menu

Saturday 13 October 2012

ဖေ့စ်ဘွတ်ခ်ရှယ်ယာဈေး ကျသွားပြီးတဲ့နောက် မိုဘိုင်းပစ္စည်းတွေ အတွက်ပဲ ဦးစားပေး ၀န်ဆောင်မှုပေးတော့မယ့် ဇူကာဘတ်


လူမှုကွန်ရက်ဝန်ဆောင်မှု ထိပ်သီး ကုမ္ပဏီကြီး ဖေ့စ်ဘွတ်ခ်ဟာ မိုဘိုင်း ပစ္စည်းတွေအတွက်ပဲ
အဓိက အာရုံ စူးစိုက် ဆောင်ရွက်တော့မှာဖြစ်ပြီး ကုမ္ပဏီရဲ့ စတော့ရှယ်ယာဈေးတွေ စိတ်ပျက်
စရာ ကောင်းလောက်အောင် ကျဆင်းနေပေမယ့် သူ့ရဲ့ကုမ္ပဏီဟာ စွန့်စားရတန်တဲ့ ကုမ္ပဏီ
တစ်ခုအဖြစ် မြင်ပေးဖို့ ဖေ့စ်ဘွတ်ခ် တည်ထောင် သူ မာ့ခ်ဇူကာဘတ်က ပြောပါတယ်။
"လက်ရှိ ကာလမှာ သုံးစွဲသူတွေဟာ ဒက်စတော့ ကွန်ပျူတာတွေထက် မိုဘိုင်းပစ္စည်းတွေကို
ပဲ ပိုပြီးအသုံးပြု လာကြတယ်ဆိုတဲ့ ကျွန်တော့ကိုယ်ပိုင် အသိတွေကတော့ လုံးဝကိုသေချာပါ
တယ်" လို့ ဆန်ဖရန်စစ္စကိုမှာ ကျင်းပတဲ့ TechCrunch Disrupt ညီလာခံမှာ ဇူကာဘတ်ကို
တွေ့ဆုံမေးမြန်းခဲ့စဉ် ပြောကြားခဲ့ပါတယ်။

"ဒါက ကျွန်တော်တို့ရဲ့ အနာဂတ်ပါ။ ကျွန်တော်တို့ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ စီစဉ်
ထားပါတယ်"လို့ သူက ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ကုမ္ပဏီကို လျှော့မတွက်ကြဖို့နဲ့ "ဒက်စတော့ကွန်ပျူတာတွေကနေရတဲ့ ၀င်ငွေထက် မို
ဘိုင်းပစ္စည်းတွေကနေ ငွေပိုရအောင် လုပ်နိုင်တဲ့ လမ်းကြောင်း ပေါ်ရောက်နေပြီ" လို့ ဇူကာ
ဘတ်က ပြောကြားခဲ့ပါတယ်။
ဒီညီလာခံမှာ သူ့ကို တွေ့ဆုံမေးမြန်း ခွင့်ရတာဟာ မေလ ၁၈ ရက်နေ့မှာ သူ့ရဲ့ လူသိရှင်ကြား
တွေ့ဆုံဖြေကြား မှုအပြီး ပထမဦးဆုံးအကြိမ် ပြန်လည် အတွေ့ခံခဲ့တာ ဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ်ရဲ့ ရှယ်ယာတွေဟာ ကုမ္ပဏီက ပထမဦးဆုံးအကြိမ် ရှယ်ယာ ထုတ်ရောင်းချိန်
(အိုင်ပီအို)မှာ ၃၈ ဒေါ်လာနဲ့ ရောင်းချလိုက်ကတည်းက ထက်ဝက်နီးပါး အရှုံးပေါ်နေပါတယ်။
"ရှယ်ယာဈေးတွေကတော့ တော် တော့ကို စိတ်ပျက်စရာကောင်းပါတယ်" လို့ ဇူကာဘတ်
က ပြောကြားခဲ့ပါ တယ်။
ဖေ့စ်ဘွတ်ခ်ဟာ စမတ်ဖုန်းနဲ့ တက် ဘလက်ကွန်ပျူတာတွေကနေ ဖေ့စ် ဘွတ်ခ်အသုံးပြုတဲ့
သူ သန်း ၉၀၀ နဲ့ အဆင်ပြေမယ့် ၀န်ဆောင်မှုတွေနဲ့ ငွေရ မယ့် ကြော်ငာတွေကို ဦးစားပေး
စီစဉ် ပေးနေပါတယ်။
ဝေါလ်စထရိမှာ ဖေ့စ်ဘွတ်ခ်ရှယ်ယာ တွေဟာ စက်တင်ဘာလ ၁၁ ရက်နေ့မှာ တော့ ၃ ဒသမ
၃၀ ရာခိုင်နှုန်း မြင့်တက် သွားပြီး ၁၉ ဒသမ ၄၃ ဒေါ်လာနဲ့ ဈေးသိမ်း သွားပါတယ်။ ဒါပေမယ့်
ဇူကာဘတ်ရဲ့ ပြောကြားချက်တွေ ထွက်ပေါ်အပြီး နောက်ပိုင်းမှာတော့ ရှယ်ယာဈေးတွေဟာ
ဒေါ်လာ ၂၀ ဒသမ ၁၀ အထိ ၃ ဒသမ ၄၅ ရာခိုင်နှုန်းမြင့်တက်သွားပါတယ်။
ကြော်ငြာဝင်ငွေရဖို့အတွက် ဖေ့စ် ဘွတ်ခ်က စတင်အာရုံစိုက်ဆောင်ရွက် နေတဲ့ မိုဘိုင်း
ပစ္စည်းဦးစားပေး ၀န်ဆောင်မှုဟာ အဆင်သင့်မဖြစ်သေး ဘူးလို့ ပြောနေကြတာကို ဇူကာ
ဘတ် က ငြင်းဆိုလိုက်ပြီး " အခုတော့ ကျွန် တော်တို့ ကုမ္ပဏီဟာ မိုဘိုင်းကုမ္ပဏီ တစ်ခုပါ"
လို့ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ ကမ္ဘာကြီးကို ပိုပြီးအချိတ်အဆက်မိမိ ဆက်သွယ်ပေးဖို့နဲ့
ရှယ်ယာရှင်တွေ အတွက် အမြတ်ငွေတွေ ရရှိစေမယ့် သူ့ရဲ့ အစီအစဉ်တွေကို ရှေ့ဆက်ဆောင်
ရွက် သွားမယ်လို့လည်း ဇူကာဘတ်က ပြောကြားခဲ့ပါတယ်။
ဖေ့စ်ဘွတ်ခ်ဟာ ငွေအတွက်ကြည့်ပြီး ၀န်ဆောင်မှုလုပ်ငန်းကြီးကို စတင်ခဲ့တာ မဟုတ်ပါဘူး။
တကယ်တမ်းကတော့ ၀န်ဆောင်မှုလုပ်ငန်းကြီးတည်ဆောက် ဖို့အတွက် ငွေဝင်လမ်းတွေကို
လည်း ရှာခဲ့တာကို ဇူကာဘတ်က အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။
အမေရိကန် စီးပွားရေး လုပ်ငန်းဆိုင်ရာ စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့နဲ့ အိုင်ပီအိုအကြို စာရွက်
စာတမ်းတွေမှာတောင် ဒီအကြောင်းကို ထည့်ပြောထားပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက်
ကုမ္ပဏီ ကြီးဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ ရှယ်ယာ ဈေးကျသွားတဲ့အတွက် ကုမ္ပဏီရဲ့ ဈေး
ကွက်တန်ဖိုး ဒေါ်လာ ၅၀ ဘီလျံ ကျော် အရှုံးပေါ်နေတာနဲ့ ပတ်သက်ပြီး သူ့ကို ပြောကြတဲ့
အခါ ဇူကာဘတ်က ၀င်ငွေ ရဖို့အတွက် စီစဉ်တာကလည်း သူ့ လုပ်ငန်းစဉ်ကြီးရဲ့ ကဏ္ဍအ
စိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
စတော့ဈေးတွေ ထိုးကျသွားတဲ့ အတွက် နစ်နာကြေးအဖြစ် ရှယ်ယာတွေပဲ ရထားတဲ့ ၀န်
ထမ်းတွေရဲ့ ကုမ္ပဏီရဲ့ ယုံကြည်ကိုးစားမှု လျော့ကျသွားတယ် ဆိုတဲ့အချက်ကတော့ ဟုတ်
ပါတယ်လို့ ဇူကာဘတ်က ဖြေကြားပေးခဲ့ပါတယ်။
ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ဝန်ထမ်းတွေဟာ ဝေဖန်ခံရတာ ကျင့်သားရနေပြီ ဖြစ် ကြောင်းနဲ့
ကုမ္ပဏီရဲ့ လှပတဲ့ အနာဂတ် တွေ ရှေ့မှာရှိနေပါတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ဖေ့စ်ဘွတ်ခ်ရဲ့ ၀န်ထမ်းတွေကို နစ်နာ ကြေးအဖြစ်ပေးခဲ့တဲ့ ရှယ်ယာတွေဟာ ငွေသား
တန်ဖိုးအရ တန်ဖိုးဖြတ်ပြီးပေး ထားတာဖြစ်တဲ့အတွက် သူ့ရဲ ၀န်ထမ်း တွေဟာ ဈေးကျ
နေတဲ့ ရှယ်ယာတွေ အများကြီးရထားတယ်လို့ ကုမ္ပဏီရဲ့ စီအီးအိုက ပြောပြပါတယ်။
ဖေ့စ်ဘွတ်ခ်ဟာ ကိုယ်ပိုင်စမတ်ဖုန်း ထုတ်ဖို့ ရှိနေတယ်ဆိုတဲ့ သတင်းဟာ မဟုတ်ပါဘူး
လို့ ဇူကာဘတ်က ငြင်းဆို ခဲ့ပြီး သူ့ကုမ္ပဏီဟာ အပြိုင်အဆိုင်များ လှတဲ့ ဟန်းဆက်
ထုတ်လုပ်ရေး နယ်ပယ် ထဲဝင်ဖို့ အစီအစဉ်မရှိပါဘူးလို့လည်း ပြောကြားခဲ့ပါတယ်။
"အက်ပဲလ်၊ ဂူးဂဲလ် အားလုံးလိုလို ဟန်းဆက်တွေ ထုတ်နေကြတယ်။ ကျွန်တော်တို့
ကတော့ တခြားလမ်းကို ရွေးမှာပါ"လို့ ဇူကာဘတ်က ပြောပါတယ်။
"လူတွေ အသုံးပြုချင်ကြတဲ့ ပစ္စည်းတွေတိုင်းမှာ အသုံးပြုလို့ရမယ့် စနစ်တစ်ခုကို ကျွန်တော်
တို့ တည်ဆောက်ပေးချင်တာပါ"လို့ သူက ပြောပါတယ်။
'ဖေ့စ်ဘွတ်ခ်ဖုန်း'ထုတ်လုပ်မယ့် အစား စမတ်ဖုန်းတိုင်းမှာ ဖေ့စ်ဘွတ်ခ် ကို သုံးလို့ရအောင်
စီစဉ်ပေးမယ့် ဇူကာ ဘတ်ရဲ့ မဟာစီမံကိန်းက ပိုပြီးယုတ္တိတန် တယ်လို့ နည်းပညာဆိုင်ရာ
ကျွမ်းကျင်သူ ဂျက်ဖ်ကက်ဂန်က ပြောပါတယ်။
ဒါ့ပြင် ဇူကာဘတ်က ဖေ့စ်ဘွတ်ခ် ဟာ အွန်လိုင်းရှာဖွေရေးဈေးကွက်မှာ ဂူးဂဲလ်ရဲ့နေရာကို ယူဖို့
အစီအစဉ်မရှိပါ ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ဒါ ပေမယ့် သူ့ရဲ့လူမှုရေးကွန်ရက်ဟာ သုံးစွဲ
သူတွေ ရှာနေကြတဲ့ မိတ်ဆွေတွေရဲ့ စာ မျက်နှာတွေ၊ အက်ပလီကေးရှင်းတွေ၊ ကုမ္ပဏီတွေရဲ့
ကြော်ငြာစာမျက်နှာတွေ နဲ့ တခြားအချက်အလက် စတာတွေ အတွက် တစ်ရက်ကို ရှာဖွေမှု
တစ်ဘီလျံ လောက်ကို ဖြေရှင်းပေးနေရတယ်လို့ ပြောပါတယ်။
"ဖေ့စ်ဘွတ်ခ်ဟာ လူတွေသိချင်တဲ့ အချက်အလက်တော်တော်များများကို ရှာပေးရာမှာ ပြိုင်
ဘက်ကင်းအနေ အထားမှာ ရှိနေပါတယ်" လို့ သူက ပြောပါတယ်။
ဥပမာ- ကိုယ့်ရဲ့ အသိမိတ်ဆွေ အကြိုက်တွေ့ထားတဲ့ စားသောက် ဆိုင်ကို ရှာတာမျိုး၊ အလုပ်
အတွက် အဆက်အသွယ်ရှာတာမျိုးတွေကို ဖေ့စ် ဘွတ်ခ်မှာပဲ ရှာနိုင်တယ်လို့ သူက ပြောပြပါတယ်။
"အတိုင်းအတာတစ်ခုအထိ ကျွန်တော် တို့ လုပ်ပေးနိုင်ပါလိမ့်မယ်။ အချက် အလက်ရှာဖွေရေး
အတွက် ကျွန်တော် တို့မှာ အုပ်စုလိုက် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်တဲ့ အဖွဲ့သားတွေ ရှိပါ
တယ်" လို့ သူက ဆက်ပြီးပြောပြပါတယ်။ ကုမ္ပဏီလည်ပတ်ရေးနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်ရထား
တဲ့ ဇူကာဘတ်က သူ့ ရဲ့ ကုမ္ပဏီဟာ လွန်လွန်ကဲကဲ အထင် ကြီး ခံရတာမျိုးကနေ လုံးဝမျှော်
လင့်ချက် မရှိတော့တာမျိုးအထိ အမျိုးမျိုးဝေဖန်ခံ ရတယ်လို့ ပြောပါတယ်။
"အခုအချိန်ကတော့ ကျွန်တော်တို့ ကုမ္ပဏီကို လူတွေက အထင်သေးနေတဲ့ ကာလထဲမှာ ဖြစ်
နေမှာပါ"လို့ ဇူကာဘတ်က ပြောပါတယ်။
"ဒီအခြေအနေ က ကျွန်တော်တို့ လွတ်မြောက်နိုင်မယ့် လမ်းစတွေ ပေါ်လာမှာဖြစ်သလို ဒါဟာ
စွန့်စားမှုကြီးတစ်ရပ်လည်း ဖြစ်ပါတယ်။ လူတော်တော်များများက ကျွန်တော်တို့ ကို လျှော့
တွက်ထားကြတယ်လို့ ကျွန် တော်ထင်တယ်"လို့ ဇူကာဘတ်က ပြောကြားခဲ့ပါတယ်။
ဇူကာဘတ်ရဲ့ ပြောကြားချက်တွေဟာ အိုင်ပီအိုအကြိုကာလက ဖေ့စ်ဘွတ်ခ် ရဲ့ အနေအထား
မျိုးရောက်အောင် ပြန် အသက်သွင်းနိုင်ခဲ့ပေမယ့် ကုမ္ပဏီရဲ့ ရှယ်ယာတွေ အရှုံးပေါ်နေတာကို
ပြန်ထေမိအောင်မလုပ်နိုင်သေးသလို အမြတ် ဘယ်လောက် ပြန်ရလာနိုင်သလဲ ဆိုတာကို
ရှင်းရှင်းလင်းလင်းမသိရသေး ပါဘူးလို့ ကက်ဂန်က ပြောပါတယ်။
(အေအက်ဖ်ပီ)
    |   Thursday, 11 October 2012
Myanmar Times Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis