menu

Thursday 16 January 2014

Apple ၏ iPhone 6 ဟာ မျက်နှာပြင် 5.5 ဖြစ်ဖွယ်ရှိ

Photo: Apple ၏ iPhone 6 ဟာ မျက်နှာပြင်  5.5 ဖြစ်ဖွယ်ရှိ

Apple ၏ ပရိသတ်တွေ အတွက် သတင်းကောင်းတစ်ခုလို့ ဆိုရမှာပေါ့။
ယခုနှစ် အတော်အတွင်းမှာ မိတ်ဆက်ပြသဖွယ်ရှိသည့် iPhone 6 ဟာ 
မျက်နှာပြင် 5.5 ဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ 

သို့သော်လည်း Apple မှ ဖုန်းနှစ်လုံး ထွက်ဖွယ် ရှိပါတယ်။ တစ်ခုကတော့
မျက်နှာပြင် 5.5 လက်မ resolution 1080 x 1920 အမြင်အား 401ppi
ရှိတဲ့ဖုန်းနှင့် နောက်တစ်လုံးက မျက်နှာပြင်  4.7 လက်မ resolution
900 x 1600 အမြင်အား 386ppi ဆိုပြီး Apple မှ ထုတ်ဖွယ်ရှိကြောင်း
သိရပါတယ်။ နှစ်ခုလုံးကတော့ iPhone 5S ကဲ့သို့ မျက်နှာပြင်(LTPS) LCD
ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါကြောင့်  iPhone 6 ဟာ ဘယ်လိုမျိုး ပုံစံတွေနဲ့ ထုတ်လုပ်လာမလဲဆို
တာကို Apple ပရိသတ်တွေ စောင့်မျှော် အားပေး လိုက်ကြရအောင်။

ကျော်လင်းနိုင် (www.smart.com.mm)

Smart Pro Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis