menu

Thursday 25 October 2012

ထိုင်ဝမ်ဆေးရုံ မီးလောင်ကျွမ်းမှု အနည်းဆုံး လူ ၁၂ ဦးသေဆုံး

Photo: ထိုင်ဝမ်ဆေးရုံ မီးလောင်ကျွမ်းမှု အနည်းဆုံး လူ ၁၂ ဦးသေဆုံး
............................................................................
ထိုင်ဝမ်တွင် ဆေးရုံတစ်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၁၂) ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ထိုင်ဝမ်တောင်ပိုင်းရှိ ဆေးရုံတစ်ရုံတွင် အင်္ဂါနေ့နံနက် အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဟု သတင်းများက ဆိုသည်။ သေဆုံးသူ (၁၂) ဦး ရှိခဲ့ပြီး ဒဏ်ရာရ စာရင်းမှာ (၆၀) ကျော်ထိ ရှိနိုင်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ သေဆုံးဒဏ်ရာရသူ အများစုသည် လူနာများသာ ဖြစ်နေကြောင်းလည်း သိရှိရသည်။

မီးသည် တိုင်နန်မြို့ရှိ ဆင်ယင်းဆေးရုံ၏ ဆေးဝါးဆိုင်ရာ စောင့်ရှောက်ရေး ဌာနမှ စတင်လာခြင်း ဖြစ်ကြောင်း နိုင်ငံ၏ ကျန်းမာရေးဌာနက ပြောကြားခဲ့သည်။ မီးသတ်တပ်ဖွဲ့များသည် အခင်းဖြစ်ရာသို့ အလျင်အမြန် လာရောက်ခဲ့သော်လည်း အပြီးသတ် မီးငြိမ်းရန် မိနစ် (၅၀) မျှ အချိန်ယူခဲ့ရသည်။ ကယ်ဆယ်ရေး ဝန်ထမ်းများသည် ဆေးရုံမှ လူပေါင်း (၁၁၅) ဦးကို ကယ်ထုတ်ရန် ကြိုးစားခဲ့သော်လည်း (၁၂) ဦးထိ အသေအပျောက်ရှိကာ (၆၀) ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း နောက်ပိုင်းတွင် ကြေညာခဲ့သည်။ ထိ
ုင်ဝမ် မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဒဏ်ရာရသူ အများစုသည် လူနာများဖြစ်ကြောင်း အတည်ပြုခဲ့ပြီး မီးလောင်မှု အကြောင်းရင်းကို ရဲများက စုံစမ်းနေဆဲဟု ပြောကြားသွားသည်။

Source: XinhuaNet, Photo: AFP
Reference and Credit to ^..^
http://news.yatanarpon.com.mm/news/news-70244

အေးချမ်းမွန်မှ News of Myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : News of Myanmar
ထိုင်ဝမ်တွင် ဆေးရုံတစ်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၁၂) ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ထိုင်
ဝမ်တောင်ပိုင်းရှိ ဆေးရုံတစ်ရုံတွင် အင်္ဂါနေ့နံနက် အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဟု သတင်းများက ဆိုသည်။ သေဆုံးသူ (၁၂) ဦး ရှိခဲ့ပြီး ဒဏ်ရာရ စာရင်းမှာ (၆၀) ကျော်ထိ ရှိနိုင်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ သေဆုံးဒဏ်ရာရသူ အများစုသည် လူနာများသာ ဖြစ်နေကြောင်းလည်း သိရှိရသည်။

မီးသည် တိုင်နန်မြို့ရှိ ဆင်ယင်းဆေးရုံ၏ ဆေးဝါးဆိုင်ရာ စောင့်ရှောက်ရေး ဌာနမှ စတင်လာခြင်း ဖြစ်ကြောင်း နိုင်ငံ၏ ကျန်းမာရေးဌာနက ပြောကြားခဲ့သည်။ မီးသတ်တပ်ဖွဲ့များသည် အခင်းဖြစ်ရာသို့ အလျင်အမြန် လာရောက်ခဲ့သော်လည်း အပြီးသတ် မီးငြိမ်းရန် မိနစ် (၅၀) မျှ အချိန်ယူခဲ့ရသည်။ ကယ်ဆယ်ရေး ဝန်ထမ်းများသည် ဆေးရုံမှ လူပေါင်း (၁၁၅) ဦးကို ကယ်ထုတ်ရန် ကြိုးစားခဲ့သော်လည်း (၁၂) ဦးထိ အသေအပျောက်ရှိကာ (၆၀) ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း နောက်ပိုင်းတွင် ကြေညာခဲ့သည်။ ထိ
ုင်ဝမ် မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဒဏ်ရာရသူ အများစုသည် လူနာများဖြစ်ကြောင်း အတည်ပြုခဲ့ပြီး မီးလောင်မှု အကြောင်းရင်းကို ရဲများက စုံစမ်းနေဆဲဟု ပြောကြားသွားသည်။

Source: XinhuaNet, Photo: AFP
Reference and Credit to ^..^
http://news.yatanarpon.com.mm/news/news-70244

  News of Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis