menu

Saturday 13 October 2012

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီလာခံတွင် ဥက္ကဌနေရာ ရွှေးချယ်သွားနိုင်ဖွယ်ရှိ ဟုဆို

Photo: ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီလာခံတွင် ဥက္ကဌနေရာ ရွှေးချယ်သွားနိုင်ဖွယ်ရှိ ဟုဆို

နေပြည်တော်၊အောက်တိုဘာ၊၁၃
အောက်တိုဘာလ၁၄ ရက်တွင်စတင်ကျင်းပမည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပထမ
အကြိမ်ပါတီညီလာခံ(၂၀၁၂)တွင် လစ်လပ်လျှက်ရှိသော ဥက္ကဌနေရာကို ရွှေးချယ်သွားနိုင်ဖွယ်ရှိသည်ဟုယင်းပါတီမှတာဝန်ရှိသူတစ်
...ဦးကပြောသည်။
“ဥက္ကဌသစ်ပြန်ရွေးမယ်လို့အတိအကျကြီးတော့ပြောလို့မရသေးဘူး။တကယ်လို့ရွေးဖြစ်ခဲ့မယ်ဆိုရင်
ဥက္ကဌနေရာအတွက်ဖြစ်နိုင်ချေအများဆုံးက ဒုတိယဥက္ကဌ သူရဦးရွှေမန်းဖြစ်နိုင်တာပေါ့။ဦးရွှေမန်းအနေနဲ့ ဥက္ကဌနေရာယူလို့ တာဝန်
အကြီးအကျယ်ပိုသွားနိုင်တာမှမဟုတ်တာ။
လက်ရှိလည်းပါတီဥက္ကဌ၊ဒု ဥက္ကဌတာဝန်သာမကဘဲ ပြည်သူ့လွတ်တော်ဥက္ကဌတာဝန်ကိုပါ ပူးတွဲလုပ်ကိုင်း
နေတော့အတွေအကြုံလဲရှိပြီးသားပဲလေ။ကျွန်တော့်ပုဂ္ဂလိကအမြင်ကတော့ ရွေးဖြစ်ခဲ့ရင်ဦးရွှေမန်းဖြစ်သင့်တာပေါ့။ဒါပေမယ့် ဒီကိစ္စက
may be လို့ပဲပြောလို့ရမယ်နော်။ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"ဟုအကြိုညှိနှိုင်းအစည်းအဝေးပွဲသို့တက်ရောက်လာသောကိုယ်စားတစ်ဦး ကဆိုသည်။acm

သူရဦးရွှေမန်းပါတီဥက္ကဌဖြစ်ခဲ့ပါက ၎င်းတာဝန်ထမ်းဆောင်နေသည့်ဒုတိယဥက္ကဌနေရာ ကို လက်ရှိ
ပါတီ၏အထွေထွေအတွင်းရေးမှုးဦးဌေးဦးကတာဝန်ယူလာနိုင်ဖွယ်ရှိကြောင်းအောက်တိုဘာလ ၁၃ ရက်နေ့တွင်ကျင်းပပြုလုပ်သည့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပထမအကြိမ်ပါတီညီလာခံ(၂၀၁၂) အကြိုညှိနှိုင်းအစည်းအဝေးပွဲသို့တက်ရောက်လာသော
ကိုယ်စားလှယ်အချို့ကသုံးသပ်ပြောကြားသည်။ 

စွမ်းရဲထွဋ်

မူရင်းသတင်း-- Popular Myanmar News Journal
အေးချမ်းမွန်မှစေတနာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
အောက်တိုဘာလ၁၄ ရက်တွင်စတင်ကျင်းပမည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပထမ
အကြိမ်ပါတီညီလာခံ(၂၀၁၂)တွင် လစ်လပ်
လျှက်ရှိသော ဥက္ကဌနေရာကို ရွှေးချယ်သွားနိုင်ဖွယ်ရှိသည်ဟုယင်းပါတီမှတာဝန်ရှိသူတစ်
...ဦးကပြောသည်။
“ဥက္ကဌသစ်ပြန်ရွေးမယ်လို့အတိအကျကြီးတော့ပြောလို့မရသေးဘူး။တကယ်လို့ရွေးဖြစ်ခဲ့မယ်ဆိုရင်
ဥက္ကဌနေရာအတွက်ဖြစ်နိုင်ချေအများဆုံးက ဒုတိယဥက္ကဌ သူရဦးရွှေမန်းဖြစ်နိုင်တာပေါ့။ဦးရွှေမန်းအနေနဲ့ ဥက္ကဌနေရာယူလို့ တာဝန်
အကြီးအကျယ်ပိုသွားနိုင်တာမှမဟုတ်တာ။
လက်ရှိလည်းပါတီဥက္ကဌ၊ဒု ဥက္ကဌတာဝန်သာမကဘဲ ပြည်သူ့လွတ်တော်ဥက္ကဌတာဝန်ကိုပါ ပူးတွဲလုပ်ကိုင်း
နေတော့အတွေအကြုံလဲရှိပြီးသားပဲလေ။ကျွန်တော့်ပုဂ္ဂလိကအမြင်ကတော့ ရွေးဖြစ်ခဲ့ရင်ဦးရွှေမန်းဖြစ်သင့်တာပေါ့။ဒါပေမယ့် ဒီကိစ္စက
may be လို့ပဲပြောလို့ရမယ်နော်။ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"ဟုအကြိုညှိနှိုင်းအစည်းအဝေးပွဲသို့တက်ရောက်လာသောကိုယ်စားတစ်ဦး ကဆိုသည်။acm

သူရဦးရွှေမန်းပါတီဥက္ကဌဖြစ်ခဲ့ပါက ၎င်းတာဝန်ထမ်းဆောင်နေသည့်ဒုတိယဥက္ကဌနေရာ ကို လက်ရှိ
ပါတီ၏အထွေထွေအတွင်းရေးမှုးဦးဌေးဦးကတာဝန်ယူလာနိုင်ဖွယ်ရှိကြောင်းအောက်တိုဘာလ ၁၃ ရက်နေ့တွင်ကျင်းပပြုလုပ်သည့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပထမအကြိမ်ပါတီညီလာခံ(၂၀၁၂) အကြိုညှိနှိုင်းအစည်းအဝေးပွဲသို့တက်ရောက်လာသော
ကိုယ်စားလှယ်အချို့ကသုံးသပ်ပြောကြားသည်။

စွမ်းရဲထွဋ်

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis