menu

Tuesday 14 January 2014

Samsung Galaxy S5 ကို လန်ဒန်တွင် မိတ်ဆက်ပြသမည်

Samsung Galaxy S5 နဲ့ S5 min, S5 Zoom တို့ကို လန်ဒန်မှာ မိတ်ဆက်ပြသ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ မိတ်ဆက်ပြသမယ့် အချိန်ကတော့ ၂၀၁၄ မတ်လ ဖြစ်ပြီး ဒီအတွက် Samsung က ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဆိုပါတယ်။ 

ဖုန်းမှာ ထူးခြားချက်က သတ္တုကိုယ်ထည် စမတ်ဖုန်း၊ ပလပ်စတစ် ကိုယ်ထည်နဲ့ စမတ်ဖုန်း ဆိုပြီးတော့ ၂ မျိုး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒါဟာ Apple ရဲ့  iPhone 5S မှာ လုပ်သွားတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီတော့ ထုံးစံ အတိုင်း သတ္တုကိုယ်ထည်နဲ့ စမတ်ဖုန်းက ဈေးကြီးပြီး ပလပ်စတစ်က အနည်း ငယ် ဈေးသက်သာမှာ ဖြစ်ပါတယ်။ အတွင်းက Specificaition တွေ ကတော့ မကွာလောက် ပါဘူး။ သတ္တုကို ယူရိုငွေ ၈၀၀၊ ပလပ်စတစ်ဖုန်းကို ယူရိုငွေ ၆၅၀ ရှိမှာ ဖြစ်ကြောင်း သတင်းများ ထွက်ရှိ နေပါတယ်။ မျက်နှာပြင် အရွယ်က ၅.၂၅ လက်မ ဖြစ်ပါတယ်။ 

မျက်နှာပြည် အရည် အသွေး ကလည်း 2560x1440 Super AMOLED ဖြစ် တာကြောင့် ကမ္ဘာ့ မျက်နှာပြင် အကြည်လင်ဆုံး စမတ်ဖုန်းစာရင်းထဲ ထိပ်တန်း ပါဝင်လာမှာ ဖြစ်ပါတယ်။ Processor ကလည်း Exynos 6 သို့မဟုတ် Snapdragon 805 ကို အသုံးပြုမှာ ဖြစ်ပါတယ်။ RAM အသေးစိတ်ကိုတော့ မဖော်ပြထား ပါဘူး။ ဘက်ထရီကိုလည်း မဖော်ပြ ထားပါဘူး။ ကင်မရာက နောက်ကျောမှာ 16 Megapixel ရှိပြီး ရှေ့ မှာ ဘယ်လောက် ပါတယ် ဆိုတာကို မဖော်ပြ သေး ပါဘူး။ Android 4.4 KitKat ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ အခြားသော Specification များများ သိသိသာသာ တိုးတက်လာတာကြောင့် ၂၀၁၄ မှာ ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း ဖြစ်ကြောင်း Samsung တို့ ဂုဏ်တင်ပြောအုံး မှာပါ။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Samsung Galaxy S5 ရဲ့  Screenshot ဆိုပြီးတော့ တင်လိုက်တာ ထူးခြားချက်တွေ အများကြီး တွေ့ရ ပါတယ်။ အဓိကကတော့ UI ပြောင်းသွားခြင်း ဖြစ်ပါတယ်။ S4 သုံးရတာနဲ့ S5 သုံးရတာ သိသိ သာသာကို ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။ Samsung Galaxy S5 ဟာ ၂၀၁၄ နှစ်ဆန်းအတွက် လူစိတ်ဝင်စားမှု အများဆုံး စမတ်ဖုန်းအဖြစ် အသိအမှတ်ပြုထားကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm ) 

Smart Pro Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis