menu

Thursday 16 January 2014

" ဒုတိယမြောက် ရင်သွေးလွယ်ထားရပြီ ဖြစ်တဲ့ ဇင်ဇင်ဇော်မြင့် "

အနုပညာရှင်ဇင်ဇင်ဇော်မြင့်က ပထမရင်သွေးလေးဖြစ်တဲ့ သားဦးအောင်ကျော်ကျော်ပိုင်ကို မွေးဖွားပြီး ၄နှစ်အကြာ ခုချိန်မှာတော့ ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရပြီဖြစ်ပါတယ်။ ဒုတိယမြောက် ကိုယ်ဝန်က ၃လကျော်ရှိပြီဖြစ်တဲ့အတွက် ရင်သွေးလေးနှစ်ယောက် အပေါ်ထားရှိတဲ့ မိခင်တစ်ယောက်ရဲ့ ဖြစ် ပေါ်လာတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး ဇင်ဇင်ဇော်မြင့်က…

“ပထမရင်သွေးလေးကို လွယ်ခဲ့ရ တုန်းကလည်း သားဦးလေးဆို တော့ တအားကို စိတ် လှုပ်ရှားခဲ့ရတယ်။ ခုဒုတိယရင်သွေးလေးကျ ပြန်တော့လည်း သမီးလေးလည်း လိုချင်တယ်။ သမီးလေးရရင်လည်း ချစ်စရာကောင်းမှာပဲဆိုပြီး တွေးမိ တယ်။ ဒါပေမဲ့ခုချိန်ထိ ဘာလေး မွေးမယ်မှန်း မသိသေးဘူး။ အစ်မရဲ့ ကိုယ်ဝန်က ၃လကျော်ပဲ ရှိသေးတယ်။ အာထရာဆောင်း ရိုက်လို့မရသေး ဘူး။ 

ဒီတစ်ခေါက်ရင်သွေးလေးကိုတော့ သမီးလေးလိုချင်တယ်။ ဒီတစ် ခါလည်း စိတ်လှုပ်ရှားရတာပါပဲ။ ဒုတိယရင်ေ သွးလေးမွေးပြီးရင်လည်း ဒီကလေးကို ဂရုစိုက်ရသလို၊ သားကြီးကိုလည်း ပိုပြီးတော့ ဂရုစိုက်ရမယ်လို့ တွေးမိတယ်။ ဘာ လို့လဲဆိုတော့ ၂ယောက်ဆိုတော့ အငယ်လေး က ဘာမှမသိသေးပေမယ့် သားကြီး ကျတော့ နားလည်နေပြီ အရွယ်ဖြစ်တဲ့အတွက်သူ့ရဲ့စိတ်အပေါ်တစ်ခုခုခံစား သွားရမှာလည်း စိုးတဲ့အတွက် မျှမျှတတဂရုစိုက်သွား မယ်လို့ တွေးမိတယ်။ သားကြီးက လည်း အဖော်တအားလိုချင်တယ်။ ညီမလေးပဲဖြစ်ဖြစ်၊ ညီလေးပဲဖြစ်ဖြစ် သူက လိုချင်တယ်။ ခုဒုတိယရင် သွေးလေးကို ၄နှစ်ေ လာက်ခြားပြီးမှ ယူလိုက်တာဆိုတော့ သားကြီးက လည်း တအားပျော်နေပါတယ်။ 

အခုချိန်ထဲက သားကြီးအတွက် တစ်ခုခုဝယ်ပေးရင် ဒီရင်သွေးလေး အတွက်ပါ ဝယ်ပေး ပါဆိုပြီး ပြောတယ်။ ခုချိန်ထဲက ဒီလိုအသိလေးရှိတဲ့အတွက် တစ်ကိုယ် ကောင်းဆန်တာမျိုး သူ့မှာ မရှိဘူး။ဒုတိယမြောက် ရင်သွေးလေးမွေးပြီး သွားရင်လည်း နှစ်ယောက် က အဆင်ပြေမယ်လို့ ထင်တယ်” လို့ ပြောပြခဲ့ပါတယ်။     ဒုတိယမြောက်ရင်သွေးလေး ကို OG  ဆရာမကြီးဒေါ်ခင်သိန်းဦး နဲ့အပ်ထားပြီး ပန်းလှိုင်ဆေးရုံမှာပဲ မွေးဖြစ် မယ်လို့ ပြောပြခဲ့ပါတယ်။

Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis