menu

Thursday 25 October 2012

ထိုင်းလုလင်ပျိုတို့၏ ဣတ္ထိယအသွင် ကပွဲသဘင်

Photo: ထိုင်းလုလင်ပျိုတို့၏ ဣတ္ထိယအသွင် ကပွဲသဘင်ပုံရိပ်များ

မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခြင်းဖြစ်သည့် "ထိုင်းလုလင်ပျိုတို့၏ ဣတ္ထိယအသွင် ကပွဲသဘင်"ကို ယနေ့(အောက်တိုဘာ-၂၅)နေ့ညနေပိုင်းက ရန်ကုန်မြို့ MCC ခန်းမ၌ကျင်းပခဲ့ရာ ပရိသတ်များအားပေးကြည့်ရှုကြကြောင်းသိရသည်။

အဆိုပါကပွဲသဘင်ကို MCC ခန်းမတွင် အောက်တိုဘာ(၂၅)နှင့် (၂၆)နေ့များဝယ် ကျင်းပဖျော်ဖြေမည်ဖြစ်ပြီး၊ ပထမနေ့တွင် ၅နာရီခွဲမှ ၇ နာရီ၊ ၈ နာရီမှ ၉ နာရီခွဲ စသည်ဖြင့် နှစ်ကြိမ်၊ ဒုတိယနေ့တွင် မွန်းလွဲ ၃ နာရီမှ ၄နာရီခွဲ၊ ၅နာရီခွဲမှ ၇ နာရီ၊ ၈ နာရီမှ ၉ နာရီခွဲ စသည်ဖြင့် ၃ကြိမ်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်းသိရသည်။

ပွဲကြည့်ပရိသတ်များအတွက် ဘန်ကောက်ခရီးစဉ်နှင့် ကျန်းမာရေးဆေးစစ်ပေးခြင်းကံစမ်းမဲအစီအစဉ်များလည်းပါရှိကြောင်းသိရသည်။

အသေးစိပ်အချက်အလက်များကို သိရှိလိုပါက ဖုန်း - ၀၉ ၄၃၀၃၀၃၀၃၊ ၀၉ ၇၃၂၅၂၉၉၉ တို့သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal
မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခြင်းဖြစ်သည့် "ထိုင်းလုလင်ပျိုတို့၏ ဣတ္ထိယအသွင် ကပွဲသဘင်"ကို ယနေ့(အောက်တိုဘာ-၂၅)နေ့ညနေပိုင်းက ရန်ကုန်မြို့ MCC ခန်းမ၌ကျင်းပခဲ့ရာ ပရိသတ်များအားပေးကြည့်ရှုကြကြေ
ာင်းသိရသည်။

အဆိုပါကပွဲသဘင်ကို MCC ခန်းမတွင် အောက်တိုဘာ(၂၅)နှင့် (၂၆)နေ့များဝယ် ကျင်းပဖျော်ဖြေမည်ဖြစ်ပြီး၊ ပထမနေ့တွင် ၅နာရီခွဲမှ ၇ နာရီ၊ ၈ နာရီမှ ၉ နာရီခွဲ စသည်ဖြင့် နှစ်ကြိမ်၊ ဒုတိယနေ့တွင် မွန်းလွဲ ၃ နာရီမှ ၄နာရီခွဲ၊ ၅နာရီခွဲမှ ၇ နာရီ၊ ၈ နာရီမှ ၉ နာရီခွဲ စသည်ဖြင့် ၃ကြိမ်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်းသိရသည်။

ပွဲကြည့်ပရိသတ်များအတွက် ဘန်ကောက်ခရီးစဉ်နှင့် ကျန်းမာရေးဆေးစစ်ပေးခြင်းကံစမ်းမဲအစီအစဉ်များလည်းပါရှိကြောင်းသိရသည်။

အသေးစိပ်အချက်အလက်များကို သိရှိလိုပါက ဖုန်း - ၀၉ ၄၃၀၃၀၃၀၃၊ ၀၉ ၇၃၂၅၂၉၉၉ တို့သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis