menu

Thursday 19 July 2012

အာဖရိကသမဂ္ဂကို အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် ဦးဆောင်မည်



တောင်အာဖရိက ပြည်ထဲရေးဝန်ကြီးကို သူ၏ခင်ပွန်းဟောင်း ဂျက်ကော့ဇူးမားက အာဖရိကသမဂ္ဂဆွေးနွေးပွဲတွင် ဇူလိုင်လ ၁၆ ရက်နေ့က နှုတ်ဆက်နေစဉ် Photo:AFP
အဖွဲ့ဝင် ၅၄ နိုင်ငံပါဝင်သော အာဖရိကသမဂ္ဂကို ဦးဆောင်မည့်သူရွေးချယ်ပွဲကို ပြုလုပ်ခဲ့ရာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးက ယင်းအဖွဲ့ကို ဦးဆောင်ရတော့မည်ဖြစ်ကြောင်း သိရသည်။
တောင်အာဖရိက ပြည်ထဲရေးဝန်ကြီး အင်ကိုဆာဇာနာဒီလာမီနီဇူးမားကို အကြိတ်အနယ် ယှဉ်ပြိုင်ရသော မဲခွဲမှုအပြီး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အသက် ၆၃ နှစ်ရှိ ဒီလာမီနီဇူးမားမှာ တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမား၏ ဇနီးဟောင်းဖြစ်သည်။
ဇူလိုင်လ ၁၅ ရက်တွင် အီသီ ယိုးပီးယားနိုင်ငံမြို့တော် အက်ဒက်စ် အက်ဘာဘာမြို့တွင် ရွေးချယ်ပွဲပြု လုပ်ခဲ့ပြီး မဲသုံးပုံနှစ်ပုံရမှသာ ရွေးချယ်ခံရခြင်းဖြစ်သည်။

ပြင်သစ်စကား အသုံးများသော အာဖရိကအနောက်ခြမ်းမှ နိုင်ငံ ၃၀ ကျော်က လက်ရှိဥက္ကဋ္ဌဖြစ်သူ အသက် ၆၉ နှစ်ရှိ ဂါဘွန်သမ္မတ ယန်းပင်းကို ထောက်ခံသည်။ သို့သော် တောင်အာဖရိကသမ္မတ ဇူးမား ဦးဆောင်သော တောင်အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး အသိုက်အ၀န်းကမူ ဇူး ဒီလာမီနီဇူးမားကို ထောက်ခံသည်။
ဥက္ကဋ္ဌသစ်အနေဖြင့် အာဏာသိမ်းမှုဖြစ်ခဲ့သော ဂီနီဘစ်ဆာအိုနှင့် မာလီအရေးစသည့်တို့ကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ ပင်းလက်ထက်တွင် အိုင်ဗရီကို့စ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်မှု နှေးကွေးမှုအတွက် ဝေဖန်ခံခဲ့ရသည်။
Ref:CNN
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis