menu

Tuesday 14 January 2014

မင်္ဂလာ ဆွမ်းကျွေးနဲ့ ဧည့်ခံပွဲ စုစုပေါင်းလေးပွဲ ကျင်းပပြုလုပ်သွားမယ်လို့ ဖွင့်ဟလိုက်တဲ့ ချစ်သုဝေ

Photo: မင်္ဂလာ ဆွမ်းကျွေးနဲ့ ဧည့်ခံပွဲ စုစုပေါင်းလေးပွဲ ကျင်းပပြုလုပ်သွားမယ်လို့ ဖွင့်ဟလိုက်တဲ့ ချစ်သုဝေ
Tuesday, January 14, 2014

ဂီတဖက်မှာရော ၊ သရုပ်ဆောင်နယ်ပယ်မှာပါ ပရိသတ် အားပေးလက်ခံသလို ပညာရေး နယ်ပယ်မှာလဲ ပြောစရာမလိုလောက်အောင် လူသိများကျော်
ကြားတဲ့အပြင် အောင်မြင်မှုတွေ ဆင့်ကာဆင့်ကာ ပိုင်ဆိုင်နေသူကတော့ ချစ်သုဝေပဲဖြစ်ပါတယ်။

မကြာသေးခင် အချိန်တစ်ခုမှာ မင်္ဂလာဆောင်တော့မယ်လို့သိရတာကြောင့် သူမနဲ့တွေ့ဆုံခိုက် မေးမြန်းကြည့်ဖြစ်တဲ့အခါမှာတော့ သူမက ‘အခုရိုက်နေ
တဲ့ ကားလေးက နမိတ်စကားတဲ့။ မင်းသားက သားငယ်ပေါ့။ ဒါရိုက်တာက ကိုသားကြီးပါ။ ဒီကားလေးထဲက ကာရိုက်တာလေးက ငယ်ငယ်လေးက
တည်းက မိဘမဲ့ကျောင်းက သူငယ်ချင်းကို စိတ်စွဲလန်းပြီးတော့ ခွဲခွာတဲ့ခါ သူ့ကိုပြန်ရှာတာပေါ့။ အရမ်းအသက်ကြီးမှ ပြန်တွေ့ရတယ်။

သဘောကတော့ အစွဲအလန်းကြီးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ကာရိုက်
တာပေါ့။ ကာရိုက်တာလေးကလဲ ဆန်းတော့ မမသရုပ်ဆောင်ရမဲ့ ကာရိုက်တာအတိုင်းပဲ စီးမျောပါတယ်’တဲ့။

မီးအိမ်ကဗျာ အမ်တီဗီလေးနဲ့ပတ်သတ်ပြီးတော့လဲ ‘မတ်လမှာထွက်ပါမယ်။ မတ်လမှာထွက်မဲ့ အခါကျရင် မမတို့နှစ်ယောက်ရဲ့အမှတ်တရပုံရိပ်လေးတွေ ပရိသတ်တွေကို အမှတ်တရ ထည့်ပေးချင်တဲ့အတွက် မင်္ဂလာဆောင်ပြီးမှ ထွက်ဖို့စီစဉ်ဖြစ်တာပါ။ မမတို့အခွေလေးထဲမှာတော့ထူးခြားတာမထူးခြား
တာ၊ ငွေကုန်အကြေးအကျများတာ မများတာတွေက ပရိသတ်ကိုကြီးကြီး ကျယ်ကျယ်လျှောက်ပြောနေရမဲ့အရာတွေမှမဟုတ်တာ။ သီချင်း အမ်တီဗီ ဗီဒီယိုတစ်ခု ဆိုတာ ရုပ်နဲ့ကိုယ်ပုံဖော်ထားတဲ့ကိုယ့်ဂီတနဲ့လိုက်ဖက်နေဖို့
ပဲလိုတယ်လို့မြင်တယ်။ ထွက်ထားတဲ့ သီချင်းတွေကို ရုပ်နဲ့ပြန်ပြီး ပုံဖော်
တာပေါ့။ အဓိက ကမမရဲ့ သီချင်းတစ်ပုဒ်စီ တိုင်းမှာ သီချင်းနဲ့လိုက်ဖက်တဲ့ သီချင်းရဲ့မျှော်လင့်ချက်၊ သီချင်းရဲ့ရည်ရွယ်ချက်တွေ အရာအားလုံးက ရုပ်အားလုံးထည့်လိုက်တဲ့အခါမှာ မမသီချင်းတွေပုံပေါ်သွားဖို့ပဲ မမကမျှော်လင့်တယ်။ ဘယ်လိုကြီး ထူးခြားရမယ်ဆိုပြီး မမလုပ်သမျှ အလုပ်တွေအားလုံးမှာ မတွေးခဲ့မိဘူးဖူး။ လိုက်ဖက်မှုရှိအောင်ပဲ အဆင်ပြေအောင် လုပ်ထားတယ်။ အကောင်းဆုံး သီချင်းတွေနဲ့အလိုက်
ဖက်ဆုံးဖြစ်အောင် မမပုံဖော်ခဲ့တာကြီးပါပဲ။ မမရဲ့ တစ်ကိုယ်တော်အခွေ
ကတော့ သီချင်းတွေက သွင်းထားတာ တစ်ဝက်လောက်ရှိနေပြီ။ အခုကကားရိုက်တွေက ပြန်ပြည့်နေပြီ။ ဒါပေမဲ့ ၂၀၁၄ မှာမမရဲ့ တစ်ကိုယ်တော်အခွေအတွက် ပြန်စလုပ်ဖြစ်မှာပါ’လို့ သူမက ပြောပါတယ်။

မကြာခင်မှာ ကျင်းပတော့မဲ့ သူမရဲ့ မင်္ဂလာအစီအစဉ်နဲ့ပတ်သတ်ပြီးတော့လဲ ‘မမတို့ဒီလကုန်ပေါ့။ ၂၈ ရက်က ပိဋကတ်သုံးပုံနိကျယ်စာသင်တိုက်မှာ မင်္ဂလာဦးဆွမ်းကျွေးလုပ်မယ်။

၃၀ရက်က စိန်မေရီ ကာသီခြယ် ဘုရားကျောင်းမှာWedding Reception လုပ်မယ်။ ၁ရက်နေ့က ချောင်းသာမှာ Beach Party လုပ်မယ်။ ပြီးရင်ဖေဖော်ဝါရီ၉ရက်နေ့က အရှင်ဆေကိန္ဒကျောင်းမှာ ဘုန်းကြီးဆွမ်းကျွေး ထပ်လုပ်ပါမယ။် နှစ်ယောက်စလုံးက အနုပညာရှင်ဖြစ်တဲ့အတွက် အနုပညာ
အလုပ်တွေကိုပဲ အားကြိုးမာန်တက် လုပ်သွားဦးမှာပါပဲ။

မင်္ဂလာဦးဆွမ်းကျွေးက မပုံ့ (my Favourite)က စီစဉ်ပေးပါတယ်။ ဘုရားကျောင်းကကျတော့ အန်တီမိုးကုတ်ပေါက်ပေါက်နဲ့ ကိုပြည်စိုးအောင်
တို့ကစီစဉ်ပေးပါတယ်။၂စုံပေါ့။ ချောင်းသာကကျတော့ မပုံ့နဲ့မသဲ (vivid)တို့က ၂စုံပေါ့။ ၉ရက်နေ့ကကျတော့ ပိုးလတ်(လတ်လတ်မြင့်ဆိုင်) မမကားရိုက်တွေကျရင် ချုပ်ပေးနေကျ ဒီဇိုင်နာမမက တာဝန်ယူပေးမယ်’လို့ သူမက ပြောပြပေးခဲ့ပါတယ်။

Ref:Trend Myanmar

Aye Chan Mon# Credit To : အင်းလေးမီဒီယာ> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

အင်းလေးမီဒီယာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis