menu

Thursday 25 October 2012

"နိုင်ငံတော်သမ္မတ မီဒီယာနှင့်တွေ့ဆုံခြင်းသည် ကောင်းသောလားရာဟု ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေး"

Photo: "နိုင်ငံတော်သမ္မတ မီဒီယာနှင့်တွေ့ဆုံခြင်းသည် ကောင်းသောလားရာဟု ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေး"

နိုင်ငံတော်သမ္မတ မီဒီယာနှင့်တွေ့ဆုံခြင်းသည် ကောင်းသောလား ရာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၂၂ ရက် နေ့တွင် မီဒီယာများအား ပြောကြားလိုက်သည်။
”မီဒီယာနဲ့ ဆက်ဆံသင့်တာ ပေါ့။မီဒီယာနဲ့ဆက်ဆံမှအခြေအနေ ကို သုံးသပ်နိုင်မှာပေါ့။ အရေးကြီး တာက မီဒီယာ၊ အဖန်ဖန်သုံးသပ်မှ လူတွေ အကြောင်းသိမှာ၊ တစ်ခါ တလေနဲ့တော့ မသိဘူး။ ကိုယ့်မိတ် ဆွေတွေတောင် မှ အဖန်ဖန်သုံး သပ်မှသိတာ။ အဲဒီတော့ အစိုးရဆို ရင်ပိုပြီးတော့တောင်မှ အဖန်ဖန် အကြိမ်ကြိမ် သုံးသပ်ရပါမယ်။ လူ တွေရဲ့လုပ်ဆောင်မှု၊ အဖွဲ့ အစည်း တွေရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ် သက်လို့ ရှေ့နောက် ညီလားဆို တာ အမြဲစစ်ဆေးဖို့၊ အဲဒါအရေး ကြီးတယ်။ ခုတစ်မျိုး၊ တော်ကြာတစ် မျိုးက ဘယ်တော့မှစိတ်မချရဘူးဆို တာသိရမယ်”ဟု ၄င်းက ပြောကြား ခဲ့သည်။
ထို့အပြင် မီဒီယာများအနေဖြင့် အကြောင်းအရာကိစ္စတစ်ခုအား အပေါ် ယံကြောကြည့်၍ ဆုံးဖြတ် လုပ်ကိုင်မှုကို သတိထားသင့်ပြီး လက်ရှိ မီဒီယာမှ ရရှိလာသော အခွင့် အရေးနှင့်သြဇာကို တာဝန်တစ်ရပ် အဖြစ် သဘောထား ရန် လိုအပ် ကြောင်း ၄င်းက ထပ်လောင်းပြော သည်။
”အပေါ်ယံကြောလေး ကြည့် ပြီးတော့ ဆုံးဖြတ်ချက်ချလို့ရှိရင် နိုင်ငံကို အကျိုး မပေးဘူး။ လေး လေးနက်နက်ကြည့်၊ အပေါ်ယံ ကြော မကြည့်နဲ့။ နောက်တစ်ခုက လည်း လူတွေရဲ့ လုပ်ဆောင်မှု အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှု နဲ့ပတ်သက်လို့ ရှေ့၊နောက်ညီလား ဆိုတာ အမြဲစစ်ဆေးနေ၊ အဲဒါ အ ရေးကြီးတယ်။ ခုတစ်မျိုး၊ တော်ကြာ တစ်မျိုးဆိုတဲ့ ဟာမျိုးဟာ ဘယ် တော့မှ စိတ်မချရဘူးဆိုတာ သိရ မယ်။ နောက်ပြီးတော့ အပေါ်ယံ ကြောလေးကြည့်ပြီးတော့ ဆုံးဖြတ် ချက်နဲ့ဆိုလို့ရှိရင် အများ အကျိုး မပေးဘူး။ အများကို တစ်ချိန်လုံးပဲ သတိပေးနေတာ။ အထူးသဖြင့် မီဒီ ယာရဲ့ လူငယ်တွေပေါ့နော်။ ခုက တည်းက ကိုယ့်ကိုယ်ကိုယ် ဖြောင့် မတ်တဲ့ လမ်းပေါ်တင်ထားကြပါ။ နောက် အသက်ကြီးလာလို့ရှိရင် ပြောင်းရပြု ရခက်တယ်။ ဘာလို့လဲ ဆိုတော့ လူက ပိုးဝင်သွားတတ် တယ်။ နေရာ၊ အာဏာ၊ သြဇာ သာယာသွားနိုင်တယ်။ အဲဒါကို အမြဲသတိထားရမယ်။ ကိုယ့်ကိုယ် ကိုယ်လည်း သတိထား။ သူများကို လည်းကြည့်ရမယ်။ ဘယ်သူက ပိုး ဝင်သွားပြီလဲဆိုတာ Sign လေး တွေပြတတ်တယ်။ အဲဒီတော့ ကိုယ့်ဘာသာကိုယ် ဒါကိုကြည့် တတ်ရမယ်။ ရှေ့နောက်မညီတဲ့ ကိစ္စတွေအပြင် နောက်သာယာ လာတဲ့ကိစ္စတွေပေါ့နော်။ မီဒီယာ မှာလည်း ဖြစ်တတ်တယ်။ မီဒီယာ မှာကျတော့ သတိထားရမှာက ခု ခေတ်က မီဒီယာက တော်တော် သြဇာရှိတယ်။ လူတွေဟာ သြဇာ ရှိရင်မြောက်သွားတတ်တယ်။ သူ တို့ အင်္ဂလိပ်အဆိုအရဆိုလို့ရှိရင် တော့ Power Corrupt သြဇာ အာဏာဟာ လူကို ပျက်စီးစေတယ် ဆိုတာ အဲဒါကိုပြောတာ။ Absolute Power, Absolute Corrupt လုံးဝအာဏာ ရှိလို့ရှိရင် လုံးဝ ပျက်စီး စေတယ်” ဟု ဒေါ်အောင်ဆန်းစု ကြည်က ဆိုသည်။

အောင်ထက်(NYK)

အေးချမ်းမွန်မှ Popular Myanmar News Journalတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google
နိုင်ငံတော်သမ္မတ မီဒီယာနှင့်တွေ့ဆုံခြင်းသည် ကောင်းသောလား ရာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၂၂ ရက် နေ့တွင် မီဒီယာများအား ပြောကြားလိုက်သည်

”မီဒီယာနဲ့ ဆက်ဆံသင့်တာ ပေါ့။မီဒီယာနဲ့ဆက်ဆံမှအခြေအနေ ကို သုံးသပ်နိုင်မှာပေါ့။ အရေးကြီး တာက မီဒီယာ၊ အဖန်ဖန်သုံးသပ်မှ လူတွေ အကြောင်းသိမှာ၊ တစ်ခါ တလေနဲ့တော့ မသိဘူး။ ကိုယ့်မိတ် ဆွေတွေတောင် မှ အဖန်ဖန်သုံး သပ်မှသိတာ။ အဲဒီတော့ အစိုးရဆို ရင်ပိုပြီးတော့တောင်မှ အဖန်ဖန် အကြိမ်ကြိမ် သုံးသပ်ရပါမယ်။ လူ တွေရဲ့လုပ်ဆောင်မှု၊ အဖွဲ့ အစည်း တွေရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ် သက်လို့ ရှေ့နောက် ညီလားဆို တာ အမြဲစစ်ဆေးဖို့၊ အဲဒါအရေး ကြီးတယ်။ ခုတစ်မျိုး၊ တော်ကြာတစ် မျိုးက ဘယ်တော့မှစိတ်မချရဘူးဆို တာသိရမယ်”ဟု ၄င်းက ပြောကြား ခဲ့သည်။
ထို့အပြင် မီဒီယာများအနေဖြင့် အကြောင်းအရာကိစ္စတစ်ခုအား အပေါ် ယံကြောကြည့်၍ ဆုံးဖြတ် လုပ်ကိုင်မှုကို သတိထားသင့်ပြီး လက်ရှိ မီဒီယာမှ ရရှိလာသော အခွင့် အရေးနှင့်သြဇာကို တာဝန်တစ်ရပ် အဖြစ် သဘောထား ရန် လိုအပ် ကြောင်း ၄င်းက ထပ်လောင်းပြော သည်။
”အပေါ်ယံကြောလေး ကြည့် ပြီးတော့ ဆုံးဖြတ်ချက်ချလို့ရှိရင် နိုင်ငံကို အကျိုး မပေးဘူး။ လေး လေးနက်နက်ကြည့်၊ အပေါ်ယံ ကြော မကြည့်နဲ့။ နောက်တစ်ခုက လည်း လူတွေရဲ့ လုပ်ဆောင်မှု အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှု နဲ့ပတ်သက်လို့ ရှေ့၊နောက်ညီလား ဆိုတာ အမြဲစစ်ဆေးနေ၊ အဲဒါ အ ရေးကြီးတယ်။ ခုတစ်မျိုး၊ တော်ကြာ တစ်မျိုးဆိုတဲ့ ဟာမျိုးဟာ ဘယ် တော့မှ စိတ်မချရဘူးဆိုတာ သိရ မယ်။ နောက်ပြီးတော့ အပေါ်ယံ ကြောလေးကြည့်ပြီးတော့ ဆုံးဖြတ် ချက်နဲ့ဆိုလို့ရှိရင် အများ အကျိုး မပေးဘူး။ အများကို တစ်ချိန်လုံးပဲ သတိပေးနေတာ။ အထူးသဖြင့် မီဒီ ယာရဲ့ လူငယ်တွေပေါ့နော်။ ခုက တည်းက ကိုယ့်ကိုယ်ကိုယ် ဖြောင့် မတ်တဲ့ လမ်းပေါ်တင်ထားကြပါ။ နောက် အသက်ကြီးလာလို့ရှိရင် ပြောင်းရပြု ရခက်တယ်။ ဘာလို့လဲ ဆိုတော့ လူက ပိုးဝင်သွားတတ် တယ်။ နေရာ၊ အာဏာ၊ သြဇာ သာယာသွားနိုင်တယ်။ အဲဒါကို အမြဲသတိထားရမယ်။ ကိုယ့်ကိုယ် ကိုယ်လည်း သတိထား။ သူများကို လည်းကြည့်ရမယ်။ ဘယ်သူက ပိုး ဝင်သွားပြီလဲဆိုတာ Sign လေး တွေပြတတ်တယ်။ အဲဒီတော့ ကိုယ့်ဘာသာကိုယ် ဒါကိုကြည့် တတ်ရမယ်။ ရှေ့နောက်မညီတဲ့ ကိစ္စတွေအပြင် နောက်သာယာ လာတဲ့ကိစ္စတွေပေါ့နော်။ မီဒီယာ မှာလည်း ဖြစ်တတ်တယ်။ မီဒီယာ မှာကျတော့ သတိထားရမှာက ခု ခေတ်က မီဒီယာက တော်တော် သြဇာရှိတယ်။ လူတွေဟာ သြဇာ ရှိရင်မြောက်သွားတတ်တယ်။ သူ တို့ အင်္ဂလိပ်အဆိုအရဆိုလို့ရှိရင် တော့ Power Corrupt သြဇာ အာဏာဟာ လူကို ပျက်စီးစေတယ် ဆိုတာ အဲဒါကိုပြောတာ။ Absolute Power, Absolute Corrupt လုံးဝအာဏာ ရှိလို့ရှိရင် လုံးဝ ပျက်စီး စေတယ်” ဟု ဒေါ်အောင်ဆန်းစု ကြည်က ဆိုသည်။

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis