menu

Sunday 15 January 2012

ထိုင်းဂျာနယ်လစ်တစ်ဦး ဖူးခက်တွင်ပစ်သတ်ခံရ

ဒေသဆိုင်ရာ သတင်းစာတစ်စောင်၏ ပိုင်ရှင်၊ ထိုင်းဂျာနယ်လစ်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးမှာ ခရီးသွားများလာရောက်ရာ ဖူးခက်ကမ်းခြေတွင် သေနတ်သမားများက ပစ်သတ်သွားခဲ့ကြောင်း သိရသည်။

''သူကားမောင်းနေချိန်မှာ သေနတ်နဲ့ လေးကြိမ်ပစ်ခံခဲ့ရတာပါ။ သူ့ ရဲ့ကားရှေ့ကနေ ဖြတ်ဝင်လာတဲ့ မော်တော်ဆိုင်ကယ်တစ်စီးပေါ်က သေနတ်သမားတွေက ပစ်သတ်သွားတာပါ။ အခြားခရီးသည်တွေတော့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူး။ သူ့တစ်ယောက်ကိုပဲ ပစ်မှတ်ထားပြီး ပစ်သတ်သွားတာပါ''ဟု ခရိုင်ရဲအရာရှိ ချုပ်ရဲမှူးကြီး Chote Chidchai က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
အသက် ၄၀ အရွယ်ရှိ Inside Phuket  သတင်းစာပိုင်ရှင် Wisut Tangwitthayaporn သည် ဖူးခက်ရှိ လယ်ယာမြေဌာန၏ ခြစားမှုနှင့် ဆက်စပ်သည့်သတင်းများကို သူ၏ သတင်းစာတွင် ဖော်ပြခဲ့ဖူးပြီး  ရှပ်နီ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးအဖြစ် ဒေသတွင် လူသိများသူဖြစ်သည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis