှိတဲ့ နယ်ပယ်ကတော့ ဂျပန်နိုင်ငံကို အဓိကတင်ပို့နေတဲ့ အ၀တ် အထည်ကဏ္ဍပဲ
ဖြစ်ပါတယ်။ တရုတ် နိုင်ငံမှာ လုပ်အားခတွေ မြင့်တက်သွားတဲ့ အတွက် အထည်ချုပ်လုပ်ငန်းရှင်
တချို့ ဟာ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ လာအို နိုင်ငံတွေမှာ သူတို့ရဲ့ အထည်ချုပ်လုပ်ငန်း ကို
ပြောင်းရွှေ့လုပ်ကိုင်လာကြပါတယ်။
မြန်မာနိုင်ငံရဲ့ အလုပ်သမားလုပ်အားခ ဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် နိမ့် နေသေးတဲ့
အပြင် လာအိုနဲ့ ကမ္ဘော ဒီးယားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အလုပ်သမားအင်အားထုကလည်း
ပိုပြီးကြီးမားပါတယ်။ ဒါကြောင့် 'Made in Myanmar' ဆိုတဲ့ စာတမ်းနဲ့ အ၀တ် အထည်တွေ
ကို အမေရိကန်က Walmart ကုန်တိုက်တွေ၊ ဒါမှမဟုတ် Gap လို အ၀တ်အထည်လက်လီ
ဆိုင်တွေမှာ တွေ့နိုင်တဲ့ အလားအလာရှိနေပါတယ်။
ဒါပေမယ့် အခက်အခဲတွေကြုံတွေ့ လာနိုင်ဖွယ်ရှိတာတွေကတော့ မြန်မာ နိုင်ငံမှာ လျှပ်စစ်မီး
မမှန်လို့ စက်ရုံတွေ လည်ပတ်ဖို့အတွက် အဓိကပြဿနာဖြစ် လာနိုင်တာပါပဲ။ ဒုတိယတစ်
ချက်က တော့ မြန်မာနိုင်ငံကို ကမ္ဘာ့ကုန်သွယ် ရေးကဏ္ဍနဲ့ နှစ်ပေါင်းများစွာ ကင်းဝေး စေခဲ့
တဲ့အတွက် ၀န်ထမ်းတွေမှာ လုပ်ငန်း ကျွမ်းကျင်မှုမရှိတာပဲ ဖြစ်ပါတယ်။
ပြီးတော့ အခြေခံအဆောက်အအုံ တွေနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ရှိပါသေးတယ်။ မြန်မာ
နိုင်ငံရဲ့ကားလမ်း၊ ရထားလမ်းတွေနဲ့ ဆိပ်ကမ်းတွေဟာ အရည်အသွေး မကောင်းလှပါဘူး။ ထား
ဝယ်မှာ ရေနက်ဆိပ်ကမ်းကြီးကို တည်ဆောက်နေဆဲဖြစ်နေပေမယ့် အချိန် တစ်ချိန်အထိ စောင့်
ရဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံက ကုန်ပစ္စည်း တင်ပို့ခွင့်ကို အမေရိကန်နိုင်ငံက အခု ဖွင့်ပေးလိုက်တာဟာ
မြန်မာနိုင်ငံအပေါ် ယုံကြည်မှုတွေ တိုးကောင်းတိုးလာစေ နိုင်မှာဖြစ်ပေမယ့် သိပ်မကြာခင် အချိန်
အတွင်းမှာ ကုန်သွယ်ရေးလုပ်ငန်း တွေ ပိုကောင်းလာမယ်ဆိုတာကတော့ ဖြစ်နိုင်ဖွယ်ရာ မရှိသေး
ပါဘူး။
မြန်မာနိုင်ငံ အနေနဲ့ ပို့ကုန်စီးပွားရေးကဏ္ဍမှာ အာရှ ကျားဖြစ်လာအောင်လုပ်ဖို့ မစဉ်းစားခင် မှာ
နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခြေခံအဆောက်အအုံတွေမှာ တိုးတက် မှုရှိလာဖို့ အရင်
လုပ်ရဦးမှာ ဖြစ်ပါတယ်။
(Financial Times)
သီရီမင်းထွန်း ဘာသာပြန်သည်။
Myanmar Times Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis