menu

Thursday 19 July 2012

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ဒုသမ္မတ တက်ရောက်


ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် ဂါရဝပြုစဉ်
ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် ဂါရဝပြုစဉ်
(၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့ ဇူလိုင်(၁၉)ရက် နံနက် (၈)နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံ ဘုရား မြောက်ဘက်မုခ် အနီးရှိ အာဇာနည် ဗိမာန်တွင် ကျင်းပခဲ့ရာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ နိုင်ငံတော် သမ္မတရုံး၏ လွမ်းသူ့ပန်းခွေအား အာဇာနည် ဗိမာန် အသီးသီးတွင် ချခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခြင်း ချစဉ်
ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခြင်း ချစဉ်
ထို့နောက်တွင်မူ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဂူဗိမာန်အား သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ လွမ်းသူ့ပန်းခြင်း( ၃)ခြင်း ချကာ ဂါရဝပြုခဲ့ပြီး၊ ဗိုလ်ချုပ်၏ သားဖြစ်သူကိုယ်စား ဗိုလ်မှူး လှဖေ(ငြိမ်း)မှ တက်ရောက် ဂါရဝပြုခဲ့သည်။
သခင်မြ မိသားစု လွမ်းသူ့ပန်းခွေ ချစဉ်
သခင်မြ မိသားစု လွမ်းသူ့ပန်းခွေ ချစဉ်
ဆက်လက်၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ ဖြစ်သည့် သခင်မြ၊ ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးအုန်းမောင်၊ ရဲဘော် ကိုထွေးတို့၏ မျိုးဆက်ဖြစ်သူ ဆွေမျိုးသားချင်းများက တက်ရောက်ခဲ့ပြီး လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြသည်။
၂ဝ၁၂ ခုနှစ် (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ပါတီပေါင်း (၂၂)ခု တက်ရောက်ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွမ်းသူ့ ပန်းခွေ သယ်ဆောင်လာစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွမ်းသူ့ ပန်းခွေ သယ်ဆောင်လာစဉ်
ထို့အပြင် အမေရိကန်သံရုံးမှ သံအမတ်ကြီးဖြစ်သူ ဒဲရက်မစ်ချယ် အပါအဝင် သံရုံး (၃၂)ခုမှ တာဝန်ရှိသူများမှလည်း အာဇာနည် ခေါင်းဆောင်ကြီးများအား တက်ရောက် ဂါရဝပြုကြသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း စသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGO)ဆယ်ဖွဲ့မှ တာဝန်ရှိသူများလည်း အာဇာနည် ဗိမာန်သို့ လာရောက်ကာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ဂါရဝပြုကြသည်။
အများပြည်သူများမှ တက်ရောက် ဂါရဝပြုလိုသူများ အနေဖြင့်လည်း မိမိတို့၏ နိုင်ငံသားမှတ်ပုံတင်ကတ် ကို မပါမဖြစ် ယူဆောင်ကာ ယနေ့ညနေ (၄)နာရီအထိ သွားရောက် ဂါရဝပြုနိုင်ကြောင်း သိရသည်။
 Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis