menu

Tuesday 14 January 2014

အိမ်နီးချင်းရဲ့အိမ်ကိုကြက်ဥနဲ့ပေါက်လို့ ရဲအတိုင်ခံရတဲ့ Justin Bieber

Justin Bieber ကတော့သူနေထိုင်ရာအရပ်ဖြစ်တဲ့ Calabasas, Califronia မှပြဿနာ။ ရှာလိုက်ပြန်ပါပြီ။ ပေါ့ပ်ကြယ်ပွင့်ဟာအိမ်နီးချင်းရဲ့အိမ်ကိုကြက်ဥနဲ့ပေါက်တယ်လို့ အစွပ်စွဲခံရတာဖြစ်ပါတယ်။
ကြာသာပတေးနေ့ညက အဲဒီ့အိမ်နီးချင်းဟာ သူ့ရဲ့အိမ်ကိုတဒုန်းဒုန်းရိုက်ခက်တဲ့အသံတွေကြားရပြီး အမြင်ထွက်ကြည့်လိုက်တော့ ၁၉ နှစ်သားအဆိုတော်ဟာ သူ့ရဲ့အိမ်ကို အရာဝတ္တုပစ္စည်းတွေနဲ့ပစ်ပေါက်နေတာကိုမြင်ရတယ်လို့ TMZ.com ကဆိုပါတယ်။
အဲဒီ့အိမ်နီးချင်းဟာ Los Angeles ဌာနေရဲမှုးကို ဖုန်းဆက်တိုင်ကြားခဲ့ပြီး Bieber ကသူ့အိမ်ရဲ့အိမ်ရှေ့တံခါးကို ကြက်ဥနဲ့ပေါက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ့အမည်မသိအိမ်နီးချင်းက “မင်းဘာလုပ်နေတာလဲကွ” လို့အော်ဟစ်တဲ့အခါ Bieber ကသူ့ကို ကြက်ဥတွေနဲ့ပေါက်တယ်လို့ဆိုပါတယ်။
အာဏာပိုင်တွေကတော့ လူတစ်ယောက်သူတို့ကိုဖုန်းဆက်ပြီး တိုင်ကြားမှုတစ်ခုလုပ်ခဲ့တယ်ဆိုတာကို အတည်ပြုလိုက်ပါတယ်။
ဒါဟာ Bieber တစ်ယောက် အိမ်နီးချင်းတွေနဲ့ပြသနာတက်တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်တုန်းကလဲသူဟာ အထိမ်းအကွပ်မဲ့ ယဉ်မောင်းနှံတာနဲ့ ဆူညံတဲ့ပါတီတွေလုပ်ခဲ့တယ်လို့ သူတို့ကတိုင်ကြားပါတယ်။
လက်တလောမှာတော့ Bieber ကသူ့ရဲ့ရည်းစားဟောင်း Selena Gomez နဲ့ ပြန်တွဲနေတယ် လို့သတင်းထွက်နေပြီး ပြီးခဲ့တဲ့အပါတ်အားလပ်ရက်က Chris Brown ရဲ့ RV ကားနဲ့ camp ထွက်ခဲ့တယ်လို့ဆိုပါတယ်။

Ref:starpulse
Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis