menu

Thursday 19 July 2012

၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား NLD ရုံးချုပ်တွင်ကျင်းပ ၊ ဒေါ်အောင်ဆန်းစုကြည် အာဇာနည် နေ့ အနက် အဓိပ္ပာယ်ဖွင့်ဆို

အာဇာနည်စိတ်ဓာတ် မြန်မာ နိုင်ငံတွင်ပျံ့ပွားစေချင်သည့် အတွက် အာ ဇာနည်နေ့ အခမ်းအနားများ နှစ်စဉ် ကျင်းပရခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် ကပြောသည်။
၆၅နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို ရွှေဂုံတိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဇူလိုင် ၁၉ရက် နေ့ကကျင်းပ ခဲ့သည့်အခမ်းအနား တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်မတို့က နိုင်ငံရေးအဖွဲ့ အစည်းဆိုတော့ နိုင်ငံရေး အကြောင်း တွေကိုအခြေခံပြီး ဒီလိုပွဲတွေကို ကျင်းပရတာပါ။ အာဇာနည်စိတ်ဓာတ်ပျံ့ ပွားစေချင်တယ်ဆိုရင် အာဇာနည် စိတ်ဓာတ်ကို လေးစား တယ်ဆိုတာ ကျွန်မ တို့နိုင်ငံမှာ ရှိရမယ်။အများမလေးစားတဲ့ ကိစ္စကိုပျံ့ပွား အောင်လုပ်တယ် ဆိုတာ အင်မ တန်မှခက်ပါတယ်။ အာဇာနည်ဆိုတဲ့ စကားလုံးဟာ မြင့်မြတ်တဲ့ စိတ်ဓာတ် လို့ပဲပြော ပါရစေ''ဟု ယင်းက အာဇာနည် စကားလုံး၏အဓိပ္ပါယ်အား ဖွင့်ဆိုရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြင့်မြတ်သည့်စိတ်ဓာတ်ကို အခြေခံမှသာ အာဇာနည် စိတ်ဓာတ်ဟု ခေါ်ဆိုရမည်ဟုလည်း ယင်း က ဆိုသည်။ သတ္တိရှိပြီး တိုက်ရဲခိုက်ရဲတိုင်း လည်း အာဇာနည်စိတ်ဓာတ် မဟုတ်ကြောင်းလည်း ပြော သည်။
''မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ မြန်မာနိုင်ငံမှာပွားများအောင်လို့ အာဇာ နည်ခေါင်းဆောင်တွေ ကို လေးစား သင့်တယ်။ အာဇာနည်ခေါင်းဆောင်ြ ကီး တွေရဲ့ကျေးဇူးကိုမမေ့သင့်ဘူး''ဟုဆိုသည်။

မြင့်မြတ်ခြင်း စိတ်ထား သည် ပြုစုပျိုးထောင်မှု၊ပညာရေးစနစ်၊ဗီဇမျိုးရိုး တို့ကြောင့်ဖြစ်သည် ဟုလည်း သူမက အဓိပ္ပါယ်ဖွင့်ဆိုခဲ့သေး သည်။
''ဗီဇဆိုတာဘယ်လိုမှငြင်း လို့မရပါဘူး။တစ်ယောက်နဲ့တစ်ယောက် ဟာမွေးကတည်း ကတူလာတာ မဟုတ်ပါဘူး။ပြုစုပျိုးထောင်မှုနဲ့ပညာရေး စနစ်က နေအများကြီးပြုပြင်ပြောင်း လဲပေးနိုင် တယ် လို့ယုံ ကြည်ပါ တယ်''ဟုလည်း ဆိုသည်။

ယင်းအတွက်ကြောင့်ပညာ ရေးစနစ်သည်နိုင်ငံတွင်အရေးကြီး ကြောင်း၊နိုင်ငံတွင်တန်ဖိုးရှိသည့်လူသား များဖြစ်လာစေရေး အတွက် ပညာရေးစနစ် ကိုပြုပြင်ချင်တာဖြစ်ကြောင်း၊ယင်းအတွက် ကြောင့်ပို၍ အမြင်ကျယ်သည့် ပို၍စိတ်ထား မြင့်မြတ်သည့်နိုင်ငံသူနိုင်ငံသားများဖြစ် လာမှာဖြစ်ကြောင်း၊ မိဘတိုင်း ကလည်း မြင့်မြတ်သည့်စိတ်ထားမျိုးဖြစ် လာ စေရန်ပြုစုပျိုးထောင်ပေး ရမည်ဟု ထည့်သွင်း ပြောကြား သွားခဲ့သည်။ အဆိုပါအခမ်းအနားသို့ NLD ရုံးရှေ့အနီးတစ်ဝိုက်တွင် ပါတီအဖွဲ့ဝင်များနှင့် ပြည်သူလူ ထု ပေါင်းတစ်ထောင်နီးပါး ခန့်တက်ရောက်ခဲ့ ကြောင်းသိရသည်။
 (Yangon Media Group)

2 comments:

Related Posts Plugin for WordPress, Blogger...

ShareThis