menu

Friday 10 January 2014

ထိုင်းနိုင်ငံတွင် လုံခြုံရေးစိုးရိမ်မှုကြောင့် နိုင်ငံခြားသံရုံးများ ပိတ်


မောင်ဖေသက်နီ (ဘာသာပြန်)

လာမယ့် ဇန်န၀ါရီ ၁၃ ရက်နေ့မှာ ဆန္ဒပြမှုတွေနဲ့ နီးတဲ့နေရာတွေကို မသွားကြဖို့ သက်ဆိုင်တဲ့ နိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေရဲ့ သံရုံးတွေက ကြေညာချက်တွေ ထုတ်ပြန် သတိပေးထားတယ်လို့ သိရပါတယ်။

မြို့တော် ဘန်ကောက်မှာ ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းရေးမှူး ဆီဟာဆက် ဖုအဲန်ကက်ကော် (Sihasak Phuangketkaew)က ပြောဆိုလိုက်ပါတယ်။

ဘန်ကောက်မြို့မှာရှိတဲ့ ဆီလုံလမ်း၊ ဆသွန်လမ်းနဲ့ ၀ိုင်ယာလက်လမ်းတွေပေါ်မှာ ရှိတဲ့ နိုင်ငံခြားသံရုံး ၂၀ လောက်ဟာ အဲဒီ လမ်းတွေပေါ်မှာ ဆန္ဒပြမှုတွေ ရှိနိုင်တယ်လို့ ကြေညာချက်တွေ ထုတ်ပြန်သတိပေးထားပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ အမြဲတမ်း အတွင်းရေးမှူး ဆီဟာဆက် ဖုအဲန်ကက်ကော်က နိုင်ငံခြား သံတမန်တွေကို ကိုးကားပြီး အဲဒီလမ်းတွေပေါ်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ရှိလာနိုင်တဲ့အတွက် လာမယ် ဇန်န၀ါရီ ၁၃ ရက်နေ့မှာ ဘန်ကောက်မြို့တမြို့လုံး လုံခြုံရေး အတွက် နိုင်ငံခြားသံတမန်တွေကို ဖိတ်ကြားပြီး တွေ့ဆုံပွဲမှာ သံတမန်တွေကိုရော၊ ထိုင်းနိုင်ငံ ရောက်နေကြတဲ့ သက်ဆိုင်ရာ နိုင်ငံသားတွေကိုရော သတိထားကြဖို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

နိုင်ငံပေါင်း ၅၀ က သံတမန်ပေါင်း ၆၃ ယောက် တက်ရောက်ခဲ့ပါတယ်။

တက်ရောက်သူတွေထဲမှာ ပြင်သစ်၊ ဂျာမနီ၊ ဒိန်းမတ်၊ အီတလီနဲ့ ကနေဒါ သံအမတ်ကြီးတွေအပါအ၀င် သံတမန်ဝန်ထမ်း စုစုပေါင်း ၂၈ ယောက်ဟာ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ ဂျီနီဗာ သဘောတူညီချက်အရ (Geneva Convention) နိုင်ငံခြားသားတွေရော၊ အခြားသူတွေ အတွက်ရော လုံလုံခြုံခြုံနဲ့ ခရီးသွားလာနိုင်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်တဲ့အတိုင်း လုံလုံခြုံခြုံ ရှိတဲ့နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ အမြဲတမ်းအတွင်းရေးမှူး ဆီဟာဆက် ဖုအဲန်ကက်ကော်ကတော့ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်နေတဲ့ သက်ဆိုင်ရာနိုင်ငံသားတွေ ပြဿနာ တစုံတရာ ဖြစ်ခဲ့ရင် ထိုင်းနိုင်ငံက ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းပေးသွားမယ့်အကြောင်း ရှင်းလင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့ (Centre for the Administration of Peace and Order)ဟာ နိုင်ငံခြားသံရုံးတွေနဲ့ သံရုံးဝန်ထမ်းတွေရဲ့ လုံခြုံရေးကိစ္စအ၀၀ကို တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

နိုင်ငံခြားသံတမန်တွေကို ကိုးကားပြီး သူက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ လမ်းဆုံနဲ့ လမ်းခွတိုင်းလိုလိုမှာ ပိတ်ဆို့ စခန်းချပြီး သူတို့ တောင်းဆိုတာတွေ မရမချင်း သံတမန်ဆိုင်ရာ မော်တော်ယာဉ်တွေကလွဲပြီး တခြား မည်သည့်မော်တော်ယာဉ်ကိုမဆို ၀င်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးကတော့ သံရုံးယာယီဖွင့်ထားတဲ့ CAT Telecom Plc ရုံးဖွင့်ထားတဲ့ ချာရူအဲန်ခရူးန်လမ်းမှာ အစိုးရဆန္ဒပြပွဲတွေ စတင်ကာစက လျှပ်စစ်မီးတွေ ဖြတ်တောက်ထားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ကြီးကတော့ အစိုးရဆန္ဒပြသူတွေက လေယာဉ်ကွင်း တွေကို သိမ်းပိုက်ထားမယ်ဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး သူအနေနဲ့ စိုးရိမ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
“ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်ဆုဘန်ကတော့ ဘယ်လေယာဉ်ကွင်းကိုမှ မလုပ်ပါဘူးလို့ အာမခံသွားတာပဲ” လို့ ဂျာမန်သံအမတ်ကြီးက ပြောဆိုသွားခဲ့ပါတယ်။

DVB Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis