ရန်ကုန်၊ ဇန်န၀ါရီ ၁၀
၉.၁.၂၀၁၄ ရက်နေ့ ၂၃၅၅ အချိန် ရွှေပြည်သာမြို့နယ်၊ (၈)ရပ်ကွက်၊ ဗိုလ်လရောင်(၃)လမ်း၊ အမှတ် ၉၈(က)နေ ကိုနေလင်းထိုက် (ဘ)ဦးတင်ဝင်းသည် မီးအားမြှင့်စက်အား ဖွင့်ထားပြီးအိပ်ပျော်သွားခဲ့ရာ ၁၀.၁.၂၀၁၄ ရက်နေ့ ၀၄၄၅အချိန်တွင် မီးအားမြှင့်စက်မှာအပူလွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့သဖြင့် ၎င်း၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းတစ်ထပ်နေအိမ်(၁)လုံးနှင့် ဘေးချင်းကပ် အမှတ် ၉၈(ခ)ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနှစ်ထပ်အိမ်(၁)လုံးတို့အားကူးစက်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီးတို့ ရောက်ရှိငြိမ်းသတ်ခဲ့၍ ၀၅၁၅ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
မီးလောင်မှုကြောင့် နေအိမ်(၂)လုံးဆုံးရှုံးခဲ့ပြီး ကိုနေလင်းထိုက်၏ ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာများရရှိခဲ့သောကြောင့်
အင်းစိန်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိပါသည်။
အဆိုပါမီးလောင်မှုဖြစ်ပွါးခဲ့သည့်အတွက် လျှပ်စစ်မီးအားပေါ့ဆစွာသုံးစွဲသူ ကိုနေလင်းထိုက်အား ရွှေပြည်သာမြို့မရဲစခန်း (ပ)၁၇/၂၀၁၄၊
ပုဒ်မ ၂၈၅/၃၃၇ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

No comments:
Post a Comment