menu

Saturday 13 October 2012

ကရင်တိုင်းရင်းသားများကျင်းပသည့် စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေးရရှိရေး ဆွေးနွေးပွဲတွင် အချက်(၃)ချက်ပါ ဆုံးဖြတ်ချက် ချမှတ်

Photo: ကရင်တိုင်းရင်းသားများကျင်းပသည့် စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေးရရှိရေး ဆွေးနွေးပွဲတွင် အချက်(၃)ချက်ပါ ဆုံးဖြတ်ချက် ချမှတ်    
  
Saturday, 13 October 2012 16:48  
 
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊တောင်သူကုန်းရပ်ကွက်၊သာယာကုန်း (၂)လမ်း၊ခြံအမှတ်(၄)၌ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဒေသအသီးသီး၊နယ်ပယ်အသီးသီးမှ ကရင်တိုင်းရင်းသားများက စုပေါင်းကျင်းပ သည့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရေးဆွေးနွေးပွဲကို ကျင်းပခဲ့ရာ အချက်သုံးချက်ပါ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

ကရင်တိုင်းရင်းသားများတွေ့ဆုံဆွေးနွေးပွဲတွင် (၁) နိုင်ငံတော်မှ ပြုလုပ်သောငြိမ်းချမ်းရေးအစီအစဉ်ကို  ထောက်ခံသည်။ (၂) ထာဝရငြိမ်းချမ်းရေးအတွက် အပြီးတိုင်ဆောင်ရွက်ရန် မေတ္တာရပ်ခံတိုက်တွန်းသည်။(၃) ကရင်ပြည်သူတစ်ရပ်လုံး ဘ၀မြင့်မားတိုးတက်ရန် စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းသာယာမှုအတွက် အားလုံးဝိုင်းဝန်းလုပ်ဆောင်သွားမည်။ ဟူသည့်ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။                ဆွေးနွေးပွဲရလဒ်ဆုံးဖြတ်ချက်များကို တက်ရောက်လာသူများက မဲခွဲဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က အတည်ပြုကြေငြာခဲ့ခြင်းဖစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ပါမောက္ခ ဦးစောထွန်း အောင်ချိန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဥာဏ်၊KNU ဆက်ဆံရေးအရာရှိ ဒုဗိုလ်မှူးကြီး စောဖောဒို တို့အပါအ၀င်၊ကရင်ပါတီများမှ တာဝန်ရှိသူများ၊ရန်ကုန်၊ပဲခူး၊ဧရာဝတီ၊တနင်္သာရီစသည့် တိုင်းဒေသကြီးများနှင့် မွန်၊ကရင်စသည့် ပြည်နယ်များမှ သက်ကြီးကရင်တိုင်းရင်းသားများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။                

ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကျွန်တော်တို့ ဒီနေ့ ငြိမ်းရေးလုပ်ဆောင်မှုတွေကို ထောက်ခံတာမှန်ပါတယ်။ဒါပေမယ့် နှစ်ပေါင်း ၆၀ ကျော်ဖြတ်သန်းခဲ့ရတဲ့ကိစ္စကြီးကို ချက်ချင်းဖြေရှင်းနိုင်ဖို့ဆိုတာကတော့ မလွယ်ပါဘူး။မြန်မြန်ဖြေရှင်းရမယ့်အကြောင်းအရာတွေရှိသလို ဖြေးဖြေးမှန်မှန်ဖြေရှင်း ရမယ့်အပိုင်းတွေလည်း ရှိပါတယ်။အရေးအကြီးဆုံးက ပြည်သူလူထုက ၀ိုင်းဝန်းထောက်ခံအားပေးဖို့ လိုအပ်ပါတယ်။ဒါဆိုရင် အမြန်ဆုံး အကောင်အထည်ဖော်နိုင်မှာပါ''ဟုပြောကြားခဲ့ပါသည်။

KNU ဆက်ဆံရေးအရာရှိ ဒုဗိုလ်မှူးကြီးစောဖောဒိုက''ငြိမ်းချမ်းရေးရရှိဖို့ ကျွန်တော်တို့အားလုံး ချီတက်တဲ့အချိန်မှာ အထစ်အငေါ့လေးတွေ အခက်အခဲလေးတွေ အနည်းအကျဉ်းဖြစ်သွားခဲ့တဲ့အပေါ်မှာ တိုင်းရင်းသားတွေရဲ့ရင်ထဲမှာ တကယ်ကို ခံစားရမယ်ဆိုတာ ယုံကြည်ပါတယ်။လက်ရှိအချိန်မှာတော့ အခြေအနေတွေ ၈၀ရာခိုင်နှုန်းပြန်ကောင်းပြီလို့ ပြောလို့ရပါတယ်။ကျွန်တော့်တပ်မှူးကြီးဖြစ်တဲ့ ဗိုလ်ချုပ်ဂျော်နီက ပြောပါတယ်။ပြီးခဲ့တဲ့အခြေအနေတွေပေါ်မှာ မသင့်မြတ်မှုတွေဟာ ဒီနေ့ အားလုံးအဆင်ပြေပါပြီ။လူကြီးတွေပြန်တွေ့ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။  ကျွန်တော်ပြောနိုင်တာက ကျွန်တော်တို့ တစ်မျိုးသားလုံး စစ်မှန်တဲ့ငြိမ်းချမ်းမှုရရှိတဲ့အထိ အားလုံးလက်တွဲ လုပ်ဆောင်သွားကြပါလို့ တိုက်တွန်း ချင်ပါတယ်''ဟုပြောပြခဲ့ပါသည်။

ကရင်အမျိုးသားအစည်းအရုံး    (KNU) ဗဟိုက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးအား တာ ၀န်မှရပ်ဆိုင်းမှုများ ပြုလုပ်ခဲ့ခြင်းများနှင့်ပတ်သတ်၍ KNU အဖွဲ့အတွင်း စိတ်ဝမ်းကွဲမှုများပေါ်ပေါက်ခဲ့ရာ  လက်ရှိအချိန်တွင်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်၍ ပြေလည်မှုရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသူဦးမန်းနေရင်က ငြိမ်းချမ်းရေးဆန္ဒလွှာကို ဖတ်ကြားခဲ့ရာ ''ယနေ့ အချိန်အခါသည် အပြောင်းအလဲကာလဖြစ်သည်နှင့်အညီ မရေရာသေးသော  ငြိမ်းချမ်းရေးတွင်း အတိမ်းအစောင်း မခံနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသောကြောင့် ကရင်အမျိုးသားများအနေဖြင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြင့် မိမိတို့၏ အမျိုးသားအကျိုးကို ရေရှည်သယ်ပိုးနိုင်ရန် ညီညွတ်စွာ လုပ်ဆောင်ရမည့်အချိန်ဖြစ်ပါကြောင်း၊ အများ၏ဆန္ဒကို အနည်းကလေးစား၍ အနည်း၏ ဆန္ဒကိုအများက အသိအမှတ်ပြုရေး၊ များစွာသော အကြောင်းကြောင့် ဆန့်ကျင်ဘက်ပြဿနာများပေါ်ပေါက်လာသောအခါ မတရားသော လူမိုက်နည်းဖြင့်မဖြေရှင်းပဲ ဆွေးနွေးညှိနှိုင်း၍ တရားမျှတသော အဖြေရှာခြင်းနှင့်သာ အောင်မြင်သည်အထိ ကိုင်တွယ်ဖြေရှင်းရေး၊ခေတ်မီ၍အကျိုးရှိသည့် ကြီးသူ၏လမ်းညွှန်သြ၀ါဒစကားကို အလေးထား လိုက်နာကျင့်သုံးရန်နှင့် ယနေ့ခေတ် မိမိတို့၏ အမျိုးသားပြည်သူများ၏အသံကို အလေးအနက် ထည့်တွက်ဆောင်ရွက်ရေး နှင့် မည်သည့်အခြေအနေမျိုးတွင်မဆို လူမကွဲမူမကွဲ အသိဥာဏ်တွဲပြီး ငြိမ်းချမ်းရေးခိုင်မြဲအောင်ဆောင်ရွက်ရေး" စသည့်အချက်တို့ ပါဝင်ပါသည်။
 
မူရင်းသတင်း-- Eleven Media Group 
Post By : အေးချမ်းမွန်
  ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊တောင်သူကုန်းရပ်ကွက်၊သာယာကုန်း (၂)လမ်း၊
ခြံအမှတ်(၄)၌ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဒေသအသီးသီး၊နယ်ပယ်အသီးသီးမှ ကရင်တိုင်းရင်းသားများက စုပေါင်းကျင်းပ သည့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရေးဆွေးနွေးပွဲကို ကျင်းပခဲ့ရာ အချက်သုံးချက်ပါ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

ကရင်တိုင်းရင်းသားများတွေ့ဆုံဆွေးနွေးပွဲတွင် (၁) နိုင်ငံတော်မှ ပြုလုပ်သောငြိမ်းချမ်းရေးအစီအစဉ်ကို ထောက်ခံသည်။ (၂) ထာဝရငြိမ်းချမ်းရေးအတွက် အပြီးတိုင်ဆောင်ရွက်ရန် မေတ္တာရပ်ခံတိုက်တွန်းသည်။(၃) ကရင်ပြည်သူတစ်ရပ်လုံး ဘ၀မြင့်မားတိုးတက်ရန် စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းသာယာမှုအတွက် အားလုံးဝိုင်းဝန်းလုပ်ဆောင်သွားမည်။ ဟူသည့်ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။ ဆွေးနွေးပွဲရလဒ်ဆုံးဖြတ်ချက်များကို တက်ရောက်လာသူများက မဲခွဲဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က အတည်ပြုကြေငြာခဲ့ခြင်းဖစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ပါမောက္ခ ဦးစောထွန်း အောင်ချိန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဥာဏ်၊KNU ဆက်ဆံရေးအရာရှိ ဒုဗိုလ်မှူးကြီး စောဖောဒို တို့အပါအ၀င်၊ကရင်ပါတီများမှ တာဝန်ရှိသူများ၊ရန်ကုန်၊ပဲခူး၊ဧရာဝတီ၊တနင်္သာရီစသည့် တိုင်းဒေသကြီးများနှင့် မွန်၊ကရင်စသည့် ပြည်နယ်များမှ သက်ကြီးကရင်တိုင်းရင်းသားများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကျွန်တော်တို့ ဒီနေ့ ငြိမ်းရေးလုပ်ဆောင်မှုတွေကို ထောက်ခံတာမှန်ပါတယ်။ဒါပေမယ့် နှစ်ပေါင်း ၆၀ ကျော်ဖြတ်သန်းခဲ့ရတဲ့ကိစ္စကြီးကို ချက်ချင်းဖြေရှင်းနိုင်ဖို့ဆိုတာကတော့ မလွယ်ပါဘူး။မြန်မြန်ဖြေရှင်းရမယ့်အကြောင်းအရာတွေရှိသလို ဖြေးဖြေးမှန်မှန်ဖြေရှင်း ရမယ့်အပိုင်းတွေလည်း ရှိပါတယ်။အရေးအကြီးဆုံးက ပြည်သူလူထုက ၀ိုင်းဝန်းထောက်ခံအားပေးဖို့ လိုအပ်ပါတယ်။ဒါဆိုရင် အမြန်ဆုံး အကောင်အထည်ဖော်နိုင်မှာပါ''ဟုပြောကြားခဲ့ပါသည်။

KNU ဆက်ဆံရေးအရာရှိ ဒုဗိုလ်မှူးကြီးစောဖောဒိုက''ငြိမ်းချမ်းရေးရရှိဖို့ ကျွန်တော်တို့အားလုံး ချီတက်တဲ့အချိန်မှာ အထစ်အငေါ့လေးတွေ အခက်အခဲလေးတွေ အနည်းအကျဉ်းဖြစ်သွားခဲ့တဲ့အပေါ်မှာ တိုင်းရင်းသားတွေရဲ့ရင်ထဲမှာ တကယ်ကို ခံစားရမယ်ဆိုတာ ယုံကြည်ပါတယ်။လက်ရှိအချိန်မှာတော့ အခြေအနေတွေ ၈၀ရာခိုင်နှုန်းပြန်ကောင်းပြီလို့ ပြောလို့ရပါတယ်။ကျွန်တော့်တပ်မှူးကြီးဖြစ်တဲ့ ဗိုလ်ချုပ်ဂျော်နီက ပြောပါတယ်။ပြီးခဲ့တဲ့အခြေအနေတွေပေါ်မှာ မသင့်မြတ်မှုတွေဟာ ဒီနေ့ အားလုံးအဆင်ပြေပါပြီ။လူကြီးတွေပြန်တွေ့ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ပြောနိုင်တာက ကျွန်တော်တို့ တစ်မျိုးသားလုံး စစ်မှန်တဲ့ငြိမ်းချမ်းမှုရရှိတဲ့အထိ အားလုံးလက်တွဲ လုပ်ဆောင်သွားကြပါလို့ တိုက်တွန်း ချင်ပါတယ်''ဟုပြောပြခဲ့ပါသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးအား တာ ၀န်မှရပ်ဆိုင်းမှုများ ပြုလုပ်ခဲ့ခြင်းများနှင့်ပတ်သတ်၍ KNU အဖွဲ့အတွင်း စိတ်ဝမ်းကွဲမှုများပေါ်ပေါက်ခဲ့ရာ လက်ရှိအချိန်တွင်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်၍ ပြေလည်မှုရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသူဦးမန်းနေရင်က ငြိမ်းချမ်းရေးဆန္ဒလွှာကို ဖတ်ကြားခဲ့ရာ ''ယနေ့ အချိန်အခါသည် အပြောင်းအလဲကာလဖြစ်သည်နှင့်အညီ မရေရာသေးသော ငြိမ်းချမ်းရေးတွင်း အတိမ်းအစောင်း မခံနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသောကြောင့် ကရင်အမျိုးသားများအနေဖြင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြင့် မိမိတို့၏ အမျိုးသားအကျိုးကို ရေရှည်သယ်ပိုးနိုင်ရန် ညီညွတ်စွာ လုပ်ဆောင်ရမည့်အချိန်ဖြစ်ပါကြောင်း၊ အများ၏ဆန္ဒကို အနည်းကလေးစား၍ အနည်း၏ ဆန္ဒကိုအများက အသိအမှတ်ပြုရေး၊ များစွာသော အကြောင်းကြောင့် ဆန့်ကျင်ဘက်ပြဿနာများပေါ်ပေါက်လာသောအခါ မတရားသော လူမိုက်နည်းဖြင့်မဖြေရှင်းပဲ ဆွေးနွေးညှိနှိုင်း၍ တရားမျှတသော အဖြေရှာခြင်းနှင့်သာ အောင်မြင်သည်အထိ ကိုင်တွယ်ဖြေရှင်းရေး၊ခေတ်မီ၍အကျိုးရှိသည့် ကြီးသူ၏လမ်းညွှန်သြ၀ါဒစကားကို အလေးထား လိုက်နာကျင့်သုံးရန်နှင့် ယနေ့ခေတ် မိမိတို့၏ အမျိုးသားပြည်သူများ၏အသံကို အလေးအနက် ထည့်တွက်ဆောင်ရွက်ရေး နှင့် မည်သည့်အခြေအနေမျိုးတွင်မဆို လူမကွဲမူမကွဲ အသိဥာဏ်တွဲပြီး ငြိမ်းချမ်းရေးခိုင်မြဲအောင်ဆောင်ရွက်ရေး" စသည့်အချက်တို့ ပါဝင်ပါသည်။

  Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis