menu

Sunday 15 January 2012

မ.ထ.သ ကိုကုမ္ပဏီအဖြစ်ပြောင်းမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(မ.ထ.သ) ကို ကုမ္ပဏီအဖြစ်ပြောင်းလဲရန်အတွက် ရန်ကုန်သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုအသင်းအမည်ဖြင့် ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မ.ထ.သ မှ တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ပြောကြား သည်။

မ.ထ.သ ကို ရန်ကုန်သယ်ယူပို့ဆောင်ရေးအသင်းအဖြစ်ပြောင်းလဲဆောင်ရွက်ရန် တင်ပြထား ကြောင်း၊ ကုမ္ပဏီအဖြစ် ပြောင်းလဲသော်လည်း စည်းကမ်းများကိုလည်း ပြန်လည်ရေးဆွဲမည်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌများကိုလည်း ရွေးချယ်၍ ပြောင်းလဲတင်မြှောက်ကြမည်ဖြစ်ကြောင်း၊ ကုမ္ပဏီဖြစ်သော်လည်း ရှယ် ယာရှင်များ ဖိတ်ခေါ်မည်မဟုတ်ကြောင်း၊ ခရီးသွားပြည်သူများ ကောင်းကျိုးကိုသာ လိုလားသည့် အသင်းဝင် များသာ ၂ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်သော်လည်း အမြတ်မယူဘဲ ခရီးသည်များအတွက် မှတ်တိုင်များ၊ ခရီး သည်နားနေဆောင်များကို ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ၄င်းက The Voice Weekly သို့ဖြေရှင်းပြော ကြားသည်။

မ.ထ.သကိုကုမ္ပဏီအဖြစ်ပြောင်းလဲ သတ်မှတ်မှုသည် မ.ထ.သဗဟိုကို ထိခိုက်မှုရှိ၊မရှိနှင့် ပတ် သက်၍မေးမြန်းရာ " ကျွန်တော်တို့ကို အရင်အစိုးရလက်ထက်ကတည်းက ဖွဲ့စည်းပေးထားတာပါ။ NGO ဖြစ်ပေ မယ့်အစိုးရရဲ့ ကြီးကြပ်မှုအောက်မှာပဲ ရှိတာပါ။ အခုလက်ရှိအစိုးရကလည်း ခန့်ထားတာပါပဲ။ သူတို့ကိုလည်း အ စိုးရက ပဲခန့်ထားတာပါ။ သူတို့လုပ်တာလည်းကောင်းရာကောင်းကျိုးအတွက်ပဲ ဖြစ်မှာပါ" ဟု မ.ထ.သ ဗဟိုမှ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး မောင်မြို့(ငြိမ်း) က ဖြေကြားသည်။

" တစ်လတစ်ခါ လူမှုဖူလုံရေးအတွက် ၁၂၅၀ ကျပ် မ.ထ.သ ကိုပေးနေရတယ်။ ယာဉ်နောက် လိုက်တစ်ဦးဆေးရုံတက်ရလို့ လူမှုဖူလုံရေးထောက်ပံ့ငွေတဲ့၊ အဲဒီကိစ္စကို မ.ထ.သက ဘယ်ဝန်ထမ်းကိုဘယ်လို မေးရမှန်း မသိတော့မထုတ်ဖြစ်တော့ဘူးပေါ့" ဟု ၄င်းက The Voice Weekly သို့ရှင်းပြသည်။

ရန်ကုန်မြို့တွင်းခရီးသည်အများစုကမူ မ.ထ.သ၏ ဥပဒေများ ထုတ်ပြန်သော်လည်း အသက်မ ၀င်သည်မှာ မတ်တတ်စီးလူပိုတင်နေသည့် အထူကားများကို မြင်နိုင်ကြောင်း၊ မ.ထ.သမှ အချိန် ထိန်းဂိတ်များ သည် လိုင်းကားများထံမှ သဒ္ဓါကြေးပိုက်ဆုံတောင်း၍ လက်မှတ်ထိုးသည်မှလွဲလျှင် မည်သည့်လုပ်ဆောင်မှုမျှ ပီ ပီပြင်ပြင်မတွေ့ကြောင်း ပြောဆိုကြသည်။

မ.ထ.သ၏ စီမံခန့်ခွဲမှုအောက်တွင် ၂၀၁၁ ခုနှစ်၊ ဧပြီလထိ စာရင်းများအရ ယာဉ်လိုင်းပေါင်း ၁၃၉ လိုင်း၊ ယာဉ်စီးရေ ၁၁၁၈ စီးပြေးဆွဲနေသည်ဟု မ.ထ.သ ၏ တရားဝင်စာရင်းများအရ သိရှိရသည်။

The Voice Weekly Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis