menu

Tuesday 14 January 2014

အဘိုးအရင်းဖြစ်သူမှ မြေးဖြစ်သူအားသားမယားအဖြစ်ပြုကျင့်

ပဲခူးခရိုင်၊က၀မြို့နယ်၊က၀မြို့မရဲစခန်းအပိုင်တွင် (၁.၁.၂၀၁၄)နေ့ ည(၇း၀၀)
အချိန်ခန့်က အဘိုးအရင်းဖြစ်သူမှ မြေးဖြစ်သူအား သားမယားအဖြစ်ပြုကျင့်
မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မသူသူအောင်(၁၃)နှစ်၊(ဘ)ဦးဗဒင်၊ဗမာ/
ဗုဒ္ဓ၊ မှီခို - က၀မြို့နယ်၊ မကြက်ကြီးကျေးရွာနေသူမှ နေအိမ်
အပေါ်ဘုရားခန်းတွင်လဲလျောင်းနေစဉ် တစ်အိမ်တည်းနေ အဘိုးအရင်းဖြစ်
သူ ဦးကြွက်ဖြူ(၆၄)နှစ်၊(ဘ)ဦးစိန်ရွှေ၊ဗမာ/ဗုဒ္ဓ၊ကျဘန်းမကြက်ကြီးကျေးရွာနေသူမှ
အရက်သေစာများသောက်စားထားပြီး နေအိမ်အောက်
ထပ်မှ နေအိမ်အပေါ်ထပ်သို့တက်လာပြီး ထမီလှန်၍ သားမယားအဖြစ်ပြု
ကျင့်သည့်အပြင် ဘယ်ဘက်ရင်သားအားလည်းဖျစ်ညစ်ကိုင်တွယ်သဖြင့်
မသူသူအောင်မှ နာကျင်၍အော်ရာ အိမ်နီးချင်းများဖြစ်ကြသော
ဒေါ်ကြည်သန်း(၄၀)နှစ်၊(ဘ)ဦးပေတီး၊ဗမာ/ဗုဒ္ဓ၊မှီခိုနှင့်ဒေါ်ခင်ဝင်း(၅၃)နှစ်၊
(ဘ)ဦးကျော်လှိုင်၊ဗမာ/ဗုဒ္ဓ၊မှီခိုတို့မှ နေအိမ်ရှေ့မှအော်သံကြားရာသို့ ဓါတ်မီး
ဖြင့်ထိုးကြည့်စဉ် ဦးကြွက်ဖြူမှာ ပုဆိုးချွတ်ဖြင့်နေအိမ်ပေါ်မှ ဆင်းပြေးသွား
သဖြင့် မသူသူအောင်မှ၎င်းအားအလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်
သော အဘိုးရင်းဖြစ်သူဦးကြွက်ဖြူအား အရေးယူပေးပါရန်တိုင်ကြား
သဖြင့် က၀မြို့မရဲစခန်းမှ(ပ)၄/၂၀၁၄၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆
အရအမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

ကိုသန့် ဇင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis