menu

Sunday 15 January 2012

Window 7 Gadgets ပြသနာဖြေရှင်းနည်း

ယနေ့အသုံးများလာတဲ့ Windows 7 ဟာ စက်အတတ်မြန်ပြီး ထူးခြားလှတဲ့ Feature တွေကြောင့် စွဲမက်စရာတစ်ခုဖြစ်ပါတယ်။ Feature တွေထဲက Gadgets ကလည်း Desktop ပေါ်မှာ ပြက္ခဒိန်တွေ၊ နာရီပုံတွေနဲ့ အလှဆင်ထားတာကြောင့် Windows 7 ရဲ့ Icon တစ်ခုအဖြစ်ပါဝင်ပါတယ်။
ဒါပေမယ့် Windows 7 မှာ ကွန်ပျူတာဗိုင်းရပ်စ်တွေ ၀င်အကိုက်ခံရပြီး ဗိုင်းရပ်စ်တွေရှင်းထုတ်ရင်း Gadgets Feature တွေမပေါ် တော့တာ ဖြစ်တတ်ပါတယ်။
ဒါကြောင့် Gadgets Feature ပြဿနာဖြေရှင်းနည်းတစ်ခုကို ဒီတစ်ပတ်အိုင်တီဗဟုသုအဖြစ် ဖော်ပြလိုက်ပါတယ်။

အဆင့်(၁) UAC setting
Windows 7 မှာ batch ဖိုင်ရေးဖို့အတွက် အရင်ဆုံး User Account Control Setting Level(UAC) ကို Low အနေအထား အရင်ဆုံး ပြောင်းရမှာ ဖြစ်ပါတယ်။ UAC Setting ကို Low အနေအထားမှာ ပြောင်းမထားဘူးဆိုရင် Gadgets Feature ကို ပြင်ဖို့ Batch ဖိုင် ချရေးလို့ မရဖြစ်ပါလိမ့်မယ်။ Windows 7 ရဲ့ Start Menu ကိုနှိပ်ပါ။ Search Program and Files Box မှာ UAC လို့ ရိုက်ထည့်ပါ။
Search result list မှာ User Account Control ပေါ်လာပါလိမ့်မယ်။ UAC Setting ကို နှိပ်ပါ။ UAC Setting Windows ပေါ်လာရင် Bar တန်းလေးကို အောက်အနိမ့်ဆုံး Never Notify အဆင့်ထိရောက်အောင် ဆွဲချပြီး OK ကို နှိပ်လိုက်ပါ။
အဆင့်(၂) Batch ဖိုင်ရေးသားခြင်း
Gadgets Feature ကိုပြင်ဖို့ Batch File တစ်ခုကိုရေးရမှာဖြစ်ပါတယ်။ Notepad ကိုဖွင့်ပြီး အောက်မှာဖော်ပြထားတဲ့ စာတွေကို မှန်ကန်အောင်ရေးထည့်ပါ။(မှတ်ချက်-နံပါတ်စဉ်များမထည့်ရ။)
1)Ntaskkill /im sidebar.exe /f
2)regsvr32 msxml3.dll
3)regsvr32 scrrun.dll
4)regsvr32 jscript.dll
5)regsvr32 atl.dll
6)Regsvr32 "%ProgramFiles%\Windows Sidebar\sbdrop.dll"
7)Regsvr32 "%ProgramFiles%\Windows Sidebar\wlsrvc.dll"
8)reg delete "HKEY_CURRENT_USER\Software\Microsoft\Windows\ CurrentVersion\ Internet Settings\ Zones" /f
9)"%ProgramFiles%\Windows Sidebar\sidebar.exe"

Notepad မှာ Save လုပ်တော့မယ်ဆိုရင် Save Box ရဲ့ Save as type မှာ All Files ကိုရွေးပြီး ဖိုင်အမည်ကို Gadgetsfix.bat လို့ပေးပြီး သိမ်းလိုက်ပါ။
သိမ်းပြီးသွားတဲ့ Gadgetsfix.bat ဖိုင်ကို Right Click နှိပ်ပြီး Run as administrator ကိုရွေးပြီးနှိပ်လိုက်ပါ။
ဒါဆိုရင် Gadgets Feature ကို ပြင်လိုက်ပြီ ဖြစ်ပါကြောင်း ဖော်ပြလိုက်ပါတယ်။
By Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis