menu

Saturday 13 October 2012

ဆရာတော်ဦးဥတ္တမအားပုဒ်မ ၂၉၅(က)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်မှု ဥပဒေနှင့် မညီညွတ်ကြောင်း အကျိုးတော်ဆောင်ရှေ့နေပြောကြား

Photo: ကလောမြို့နယ်တရားရုံးမှ ဆရာတော်ဦးဥတ္တမအားပုဒ်မ ၂၉၅(က)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်မှု ဥပဒေနှင့် မညီညွတ်ကြောင်း အကျိုးတော်ဆောင်ရှေ့နေပြောကြား


မိုးပြားဂိုဏ်းဒုတိယခေါင်းဆောင်အဖြစ် လူတစ်စု၏ စွတ်စွဲမှုခံရပြီး၊ ယင်းလူတစ်စု၏ ဖိအားပေးမှုကြောင့် ရဟန်းအဖြစ်မှ လူဝတ်လဲခြင်းခံရကာ သာသနာတော် အကြည်အညိုပျက်စေမှု ပုဒ်မှ ၂၉၅(က)ဖြင့် ကလောမြို့နယ်တရားရုံးမှ တရားစွဲဆိုပြစ်ဒဏ်ချမှတ်ခဲ့သည့် ဆရာတော်ဦးဥတ္တမ၏ အမှုဖြစ်စဉ်အပေါ် မီဒီယာအချို့၏ရေးသားဖော်ပြချက်မှားယွင်းကြောင်းနှင့် ယင်းအမှုဖြစ်စဉ်သည် တရားဥပဒေနည်းလမ်းအရ ဆောင်ရွက်ချမှတ်ခဲ့သည့် အမှုဖြစ်စဉ်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ အောက်တိုဘာလ ၁၃ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Center မှာ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို အမှုအား တရားလိုရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေအပါအ၀င် အောင်ပန်းမြို့ခံအချို့၊ ဆရာတော်ဦးဥတ္တမနှင့် ခင်မင်ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည့် ဆရာတော် သံဃာတော်များ၊ ရန်ကုန်မြို့ရှိ ဆရာတော်ဦးဥတ္တမ၏ တပည့်သာဝကအချို့မှ စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဆရာတော်ဦးဥတ္တမအား ပုဒ်မ ၂၉၅(က)ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်သည့် သတင်းမှာ မှန်ကန်သော်လည်း ထိုပြစ်ဒဏ်ချမှတ်မှုသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၈ ရက် စာအမှတ် ၁၉၁(၀ိ-ထွေ)-၁၃/၂/ ၀ိ-မဟန ဖြင့် ဆရာတော်ဦးဥတ္တမသည် မိုးပြာဂိုဏ်းဝင်မဟုတ်ကြောင်း တရားဝင်ထုတ်ပြန်ထားခြင်းအပေါ် တရားရုံးမှ အမှုစီရင်ခြင်းဖြစ်ကြောင်း၊ သာသနာညိုးနွမ်းအဖြစ် ဆရားတော်ဦးဥတ္တမ ရေးသားခဲ့သည့် စာအုပ်တစ်အုပ်မှ စကားလုံးတချို့သည် သာသနာပျက်စီးအောင်လုပ်ခြင်းဟု ဆိုကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးခဲ့သူ တရားလိုရှေ့နေ ဦးကျော်ဌေးက ပြောကြားသည်။

အဆိုပါ အမှုအား တရားရုံးအဆင့်ဆင့်သို့ အယူခံဝင်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း-- Popular Myanmar News Journal
Post By : အေးချမ်းမွန်
မိုးပြားဂိုဏ်းဒုတိယခေါင်းဆောင်အဖြစ် လူတစ်စု၏ စွတ်စွဲမှုခံရပြီး၊ ယင်းလူတစ်စု၏ ဖိအားပေးမှုကြောင့် ရဟန်းအဖြ
စ်မှ လူဝတ်လဲခြင်းခံရကာ သာသနာတော် အကြည်အညိုပျက်စေမှု ပုဒ်မှ ၂၉၅(က)ဖြင့် ကလောမြို့နယ်တရားရုံးမှ တရားစွဲဆိုပြစ်ဒဏ်ချမှတ်ခဲ့သည့် ဆရာတော်ဦးဥတ္တမ၏ အမှုဖြစ်စဉ်အပေါ် မီဒီယာအချို့၏ရေးသားဖော်ပြချက်မှားယွင်းကြောင်းနှင့် ယင်းအမှုဖြစ်စဉ်သည် တရားဥပဒေနည်းလမ်းအရ ဆောင်ရွက်ချမှတ်ခဲ့သည့် အမှုဖြစ်စဉ်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ အောက်တိုဘာလ ၁၃ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Center မှာ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို အမှုအား တရားလိုရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေအပါအ၀င် အောင်ပန်းမြို့ခံအချို့၊ ဆရာတော်ဦးဥတ္တမနှင့် ခင်မင်ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည့် ဆရာတော် သံဃာတော်များ၊ ရန်ကုန်မြို့ရှိ ဆရာတော်ဦးဥတ္တမ၏ တပည့်သာဝကအချို့မှ စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဆရာတော်ဦးဥတ္တမအား ပုဒ်မ ၂၉၅(က)ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်သည့် သတင်းမှာ မှန်ကန်သော်လည်း ထိုပြစ်ဒဏ်ချမှတ်မှုသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၈ ရက် စာအမှတ် ၁၉၁(၀ိ-ထွေ)-၁၃/၂/ ၀ိ-မဟန ဖြင့် ဆရာတော်ဦးဥတ္တမသည် မိုးပြာဂိုဏ်းဝင်မဟုတ်ကြောင်း တရားဝင်ထုတ်ပြန်ထားခြင်းအပေါ် တရားရုံးမှ အမှုစီရင်ခြင်းဖြစ်ကြောင်း၊ သာသနာညိုးနွမ်းအဖြစ် ဆရားတော်ဦးဥတ္တမ ရေးသားခဲ့သည့် စာအုပ်တစ်အုပ်မှ စကားလုံးတချို့သည် သာသနာပျက်စီးအောင်လုပ်ခြင်းဟု ဆိုကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးခဲ့သူ တရားလိုရှေ့နေ ဦးကျော်ဌေးက ပြောကြားသည်။

အဆိုပါ အမှုအား တရားရုံးအဆင့်ဆင့်သို့ အယူခံဝင်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis