menu

Thursday 19 July 2012

နိုင်ငံရေးသမား တစ်ဦး၏ ပထမဦးဆုံး စာအုပ် မိတ်ဆက်ပွဲ

အမှတ်တရ လက်မှတ် ရေးထိုးပေးနေသည့် မင်းကိုနိုင်
အမှတ်တရ လက်မှတ် ရေးထိုးပေးနေသည့် မင်းကိုနိုင်
(၈၈)မျိုးဆက် ကျောင်းသားများ အဖွဲ့မှ (စာရေးဆရာ)မင်းကိုနိုင်၏ ပထမဦးဆုံး လက်ရာတစ်ခု ဖြစ်သည့် “နောက်ကြည့်မှန်” စာအုပ်မိတ်ဆက်ပွဲကို ယနေ့ ဇူလိုင်(၁၆)ရက်၊ နံနက်(၁ဝးဝဝ)နာရီအချိန်က ချမ်းအေးသာဇံမြို့နယ်၊ ၈၄လမ်း၊ (၃၂လမ်းနှင့်၃၃လမ်းကြား)ရှိ ဒီအန်ဂျီ စားသောက်ဆိုင်အတွင်း ကျင်းပခဲ့ရာ စာပေမြတ်နိုးသူများနှင့် နိုင်ငံရေး စိတ်ဝင်စားသူအချို့တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲတွင် (စာရေးဆရာ) မင်းကိုနိုင်က ယင်း၏ပထမဆုံးစာအုပ်ဖြစ်သော နောက်ကြည့်မှန် စာအုပ် ရေးသားဖြစ်ရခြင်းနှင့်ပတ်သက်၍ မန္တလေးအခြေစိုက် သတင်းသမားများအား ရှင်းလင်းတင်ပြခဲ့ပြီး ဝယ်ယူအားပေးသည့်ပရိသတ်များအား  ကိုယ်တိုင် လက်မှတ်ရေးထိုးကာ ရောင်းချပေးခဲ့ပါသည်။
နိုင်ငံရေးသမား (စာရေးဆရာ)မင်းကိုနိုင်၏ ယခု ထုတ်ဝေလိုက်သော ပထမဆုံး စာအုပ်ကို ဇူလိုင်(၁၅)ရက်က ရန်ကုန်မြို့တွင် ရောင်းချပေးခဲ့ပြီး အခြေအနေပေးပါက ဧရာဝတီတိုင်းအထိ သွားရောက် ရောင်းချပေးနိုင်ရန် အစီအစဉ် ရှိကြောင်းကိုလည်း မြန်မာအင်ဒီပဲန့်ဒင့်သို့ ပြောပါသည်။
Independent News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis