menu

Saturday 13 October 2012

အီရန်နဲ့ဆီးရီးယားကို ရည်ရွယ်တဲ့ အစ္စရေး အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှု

Photo: အီရန်နဲ့ဆီးရီးယားကို ရည်ရွယ်တဲ့ အစ္စရေး အမေရိကန် ပူးတွဲ
စစ်ရေးလေ့ကျင့်မှု

အီရန်နှင့် ဆီးရီးယားနိုင်ငံသို့ ဒုံးကျည်ဖြင့် တိုက်ခိုက်လာပါက ပူးပေါင်း
...စစ်ဆင်တိုက်ခိုက်နိုင်ရန်အတွက် အမေရိကန်နှင့် အစ္စရေး နိုင်ငံတို့သည
်
လေကြောင်းရန် ကာကွယ်ရေး (Air Pelence) ပူးတွဲ စစ်ရေးလေ့ကျင့်မှု
တစ်ခုကို အောက်တိုဘာ ၂၁ ရက်မှစ၍ ရက်သတ်္တ သုံးပတ်ကြာလေ့ကျင့် မည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုအမည် မှာ “တော်စတာချဲလင်း ၂၀၁၂” (Austere Challenge2012) ဖြစ်သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုကို ကုန်ခဲ့ သည့် ဧပြီလအတွင်းကပင် လေ့ကျင့်ရန် ရည်ရွယ်ခဲ့သော်လည်း အကြောင်း
မညီညွတ်၍ ရွှေ့ဆိုင်းခဲ့ရသည်။ အစ္စရေးကာကွယ်ရေး ၀န်ကြီးအီစွတ်ဘာရက်
ကကာကွယ် ရေးအသုံးစရိတ်အကန့်အသတ် ကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်
သည် ဟု ဂျေရုဆလင်ပို့စ်တွင် ဖော်ပြသည်။ အမေရိကန်ကလည်း ဧပြီ လပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ၎င်းတို့တပ်ဖွဲ့ဝင်အင်အား ၅၀၀၀ မျှ ပါဝင်ရန် ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် အမေရိကန်တို့စစ်သည် အင်အား
လျှော့ချမည်ဟု ကြေညာခဲ့သည်။ ယခုစစ်သည် အင်အား ၁၅၀၀ ပါဝင်
မည်ဟု အမေရိကန်စစ်ဘက်ကပြောသည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင်ပါဝင်မည့် အမေရိကန်အကြံပေး အရာရှိစစ်သည်
များ ခေတ်မီနည်း ပညာသုံးဒုံးလက်နက်များနှင့် ပစ်ခတ်စင်များအား
အောက်တိုဘာ ၁၄ ရက်တွင်အစ္စရေးသို့ အရောက်ပို့မည်ဟု အမေရိကန်က ထုတ်ဖော်ပြောကြားသည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်များ (Deii’s Objectives) အနက်တစ်ခုမှာ အကယ်၍ စစ်ရေးအရ လိုအပ်လာပါက အမေရိကန်
လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များအား အစ္စရေးတွင် အလျင်
အမြန်ဖြန့် ကြက်ချထားရန်ဖြစ်သည်။ စစ်ရေး လေ့ကျင့်မှုအတွင်း အီရန်နှင့် ဆီးရီးယားတို့က ပစ်ခတ်လာသည့် ဒုံးကျည်များကို ကြားဖြတ်တိုက်ခိုက်
နိုင်သည့် ပက်ထရီယော့ဒုံးကျည် အဲရိုး-၂ဒုံးကျည်အစ္စရေးတို့၏ အိုင်ယွန်း
ဒုမ်:(Iron Dome)ဒုံးကျည်များအား လက်တွေ့စမ်းသပ်ပစ်ခတ်စဉ်များ
ပါဝင်မည်ဖြစ်သည်။ ထို့အပြင်ပက်ထရီယော့ဒုံးကျည်များအား အဆင့်မြှင့်
ထားသည့် ပက်ထရီယော့ ၃ ဒုံးကျည်များ သင်္ဘောဖျက်အေးဂျစ်စ် (Aegis) တိုက်ချင်းပစ်ဒုံးကျည်များနှင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့်တာတိုပစ်ဒုံးကျည်များ အန္တရာယ်ကာကွယ်ရေးဆိုင်ရာလေ့ကျင့်ပစ်ခတ်မှုများ ပြုလုပ်သွား
မည်ဟုဆိုသည်။

မူရင်းသတင်း-- The Hot News
Post By : အေးချမ်းမွန်

The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis