menu

Saturday 13 October 2012

အင်းလေးဖောင်တော်ဦးဘုရားပွဲ အောက်တိုဘာ ၁၆ ရက် စမည်

Photo: အင်းလေးဖောင်တော်ဦးဘုရားပွဲ အောက်တိုဘာ ၁၆ ရက် စမည်

ရန်ကုန်၊အောက်တိုဘာ-၁၁

အင်းလေးဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များ ဒေသစာရီ ကြွချီပူဇော်ပွဲကို အောက်တိုဘာ ၁၆ ရက် (သီတင်းကျွတ်လဆန်း ၁ ရက်)မှ 
နိုဝင်ဘာ ၂ ရက် (သီတင်းကျွတ်လပြည့်ကျော် ၃ ရက်)အထိ ကျင်းပမည်ဖြစ်သည်။

“ဖောင်တော်ဦးဘုရားပွဲက ဒေသခံတွေ၊ ပြည်တွင်းက ဧည့်သည်တွေပါမက နိုင်ငံခြားသား ဧည့်သည်တွေပါ အများဆုံး လာရောက်တဲ့ပွဲဖြစ်တယ်။ 
အခု ခရီးသွားရာသီစပြီ။ ဧည့်အ၀င်ကလည်း အရင်နှစ်ကထက် သိသိသာသာ တိုးလာတယ်”ဟု GIC-2 (ရွှေကျွန်းမျှော-၂)ဟိုတယ်မှ 
တာဝန်ခံမန်နေဂျာ တစ်ဦးဖြစ်သူ ဦးခွန်မောင်နီကပြောသည်။

ဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များမှာ အင်းလေးဒေသ ၂၁ ဌာနသို့ ကြွချီအပူဇော်ခံမည် ဖြစ်သည်။ ညောင်ရွှေမြို့တွင်လည်း 
အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်ထိ သုံးရက်ကြာ အပူဇော်ခံမည်ဖြစ်ကြောင်း ဖောင်တော်ဦးဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီက ကြေညာထားသည်။

အင်းလေးဒေသ၌ ယခုအခါ ခရီးသွားရာသီ မစတင်မီ ဧည့်သည်များ အ၀င်နည်းပါးစဉ် ကာလကပင် ယမန်နှစ်ကထက်
နိုင်ငံခြားသားခရီးသွားဧည့်သည် ၀င်ရောက်မှုမှာ ပိုလာကြောင်း၊ ဖောင်တော်ဦးဘုရားပွဲတော်ကာလ၌ ဟိုတယ်အလုံအလောက် မရှိ၍ 
အခက်အခဲများ ရှိနိုင်ပြီး ပို့ဆောင်ရေးနှင့် စားသောက်ဆိုင်များပါ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ဧည့်သည်များ 
များလာသော်လည်း ဟိုတယ်အခန်း မလုံလောက်၍ ကမောက်ကမဖြစ်ရကြောင်း ဦးခွန်မောင်နီကပြောသည်။

မူရင်းသတင်း-- 7Day News Journal 
အေးချမ်းမွန်မှစေတနာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

အင်းလေးဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များ ဒေသစာရီ ကြွချီပူဇော်ပွဲကို အောက်တိုဘာ ၁၆ ရက် (သီတင်းကျွတ်လဆန်း ၁ ရက်)မှ
နိုဝင်ဘာ ၂ ရက် (သီတင်းကျွတ်လပြည့်ကျော် ၃ ရက်)အထိ
ကျင်းပမည်ဖြစ်သည်။

“ဖောင်တော်ဦးဘုရားပွဲက ဒေသခံတွေ၊ ပြည်တွင်းက ဧည့်သည်တွေပါမက နိုင်ငံခြားသား ဧည့်သည်တွေပါ အများဆုံး လာရောက်တဲ့ပွဲဖြစ်တယ်။
အခု ခရီးသွားရာသီစပြီ။ ဧည့်အ၀င်ကလည်း အရင်နှစ်ကထက် သိသိသာသာ တိုးလာတယ်”ဟု GIC-2 (ရွှေကျွန်းမျှော-၂)ဟိုတယ်မှ
တာဝန်ခံမန်နေဂျာ တစ်ဦးဖြစ်သူ ဦးခွန်မောင်နီကပြောသည်။

ဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များမှာ အင်းလေးဒေသ ၂၁ ဌာနသို့ ကြွချီအပူဇော်ခံမည် ဖြစ်သည်။ ညောင်ရွှေမြို့တွင်လည်း
အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်ထိ သုံးရက်ကြာ အပူဇော်ခံမည်ဖြစ်ကြောင်း ဖောင်တော်ဦးဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီက ကြေညာထားသည်။

အင်းလေးဒေသ၌ ယခုအခါ ခရီးသွားရာသီ မစတင်မီ ဧည့်သည်များ အ၀င်နည်းပါးစဉ် ကာလကပင် ယမန်နှစ်ကထက်
နိုင်ငံခြားသားခရီးသွားဧည့်သည် ၀င်ရောက်မှုမှာ ပိုလာကြောင်း၊ ဖောင်တော်ဦးဘုရားပွဲတော်ကာလ၌ ဟိုတယ်အလုံအလောက် မရှိ၍
အခက်အခဲများ ရှိနိုင်ပြီး ပို့ဆောင်ရေးနှင့် စားသောက်ဆိုင်များပါ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ဧည့်သည်များ
များလာသော်လည်း ဟိုတယ်အခန်း မလုံလောက်၍ ကမောက်ကမဖြစ်ရကြောင်း ဦးခွန်မောင်နီကပြောသည်။

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis