menu

Tuesday 14 January 2014

ဒီလှိုင်းစာစောင် ပြည်သူ့အသံကဏ္ဍတွင် ပါဝင်သည့် အကြောင်းအရာအပေါ် မျက်လှည့်ပညာရှင် မစ္စတာတော့ပ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်


Published on: January 14, 2014

ဒီလှိုင်းစာစောင် အတွဲ (၂) အမှတ် ၄၉၊ စာမျက်နှာ ၁၁ ပြည်သူ့အသံကဏ္ဍ “ဆိပ်ကြီး ခနောင်တိုမှာ အိပ်ပျော်နေကြပြီလား” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည့် ဖြစ်စဉ်အပေါ် မျက်လှည့်ပညာရှင် မစ္စတာတော့ပ်က ဇန်န၀ါရီ ၁၃ ရက် မွန်းလွဲပိုင်းတွင် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ မီဒီယာသမားများအား ရှင်းလင်းပြောကြားခဲ့သည်။

၎င်းက “ပြဿနာဖြစ်တာက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဖြစ်တယ်။ ကျွန်တော်က တံတားဆောက်တုန်းက ပေးလိုက်ရတဲ့ မြေနေရာတွေထဲက ပိုတဲ့မြေနေရာ တစ်ဝက်ကို ၀န်ကြီးချုပ် နှုတ်ကတိနဲ့ ပြန်ရလို့ ခြံစည်းရိုး ခတ်တာကို ရပ်ကျေး NLD ခေါင်းဆောင် ဦးမြင့်သန်း အပါအ၀င် ရပ်ကျေးအဖွဲ့ဝင်တွေက လာတားတယ်။ သူတို့ဘက်က ဒီမြေနေရာကို ရပ်ကွက်ဘောလုံးကွင်း ဆောက်မယ်လို့ အခိုင်အမာပြောပြီး လာတားတယ်။ ဂျာနယ်ထဲမှာ ပါတဲ့အတိုင်း လမ်းပိတ်ပြီး ခြံစည်းရိုးခတ်တယ်ဆိုတာ မဟုတ်ပါဘူး။ ဆောက်လုပ်ရေးက သတ်မှတ်ပေးထားတဲ့ လမ်းအကျယ် ရှစ်ပေရှိပါတယ်။ ဒီလိုမျိုး ဂျာနယ်ထဲမှာ ကျွန်တော်က လမ်းပိတ်ပြီး ခြံစည်းရိုး ခတ်တယ်လို့ ပြောထားတဲ့အတွက် ကျွန်တော့် ဂုဏ်သိက္ခာကို ထိခိုက်စေလို့ ဒီလိုမျိုး ရှင်းရတာပါ” ဟု ရှင်းလင်းပြောကြားသည်။



ပြဿနာဖြစ်တာက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဖြစ်တယ်။ ကျွန်တော်က တံတားဆောက်တုန်းက ပေးလိုက်ရတဲ့ မြေနေရာတွေထဲက ပိုတဲ့မြေနေရာ တစ်ဝက်ကို ၀န်ကြီးချုပ် နှုတ်ကတိနဲ့ ပြန်ရလို့ ခြံစည်းရိုး ခတ်တာကို ရပ်ကျေး NLD ခေါင်းဆောင် ဦးမြင့်သန်း အပါအ၀င

ဆက်လက်ပြီး ၎င်းက ယခုအငြင်းပွားမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကိုယ်တိုင် ဒီဇင်ဘာ ၂၄ ရက် နေ့က ကွင်းဆင်းလာပြီး မူလခြံပိုင်ရှင်များအား ပိုင်ဆိုင်ခွင့်ပေးရန် ညွှန်ကြားသွားခဲ့သည်ဟု ဆိုသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆိပ်ကြီးခနောင်တိုမြို့နယ် NLD ဥက္ကဋ္ဌ ဦးမိုးဟိန်းက “ဒီမြေကွက်တွေကို ရပ်ကျေးဥက္ကဋ္ဌ ဦးမြင့်သန်းဘက်က ရပ်ကွက်ရေးရာ အကျိုးရှိမယ့် နေရာတစ်ခုခုအဖြစ် သတ်မှတ်ချင်တာလို့ ထင်ပါတယ်။ ဒါကို မစ္စတာတော့ပ်က သူ့ကိုပိုတဲ့မြေ ပြန်မရစေချင်ဘူးလို့ အထင်လွဲသွားတာ ဖြစ်ပါမယ်။ လမ်းအတွက် မြေတောင်းတော့လည်း တစ်ပေတစ်လက်မမှ မပေးဘူးလို့ပြောတယ်။ လမ်းအတွက်မြေ ပေ ၂၀ တောင်းထားပါတယ်။ မီးလောင်မှု ဖြစ်ပွားမယ်ဆိုရင် ရပ်ကွက်ထဲကို ၀င်ဖို့လမ်းက ကျဉ်းတဲ့အတွက် ဖြစ်ပါတယ်” ဟု ဇန်န၀ါ ရီ ၁၃ ရက် မွန်းလွဲပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဒီလှိုင်းစာစောင် အတွဲ (၂) အမှတ် ၄၉၊ စာမျက်နှာ ၁၁ ပြည်သူ့အသံကဏ္ဍ ဆိပ်ကြီးခနောင်တိုမှာ အိပ်ပျော်နေကြပြီလား” ခေါင်းစဉ်ဖြင့် မျက်လှည့်ပညာရှင် မစ္စတာတော့ပ်က နိုဝင်ဘာ ၁၅ ရက်တွင် ခနောင်တို အနောက်ရပ်ကွက် ကန်သာယာ (၃) လမ်းအား ပိတ်ပြီး ခြံခတ်လိုက်သဖြင့် ရပ်ကွက်နေသူများက ၀ိုင်းဝန်းတားမြစ်သဖြင့် နှစ်ဖက် အပြန်အလှန် ရန်ပွဲနွှဲကြမည့်ဆဲဆဲ ဖြစ်ခဲ့ကြောင်းနှင့် တံတားနှင့်အပြိုင် ခြံစည်းရိုး ခတ်ထားသဖြင့် ရပ်ကွက်ထွက်သောလမ်းမှာ လုံးဝထွက်ပေါက်မရှိ၊ ဂျပ်ပိတ်ရပ်ကွက် ဖြစ်တော့မည် စသည်ဖြင့် ဆိပ်ကြီးခနောင်တိုသား ဆိုသူက ရေးသားထားသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis