menu

Sunday 15 January 2012

ဆန်းပြားသည့် ဖျော်ဖြေမှုများဖြင့်တင်ဆက်ခဲ့သည့် City FM (၁၀)နှစ်ပြည့်

e4416
နှစ်စဉ် ကျင်းပပြုလုပ်နေကျ ဖြစ်သည့် စီးတီးအက်ဖ်အမ်၏ ဆယ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား အား ဇန်န၀ါရီလ ၇ ရက်နေ့ညနေ ၆နာရီအချိန်တွင် ရန်ကုန်မြို့ MCC ခန်းမတွင် ပြုလုပ်ခဲ့သည်။

စီးတီးအက်ဖ်အမ်၏ ဆယ်နှစ်ပြည့် အခမ်းအနားဖျော်ဖြေပွဲကို အနောက်တိုင်း တေးဂီတနှင့်အရှေ့တိုင်း တေးဂီတတို့ ပေါင်းစပ်ဖျော်ဖြေမှု အဖြစ် ‘ပင်တိုင်စံအတွက် အချစ်ရဲ့အလင်းရောင်’ တေးသီချင်းကို ချမ်းချမ်းနှင့် နေနေတို့က သီဆိုဖျော်ဖြေခဲ့သည်။ ဇော်ပိုင်က ‘ဆက်ချစ်နေမယ်’ တေးသီ ချင်းနှင့်အဆိုတော်  Dဖြိုးနှင့် စိုးပြည့်သဇင်တို့ တွဲဖက်၍ ‘ဆန္ဒမစောနဲ့’ တေးသီချင်းအား သီဆိုဖျော်ဖြေပေးခဲ့သည်။
ထို့နောက် အဆိုတော် အောင်ကိုလတ်နှင့် စန္ဒီမြင့်လွင်တို့ တွဲဖက်၍ ‘ကိုဘီအေ’ တေးသီချင်း၊ ဖြူဖြူကျော်သိန်းက ယူရေနီယမ်အကအဖွဲ့နှင့်အတူ ‘အဘယ့်ကြောင့်ဆိုသော်’ တေးသီချင်း၊ လူငယ်အဆိုရှင်များ ဖြစ်သည့် ဘန်နီဖြိုး၊ နန္ဒာထွန်းလွင်၊ လွှမ်းပိုင်တို့က ‘နင်ပြန်လာမယ့်အချိန်’ သီချင်း၊ ချမ်းချမ်း၏ ဒုတိယအကျော့ သီဆိုဖျော်ဖြေမှုအဖြစ် ‘ကိုယ်သိထားရဲ့’ တေးသီချင်း၊ တေးသံရှင် တင်ဇာမော် ကလည်း ခေမီကိုအကအဖွဲ့နှင့် တွဲဖက်၍ ‘စုန်းမ’ တေးသီချင်း၊ သရုပ်ဆောင် နေတိုးကလည်း တစ်ခေတ်တစ်ခါ ကထင်ရှားခဲ့သည့် ပုသိမ်မောင်စိမ်းသူ၏ ‘ယုဇနပင်နှင့်ဖဲကြိုးဝါ’တေးသီချင်း ကို မော်ဒယ်လ်များ၏ ပါဖောမန့်စ်များ နှင့် တွဲဖက်တင်ဆက်ခဲ့သည်။ ထို့နောက် ကွယ်လွန်သွားပြီဖြစ်သည့် တေးရေး မောင်သစ်မင်းအား ဂုဏ်ပြု အစီအစဉ်အဖြစ် ‘တစ်ချက်လေး စောင်းငဲ့ကြည့်ဦး’ တေးသီချင်းကို တေးသံရှင် ဥာဏ်လင်းအောင်နှင့် ၀ိုင်းစုခိုင်သိန်းတို့က သီဆိုခဲ့ပြီး Rဇာနည်ကလည်း ‘အိပ်မက်ထဲကအဖြေ’ တေးသီချင်းဖြင့် သီဆို ဖျော်ဖြေပေးခဲ့သည်။
ဖျော်ဖြေမှု အစီအစဉ်များ၏ ကြားထဲတွင် ၂၀၁၁ ခုနှစ် တစ်နှစ်တာ လုံးအတွက် စီးတီးအက်ဖ်အမ်မှ ရွေးချယ်ထားသည့် ဆုများအား ကြေညာခဲ့ရာ ရောင်းအားအကောင်းဆုံး မြန်မာသံ ထုတ်လုပ်သူဆုကို ဗညားဟန်သီဆိုသည့် ‘မိုးသည်းညအလွမ်းပန်းချီ’ တေးစီးရီးဖြင့် ကမ္ဘာကျော် တေးထုတ်လုပ်ရေး၊ ရောင်းအား အကောင်းဆုံး စတီရီယို တေးစီးရီး ထုတ်လုပ်သူအဖြစ် ‘တကယ်ဆိုရင် အချစ်ပဲလိုတယ်’ ထုတ်လုပ်သူ မေသော်၊ ရောင်းအား အကောင်းဆုံး မြန်မာသံ အမျိုးသားဆုအဖြစ် ‘မိုးသည်းည အလွမ်းပန်းချီ’ တေးစီးရီးဖြင့် တေးသံရှင် ဗညားဟန်၊ ရောင်းအား အကောင်းဆုံး စတီရီယို အမျိုးသမီးဆုအဖြစ် ‘တကယ်ဆိုရင် အချစ်ပဲလိုတယ်’ တေးစီးရီးဖြင့် ချမ်းချမ်း၊ ရောင်းအားအကောင်းဆုံး စတီရီယိုအမျိုးသားဆု အဖြစ် ‘အဆိပ်တက်အိပ်မက်’ တေးစီးရီးဖြင့်  Rဇာနည်၊ ပရိသတ်များအကြား ရေပန်းအစားဆုံး အမျိုးသမီး အဆိုရှင်အဖြစ် ချမ်းချမ်း၊ ရေပန်း အစားဆုံး အမျိုးသားဆုအဖြစ် အောင်လ၊ ပရိသတ်များအကြား အအောင်မြင်ဆုံး တေးဂီတအဖွဲ့ဆုတို့ကို Reason အဖွဲ့တို့က ဆွတ်ခူးရရှိခဲ့သည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis