menu

Saturday 13 October 2012

တက္ကဆက်ပြည်နယ် အမာရီလိုမြို့ တွင် ရွှေညဝါ ဆရာတော် အထူးတရားပွဲ ကျင်းပမည်

Photo: တက္ကဆက်ပြည်နယ် အမာရီလိုမြို့ တွင် ရွှေညဝါ ဆရာတော် အထူးတရားပွဲ ကျင်းပမည်

Written by အာရ်ကန်တိုင်းမ်စ်	    Saturday, 13 October 2012 
 			
ပြည်ထောင်စု မြန်မာနိုင်ငံမှနေ၍ အမေရိကန်နိုင်ငံ ၊ပြည်နယ်ဒေသ အနှံ့အပြားသို့ လှည့်လည်ကြွရောက်ကာ တရားဟော သာသနာပြုလျက်ရှိသော ဓမ္မာစရိယ၊ ဂဏဝါစက နိုင်ငံကျော်ဓမ္မကထိက ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟ ၏ အထူးဓမ္မသဘင်ကို အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ၊ ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတိုက်တော် အတွင်းတွင် အောက်တိုဘာလ ၂၀၊၂၁ (စနေ၊တနင်္ဂနွေ) ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရှိရသည်။

တရားပွဲကျင်းပရခြင်းရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော် အရှင်ဥူးနန္ဒ၀ံသကို မေးမြန်းလျှောက်ထားရာ "အမာရီလို ဒေသမှာ အခြေချနေထိုင်ကြတဲ့ မြန်မာနိုင်ငံဖွား ဗုဒ္ဓဘာသာ အများစုရဲ့ ရင်ထဲမှာ ဓမ္မအသိဉာဏ်တွေ ရင့်သန်လာစေဖို့အဓိကရည်ရွယ်ပါတယ်။ ကျွဲကူးရေပါ အနေနဲ့ သမဏာနဥ္ဒ ဒဿန မင်္ဂလာ ကာလေန ဓမ္မသ၀နံ အစရှိသည့် မင်္ဂလာကျက်သရေ အပေါင်းနဲ့ ခညောင်း ပြည့်စုံစေကြာင်း စေတနာကောင်းနဲ့ ဆရာတော်တွေရဲ့ တရားတော်များ ကြားနာရပြီးနောက်မှာ မျိုးဆက်သစ် လူငယ်လေးများ ဘာသာတရား အဆုံးမများနဲ့ ရင်းနှီးကျွမ်းဝင်လာကာ မိဘမေတ္တာ သိရှိနားလည်လာစေချင်တဲ့အတွက်ပါ။ အခြေခံ ကတော့ အမျိုး ဘာသာ သာသနာ အကျိုး ဂုဏ်ရောင်တိုးဖို့ ဒီတရားပွဲကို စီစဉ်ကျင်းပကြမှာပါ" ဟု အာရကန်တိုင်းစ်သို့ မိန့် ကြားသည်။

ရွေည၀ါဆရာတော်၏ ဓမ္မသဘင်ပွဲများတွင် ဆရာတော်က သစ္စာလေးပါးတရားအပြင် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ၊ သံဃာတော်တွေရဲ့အခြေအနေများကိုပါထည့်သွင်းဟောကြားသဖြင့် တရားနာပုဂ္ဂိုလ်များအတွက် အသိအမြင် ဗဟုသုတလည်း ရရှိကြကြောင်းယနေ့ မြန်မာ (Burma Today)သတင်းအရ သိရှိရသည်။

အမာရီလိုမြို့ရှိ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းသည် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့ဒေသအသီးသီးမှ နိုင်ငံကျော် ဓမ္မကဓိက တရားဟော တရားပြ အကျော်အမော် ဆရာတော်ကြီးများ နှစ်စဉ်နှစ်တိုင်းနီးပါး ကြွရောက်ကာ တရားဟော တရားပြနေသည့် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်ပြီး ၂၀၁၂ စက်တင်ဘာလ ၂ ရက်နေ့ ကလည်း နိုင်ငံကျော် ဓမ္မကထိက တရားဟောတရားပြအကျော် ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်)၏ ဓမ္မဒါန ဓမ္မပူဇာ တရားအလှူ ဓမ္မသဘင်ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ရွှေည၀ါဆရာတော်သည် ၂ဝ၁၁ ခုနှစ် စက်တင်္ဘာလ အတွင်းက မန္တလေးတိုင်း NLD ရုံးတွင် တရားဟောသည်ဟု စွပ်စွဲချက်ဖြင့် ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားခြင်းခံခဲ့ရပြီး နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ မှ ဒယ်အိုးဆရာတော်နဲ့တူ ပြည်တွင်းတရားဟောခွင့်များကိုပါ ပိတ်ပင်ခံခဲ့ရသည့် ဆရာတော်တစ်ပါးဖြစ်သည်။

 မူရင်းသတင်း--  Arakan Time
Post By : အေးချမ်းမွန်
ပြည်ထောင်စု မြန်မာနိုင်ငံမှနေ၍ အမေရိကန်နိုင်ငံ ၊ပြည်နယ်ဒေသ အနှံ့အပြားသို့ လှည့်လည်ကြွရောက်ကာ တရားဟော သာသ
နာပြုလျက်ရှိသော ဓမ္မာစရိယ၊ ဂဏဝါစက နိုင်ငံကျော်ဓမ္မကထိက ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟ ၏ အထူးဓမ္မသဘင်ကို အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ၊ ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတိုက်တော် အတွင်းတွင် အောက်တိုဘာလ ၂၀၊၂၁ (စနေ၊တနင်္ဂနွေ) ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရှိရသည်။

တရားပွဲကျင်းပရခြင်းရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော် အရှင်ဥူးနန္ဒ၀ံသကို မေးမြန်းလျှောက်ထားရာ "အမာရီလို ဒေသမှာ အခြေချနေထိုင်ကြတဲ့ မြန်မာနိုင်ငံဖွား ဗုဒ္ဓဘာသာ အများစုရဲ့ ရင်ထဲမှာ ဓမ္မအသိဉာဏ်တွေ ရင့်သန်လာစေဖို့အဓိကရည်ရွယ်ပါတယ်။ ကျွဲကူးရေပါ အနေနဲ့ သမဏာနဥ္ဒ ဒဿန မင်္ဂလာ ကာလေန ဓမ္မသ၀နံ အစရှိသည့် မင်္ဂလာကျက်သရေ အပေါင်းနဲ့ ခညောင်း ပြည့်စုံစေကြာင်း စေတနာကောင်းနဲ့ ဆရာတော်တွေရဲ့ တရားတော်များ ကြားနာရပြီးနောက်မှာ မျိုးဆက်သစ် လူငယ်လေးများ ဘာသာတရား အဆုံးမများနဲ့ ရင်းနှီးကျွမ်းဝင်လာကာ မိဘမေတ္တာ သိရှိနားလည်လာစေချင်တဲ့အတွက်ပါ။ အခြေခံ ကတော့ အမျိုး ဘာသာ သာသနာ အကျိုး ဂုဏ်ရောင်တိုးဖို့ ဒီတရားပွဲကို စီစဉ်ကျင်းပကြမှာပါ" ဟု အာရကန်တိုင်းစ်သို့ မိန့် ကြားသည်။

ရွေည၀ါဆရာတော်၏ ဓမ္မသဘင်ပွဲများတွင် ဆရာတော်က သစ္စာလေးပါးတရားအပြင် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ၊ သံဃာတော်တွေရဲ့အခြေအနေများကိုပါထည့်သွင်းဟောကြားသဖြင့် တရားနာပုဂ္ဂိုလ်များအတွက် အသိအမြင် ဗဟုသုတလည်း ရရှိကြကြောင်းယနေ့ မြန်မာ (Burma Today)သတင်းအရ သိရှိရသည်။

အမာရီလိုမြို့ရှိ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းသည် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့ဒေသအသီးသီးမှ နိုင်ငံကျော် ဓမ္မကဓိက တရားဟော တရားပြ အကျော်အမော် ဆရာတော်ကြီးများ နှစ်စဉ်နှစ်တိုင်းနီးပါး ကြွရောက်ကာ တရားဟော တရားပြနေသည့် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်ပြီး ၂၀၁၂ စက်တင်ဘာလ ၂ ရက်နေ့ ကလည်း နိုင်ငံကျော် ဓမ္မကထိက တရားဟောတရားပြအကျော် ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်)၏ ဓမ္မဒါန ဓမ္မပူဇာ တရားအလှူ ဓမ္မသဘင်ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ရွှေည၀ါဆရာတော်သည် ၂ဝ၁၁ ခုနှစ် စက်တင်္ဘာလ အတွင်းက မန္တလေးတိုင်း NLD ရုံးတွင် တရားဟောသည်ဟု စွပ်စွဲချက်ဖြင့် ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားခြင်းခံခဲ့ရပြီး နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ မှ ဒယ်အိုးဆရာတော်နဲ့တူ ပြည်တွင်းတရားဟောခွင့်များကိုပါ ပိတ်ပင်ခံခဲ့ရသည့် ဆရာတော်တစ်ပါးဖြစ်သည်။

Written by အာရ်ကန်တိုင်းမ်စ် Saturday, 13 October 2012

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis