menu

Friday 10 January 2014

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း ဟားခါးမြို့မှာ တည်းခိုနေထိုင်ခဲ့ရမှုအခြေအနေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဒုဝန်ကြီး ရှင်းလင်းချက်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း ဟားခါးမြို့မှာ တည်းခိုနေထိုင်ခဲ့ရမှုအခြေအနေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရက စီစဉ်ပေးမှုမရှိဘူးဆိုပြီး ပြောဆိုမှုတွေကို မီဒီယာများမှာ တွေ့ရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရနဲ့ ဆက်သွယ်မေးမြန်းသိရှိရတဲ့ အခြေအနေများကိုတင်ပြအပ် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တည်းခိုနိုင်ဖို့အတွက် ပြည်နယ်အစိုးရမှ ပြည်ထောင်စုရိပ်သာ အခန်း(၂ ) အား ဒေါ်အောင်ဆန်းစုကြည် အတွက်လည်းကောင်း၊ PSO နှင့် လုံခြုံရေးဟုသူ ပေါင်း( ၁၀ )ဦးအတွက် ယခင်က ၀န်ကြီးများလာရောက်လျှင် တည်းခိုနေထိုင်လေ့ရှိသော ( ၂ )ယောက်ခန်းအမှတ် ( ၄/၅/၆ ) နဲ့ PSO ခန်း COMMON HALLအား ပေးခဲ့ပါသည်။

အခန်းအရေအတွက်သာလျာထားပေးခဲ့ခြင်းဖြစ်ပြီး နေရာချထားမှုကို NLD အစီစဉ်ဖြင့်ဆောင်ရွက်ရန်စီစဉ်ပေး ခဲ့ပါတယ်။ အခန်း (၁) ကတော့ အစဉ်အလာအရ နိုင်ငံတော်အကြီးအကဲ တွက်သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒုသမ္မတနဲ့ ပြည်ထောင်စု လွှတ်တော်နာယက ကြီး တို့ လာရောက်စဉ်မှာလည်း အခန်း ၂ မှာပဲ တည်းခိုနေထိုင်ခဲ့တာဖြစ် ပါတယ်။


အဲဒီအချိန်က ပြည်ထောင်စုရိပ်သာမှာ ဟိုတုံးထဲက ရောက်ရှိတည်းခိုနေတဲ့ နိုင်ငံခြားသား ၄ ဦးအပါအ၀င် ဧည့် သည်များကိုတော့ ရိပ်သာရဲ့နောက်ဘက် အခန်းငယ်များမှ နေရာချထားပေးခဲ့ပါတယ်။

ဒါ့အပြင်ပန်းကန်ခွက်ယောက်များငှားရမ်းရန်ပြောကြားတဲ့အတွက် ၁၅ ဦးစာပန်းကန်ခွက်ယောက်များနဲ့ ရိပ်သာ မှာ ချက်ပြုတ်နိုင်ရန် စီစဉ်ပေးခဲ့ပါတယ်။

ဒါပေမယ့် ဇန်နဝါရီ ၇ ရက်နေ့ ညနေမှာ ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးရာကျုံး က ရိပ်သာမှာမနေတော့ဘဲ ချယ်ရီတည်းခိုခန်းမှာပဲ နေထိုင်မယ်လို့ လာရောက်အကြောင်း ကြားခဲ့ပါတယ်ဟု
ဒုဝန်ကြီးက လည်းကောင်း၏ Facebook တွင်ယနေ့ရေးသားခဲ့ ပါတယ်။

Copy From....Ye Htut Facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis