menu

Thursday 16 January 2014

" ဇန်နဝါရီလကုန် မန္တလေးမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမယ့် စိုးသူ"

Photo: " ဇန်နဝါရီလကုန် မန္တလေးမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ 
ကျင်းပမယ့် စိုးသူ"

 မြန်မာပြည်နဲ့ နှစ်များစွာ ဝေးကွာနေခဲ့ပြီး အနုပညာလောက နဲ့လည်း အလှမ်းကွာနေခဲ့တဲ့ ကိုယ်ပိုင် အနုပညာခေတ် တစ်ခေတ် တည်ထောင်နိုင်ခဲ့သူ အကယ်ဒမီ စိုးသူက ဒီနှစ် အကယ်ဒမီ ဆုပေးပွဲ အခမ်းအနားကိုလည်း ဒုတိယအကြိမ် တက်ရောက် အားပေးခဲ့တာ တွေ့မြင်တာမို့ အခုနှစ် အကယ်ဒမီပေးပွဲ မြင်ကွင်းနဲ့ ပတ်သက်ပြီး မေးကြည့်တော့ ”အနုပညာရှင်တွေ စုံစုံညီညီနဲ့ တွေ့ရတော့ ပျော်စရာကြီး၊ မနှစ်တုန်း ကလည်း ပျော်ဖို့ ကောင်းတယ်။ ဒီနှစ်လည်း ပျော်စရာ ကောင်းပါတယ်။ ကျွန်တော်တို့ ဟိုးအရင်တုန်းကလည်း အခုလိုပဲ လှေကားအတိုင်း တည့်တည့်ကြီး တက်ရတဲ့ပွဲတွေ ရှိတယ်လေ။ ဘေးကနေ ပတ်တက်ရတဲ့ ပွဲလည်း ရှိမယ် ထင်တယ်။ သေချာတော့ မမှတ်မိတော့ဘူး။ မနှစ်က ကျတော့ ဘေးကနေ ပတ်တက်ရတော့ တစ်မျိုးလေးပဲ။ အခုလို တည့်တည့်တက်ရတော့လည်း မြန်မြန် ရောက်တာပေါ့။ အစီအစဉ်တွေက သူ့ဟာနဲ့သူ ကောင်းတာချည်းပါပဲ” လို့ ပြောပါတယ်။

တစ်ကိုယ်တော် သီချင်းခွေ တစ်ခွေ ထွက်ရှိဖို့ကိုလည်း စီစဉ်နေပြီ ဖြစ်သလို အရင်တုန်းက ခေတ်ပုံစံ မပျောက်အောင်၊ ဒီဘက်ခေတ်နဲ့ လိုက်လျော ညီထွေမှုရှိတဲ့ သီချင်းတွေ ဖြစ်အောင် စီစဉ်နေတယ်လို့ ဆိုတဲ့ စိုးသူက

”အရင်တုန်း သီချင်းပုံစံတော့ မဟုတ်ဘူး။ွRock N Roll တော့ Rock N Roll ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုက်တဲ့ Rock N Roll ကို အရင်တုန်းက ပုံစံမျိုး မဟုတ်ဘဲ ဒီဘက်ခေတ်နဲ့လည်း နီးစပ်တဲ့ ပုံစံမျိုး၊ အရင်တုန်းက ပုံစံလည်း မပျောက်ဘူး။ ဒီဘက်ခေတ်နဲ့လည်း လိုက်ဖက်တဲ့ ပုံစံမျိုးတွေ ပါမှာပါ။ အမြန်ဆုံး ပရိသတ် နားဆင်နိုင်အောင် အဲဒါကိုပဲ ဆက်တိုက် လုပ်ဖြစ်နေပါတယ်။ သီချင်းခေါင်းစဉ်တော့ စဉ်းစားနေတုန်းပဲ။ အမြတ်နိုးဆုံး လို့ ပေးဖို့ စိတ်ကူးထားတယ်” လို့ ပြောပြီး တစ်ကိုယ်တော် အခွေကို အမြန်ဆုံး ထွက်ရှိအောင် ကြိုးစားနေတယ်လို့ စိုးသူက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂ဝ၁၂ ခုနှစ်တုန်းက ဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့ မိုင်ဒါကွင်း မှာ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တဲ့ အကယ်ဒမီ စိုးသူက မန္တလေးမြို့မှာလည်း တစ်ကိုယ်တော် ဖျော်ဖြေပွဲ ထပ်မံပြုလုပ်ဖို့ စီစဉ်နေပြီး အခုနှစ် ဇန်နဝါရီ လကုန်လောက်မှာ ပြုလုပ်ဖို့ စိတ်ကူးထားတယ်လို့ ပြောပါတယ်။ ဂီတ အပြင် သရုပ်ဆောင် တာဝန်တွေကိုလည်း ထမ်းဆောင် သွားဦးမှာပါ ဆိုတဲ့ စိုးသူက သူ့ကို ကမ်းလှမ်း ထားတဲ့ ဇာတ်ကားတွေထဲက နည်းနည်းပါးပါး ကိုလည်း လက်ခံ ရိုက်ကူးဖို့ ရှိကြောင်း သိရပါတယ်။

ခိုင်ဝေလွင်

Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis