menu

Saturday 13 October 2012

မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြုအခမ်းအနားတွင် လူမှုရေး၊ ရုပ်ရှင်လောကအရေးများ ဆောင်ရွက်ခဲ့သူများကို ဆုများချီးမြှင့်ပေးအပ်





thn-10-13-2
မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့ညနေ ၆နာရီတွင် ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်၌ပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး နှင့် စီးပွားရေးနယ်ပယ်မှ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ရုပ်ရှင်လောကသားများ စုံလင်စွာတက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပထမဦးစွာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ရုပ် ရှင်လောကသားများအတွက် ပေးပို့သည့်သ၀ဏ်လွှာကိုဖတ်ကြားပြီးနောက် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် ရုပ်ရှင်လောကသားများထဲမှ လူမှုရေးနှင့်ရုပ်ရှင်လောကအရေး များအတွက် ဆောင်ရွက်ခဲ့သူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ တစ်သက်တာရုပ်ရှင်ဆုအတွက် ရုပ်ရှင်ဒါရိုက်တာဦးတင်ယုကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးပိုက်ထွေးက ဆုချီးမြှင့်ပေးအပ်ခဲ့သည်။ ထပ်ဆင့်ဂုဏ်ပြုဆုအဖြစ် စည်သူဗိုလ်က လေးတင့်အောင်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်းကောင်း၊ စည်သူဦးအောင်မြင့်မြတ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်ကပင်လည်းကောင်း ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့ နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က ထပ်ဆင့်ဂုဏ်ပြုဆုရ စည်သူဒါရိုက်တာဦးကြည်စိုးထွန်း၊ စည်သူဒေါ်မြင့်မြင့်ခင်တို့ကို ဆုများပေးအပ်ခဲ့သည်။ ဆက်လက်၍ ရုပ်ရှင်နာယကဦးစိုးမိုးက ထပ်ဆင့် ဂုဏ်ပြုဆုအဖြစ်စည်သူဒေါ်စံရှားတင်နှင့် စည်သူဒေါ်နွဲ့နွဲ့စန်းတို့ကိုဆုများပေးအပ်ခဲ့သည်။ ပုံနှိပ်နှင့်စာအုပ်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲတင့်က ရုပ်ရှင်ဂုဏ်ဆောင်ဆုအဖြစ် ရုပ်ရှင်အစည်းအရုံးနယကကြီးများကို ပေးအပ်ခဲ့သည်။ ဒါရိုက်တာ ဦးကြည်စိုးထွန်းက ရုပ်ရှင်ဂုဏ်ဆောင်ဆုအဖြစ် သရုပ်ဆောင်ခန့်စည်သူနှင့် ပြေတီဦးပညာရေးဖောင်ဒေးရှင်းတို့ကို ဆုများပေးအပ်ခဲ့သည်။ ရုပ်ရှင်နာယကကြီးဦးညွန့်ဝင်းက ရုပ်ရှင်ဂုဏ်ဆောင်ဆုအဖြစ်မေတ္တာသင်္ဂဟအဖွဲ့နှင့် ရဲတိုက်ဖောင်ဒေးရှင်းတို့ကို ဆုများပေးအပ်ခဲ့သည်။
ရုပ်ရှင်နာယကဦးနှင်းမိုးက ရုပ်ရှင်ဂုဏ်ဆောင်ဆုအဖြစ် ကရုဏာအသင်္ချေလူမှုရေးကူညီမှုအသင်း၊သွေးမေတ္တာပရဟိတအသင်းတို့ကို ဆုများပေးအပ်ခဲ့သည်။ ရုပ်ရှင် လုပ်ငန်းမှ ညွှန်ကြားရေးမှူးဦးသိန်းထွန်းအောင်က ရုပ်ရှင်ဂုဏ်ဆောင်ဆုအဖြစ် 'အဲဒီအခန်းဖြတ်ဇာတ်လမ်းတိုအဖွဲ့' နှင့် 'ရုပ်ရှင်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့'တို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ မနောအလှဂီတအဖွဲ့မှ ဒေါ်အယ်လ်ခွန်းရီက  ကချင်ပြည်နယ်ရန်ပုံငွေရှာဖွေပေးခဲ့သည့် လူငယ်အနုပညာရှင်များကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း ရခိုင်တိုင်းရင်းသားများအတွက် ရန်ပုံငွေရှာဖွေပေးခဲ့သည့် ညီညွတ်ခြင်းနှင်းဆီအဖွဲ့ ကို ဆုများပေးအပ်ခဲ့သည်။ ထို့နောက် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ရုပ်ရှင်သူရဲကောင်းဆုအဖြစ်သရုပ်ဆောင်ကျော်သူ(ကိုယ်စားဦးဝင်းငြိမ်း)၊သရုပ်ဆောင် ဇာဂနာတို့ကို ဆုများအသီးသီး ပေးအပ်ခဲ့သည်။EMG
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis