menu

Sunday 15 January 2012

Fudan University မှပေးအပ်သော Postgraduate Scholarship Program



Fudan University ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဂုဏ်ထူးဆောင်တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ ၁၉၀၅ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သက်တမ်းအနေနဲ့ နှစ်ပေါင်း (၁၀၀) ကျော်ခဲ့ပြီဖြစ်ပါတယ်။


Fudan University ဟာ ရှန်ဟိုင်းမြို့မှာတည်ရှိပြီး တရုတ်နိုင်ငံရဲ့တက္ကသိုလ်များ Ranking မှာ အဆင့်သုံးနေရာမှာရှိပါတယ်။ Fudan University ဟာ နိုင်ငံတကာကျောင်းသားလက်ခံတဲ့ ဆေးတက္ကသိုလ် (၃၀) ထဲမှ တစ်ခုအပါအ၀င်လည်းဖြစ်ပါတယ်။ Fudan Medical Program ကို Singapore's Medical Council မှအသိအမှတ်ပြုပြီး၊ USA, UK, Australia နဲ့ အခြားဥရောပနိုင်ငံအများစုမှလည်း အသိအမှတ်ပြုထားပါတယ်။ Postgraduate Scholarship Program ကတော့ တရုတ်နိုင်ငံရဲ့ အစိုးရမှပေးအပ်တဲ့ Scholarship Program တစ်ခုဖြစ်ပါတယ်။ ဒီ Scholarship ရဲ့ အဓိကရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံများမှ ကျောင်းသားများအချင်းချင်း ပညာရေး၊ စီးပွားရေးနဲ့ နည်းပညာအမြင်များ ဖလှယ်နိုင်ဖို့အတွက် အဓိကရည်ရွယ်ချက်ထားရှိကြောင်းကို တွေ့ရပါတယ်။ Fudan ရဲ့ Full-Time Postgraduate Scholarship Program ဟာ ၂၀၁၂ ခုနှစ်အတွင်းမှာ စတင်မှာဖြစ်ပါတယ်။ Scholarship ပေးမယ့် အရေအတွက်ကတော့ (၃၀) ဖြစ်ပြီး၊ Application Deadline ကတော့ ၂၀၁၂ ခုနှစ်ရဲ့ ဧပြီလ ၆ ရက်မှာဖြစ်ပါတယ်။ Schoarship Program ရရှိသောကျောင်းသားများအနေနဲ့ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျူရှင်နဲ့ စာသင်ကြားမှုအပါအ၀င် နေထိုင်စရိတ်ကိုပါ ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။ လစဉ်အသုံးစရိတ်အနေနဲ့ Master ဘွဲ့တက်ရောက်သူတွေအတွက် လစဉ် 1700 RMB နှင့် Doctorate ဘွဲ့တက်ရောက်သူတွေအတွက် 2000 RMB ရရှိမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ http://iso.fudan.edu.cn/en/ တွင် ၀င်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။


ပညာသင်ဆုလျှောက်ထားလိုသူများအတွက် လိုအပ်ချက်များ
၁။ကျန်းမာရေးကောင်းမွန်သည့် နိုင်ငံခြားသားဖြစ်ရပါမယ်။ (တရုတ်နိုင်ငံသားမဟုတ်ခြင်း)
၂။နိုင်ငံတကာမှအသိအမှတ်ပြုသည့် သက်ဆိုင်ရာနိုင်ငံမှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရပါမယ်။ တက္ကသိုလ်များမှ အောင်မြင်မှုအဆင့်မြင့်မားရမည်ဖြစ်ပြီး အဆိုပါတက္ကသိုလ်မှ Fudan University သို့တက်ရောက်ခြင်းကို ထောက်ခံချက်ပါရှိရမှာ ဖြစ်ပါတယ်။
၃။တရုတ်နိုင်ငံရှိ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်မှာ မဟုတ်ပါဘူး။
၎။အသက်ကန့်သတ်ချက်အနေနဲ့ Master ဘွဲ့ရရှိထားသူများ အသက် (၄၀) နှစ်ထက်မကြီးသူ၊ Master ဘွဲ့တက်ရောက်ဆဲနှင့် အခြားဘွဲ့ရရှိထားသူများအနေနဲ့ အသက် (၃၅) နှစ်ထက်မကြီးသူများ ဖြစ်ရပါမယ်။
၅။ပညာသင်ဆုချီးမြှင့်ခံရသူများအနေနဲ့ ၂၀၁၂ ပညာသင်နှစ်အတွင်း Fudan University တွင် တက်ရောက်ပညာသင်ကြားရမှာဖြစ်ပါတယ်။
၆။နောက်ဆုံးအချက်အနေနဲ့ အခြားမည်သည့် Scholarship Program ကိုမျှ လက်ခံထားသူမဟုတ်ကြောင်း ထောက်ခံချက်ပါရှိရမှာဖြစ်ပါတယ်။

ပညာသင်ဆုအကြောင်း လေ့လာစရာဝက်ဘ်ဆိုက်
www.fudan.edu.cn

Fudan University အကြောင်းကို အွန်လိုင်းမှတစ်ဆင့်လေ့လာနိုင်ရန်အတွက် www.fudan.edu.cn/englishnew မှာလေ့လာနိုင်မှာဖြစ်ပါတယ်။ Web Site အတွင်းမှာတော့ Fudan University အကြောင်းကို ပြည့်စုံစွာဖော်ပြပေးထားတာကို တွေ့ရပါတယ်။ သင်ကြားနိုင်သောဘာသာရပ်များ၊ သင်ကြားမှုစနစ်များကို ဖော်ပြပေးထားပြီး၊ Fudan Campus များအကြောင်းကိုလည်း ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားပါတယ်။ Fundan ရဲ့ နောက်ဆုံးသတင်းအချက်အလက်များကိုလည်း Web Site ရဲ့ Home Page မှာဖော်ပြပေးထားပါတယ်။ Scholarship အကြောင်းကိုလည်း ၀င်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။
By Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis