menu

Thursday 16 January 2014

သေဆုံးသူ၏ ဝိညာဉ် ပူးကပ်ပြောဆိုချက်အရ နွားဈေးမှအပြန် နွားပို့သူ တစ်ဦး သေဆုံးမှုကို လူသတ်မှုအဖြစ် ပြန်လည်စစ်ဆေးခဲ့ရ


မိတ္ထီလာမြို့နယ် မြို့ကြီးကုန်းရွာ အလွန် ဟံဇားအင်းထိပ်တွင် ဖြစ်ပွား ခဲ့ သော နွားဈေးမှအပြန် နွားမောင်းပို့သူ တစ်ဦး သေဆုံးမှုကို ရဲက သေမှုသေခင်း ဖွင့်သော်လည်း မြို့နယ်တရားရုံးက လူ သတ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် အရေး ယူခဲ့သည်။

ဖြစ်စဉ်မှာ မိတ္ထီလာမြို့နယ် ကျွန်း ဖိုပင်အုပ်စု၊ ကျွန်းဖိုပင် ကျေးရွာနေ ကို ဇော်ထွန်း ၃၆ နှစ်သည် အောက်တိုဘာ ၁၄ ရက်ညနေ ၅ နာရီက ဟံဇားရွာနေ ကိုနန်းတင်သည် မိတ္ထီလာဈေးမှ ဝယ်ယူ ခဲ့သော ချိုထောင်နွားမ ဝါညိုရောင် တစ်ကောင်အား နွားမောင်းပို့ခ ကျပ် ၅ဝဝဝ အခကြေးငွေယူ၍ ဟံဇားရွာသို့ နွားပို့ပေးရန် မိတ္ထီလာမှ ထွက်ခွာ ခဲ့ ကြောင်း၊ ၄င်းနှင့်အတူ ယခုဆွဲလာသော နွားမှာ မိတ္ထီလာ စနေဒိုင်မှ ဝယ်ယူခဲ့ သည်မှာ မှန်ကန်ကြောင်း အသိသက် သေ ဦးညွန့်အောင် လက်မှတ်ပါသည့် အထောက်အ ထား စာရွက်ပါ ယူဆောင် သွားကြောင်း၊ ည ၁ဝ နာရီတွင် မိတ္ထီလာ စက်မှုဇုန်ရဲကင်းမှ ဟံဇားရွာ အုပ်ချုပ် ရေးမှူး ဦးအောင်မင်းစိုးထံ လူသေအ လောင်းတစ်လောင်း တွေ့ရှိ သည်ဟု အ ကြောင်းကြားခဲ့ကြောင်း သိရသည်။

ဦးအောင်မင်းစိုးမှ သေဆုံးသူကို ဇော်ထွန်း၏ ဆွေးမျိုးသားချင်း ၃ဝ ခန့် နှင့် ကား၊ ဆိုင်ကယ်များနှင့်အတူ အ ခင်းဖြစ်နေရာသို့ သွားရောက်စုံစမ်း ခဲ့ပြီး ကျေးရွာ အုပ် ချုပ်ရေးမှူးက အလောင်း ကို လှည်းဖြင့် သယ်ဆောင် လာသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၊လှည်းမောင်းသူနှင့် ကျေးရွာသားတစ်ဦးကို လမ်းတွင် တွေရသဖြင့် ကျေးရွာအုပ်ချုပ်ရေး မှူးကို အ သိမပေးဘဲ ယခုလို သယ်ဆောင်မလာ သင့်ကြောင်းပြောရာ စခန်းမှူးက ကိုဇော် ထွန်းမှာ သူ့ကို သယ်လာစဉ်က အသက် မသေသေး၍ ဆေးရုံပို့ရန် ခေါ်လာခြင်းဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။



ကိုဇော်ထွန်း၏ အလောင်းကို အောက်တိုဘာ ၁၆ ရက်တွင် ဂူသွင်း သဂြုင်္ိဟ်ခဲ့ပြီး ၁၇ ရက်နေ့တွင် အသက် ၇ဝ အရွယ် အဖွားဒေါ်တင်လှိုင် အား သေဆုံးသူက ပူးကပ် ဝင်ရောက်၍ ပြော ဆိုခဲ့ကြောင်း၊ ၄င်းအား ရဲများက နွား သယ်ခ ငွေတောင်းရာမပေးနိုင်သဖြင့် စခန်းမှူးအပါအဝင် ရဲများက ဝိုင်းဝန်း ထိုးကြိတ်ကြကြောင်း၊ ရဲတစ်ဦးကေ နာက် မှနေ၍ ဦးခေါင်းကို ရိုက်သဖြင့် မေ့သွား ကြောင်း၊ နောက်တွင် ‘ဒီလောက်ခေါင်း မာတဲ့ကောင်’ဆိုပြီး ရင်ဘတ်ပေါ် ဖိနပ် နှင့် တက်နင်းသည်ဟု ပြောကြောင်း၊ ထိုကဲ့သို့ ပြောဆိုသည်ကို ကျေးရွာအုပ် ချုပ်ရေးမှူးက ရွာသူရွာသားများရှေ့ တွင် လက်ကိုင်ဖုန်းဖြင့် အသံသွင်းယူပြီး စီဒီခွေဖြင့်ကူးယူကာ အသံဖမ်းထား သည်ဟု ဆိုသည်။

ဂူသွင်းမသဂြုင်္ိဟ်မီက ကိုဇော်ထွန်း ၏ အလောင်းကို စစ်ဆေးကြည့်ရှုစဉ် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရင်ဘတ်ညို မည်းဒဏ်ရာ၊ မျက်နှာတွင် ပွန်းပဲ့ဒဏ်ရာ များဖြင့် သေ ဆုံးနေသည်ကို တွေ့ရ ကြောင်း၊ သေဆုံးသူ၏ ဇနီး ဒေါ်ရွှေနု (ကလေးသုံးဦးမိခင်)က အောက်တိုဘာ ၂၁ ရက်တွင် ¤င်း၏ ခင်ပွန်းသေဆုံးမှု နှင့် ပတ်သက်၍ သေမှုသေ ခင်းဖွင့်ခြင်း အား ပြန်လည်စစ်ဆေးပေးပါရန် နိုင်ငံ တော်သမ္မတ၊ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ် နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တို့ထံ တင်ပြတိုင်ကြားထားကြောင်း၊၊ ဟံဇားရဲစခန်းက ကိုဇော်ထွန်းသေဆုံး မှုကို သေမှုသေခင်းအမှတ် ၁/၂ဝ၁၃ ဖြင့် အမှုဖွင့်ပြီး သာစည်မြို့နယ် တရား ရုံးသို့ တရားစွဲ တင်ပို့ခဲ့သော်လည်း မြို့ နယ်တရားရုံး က ပုဒ်မ (၇၁/၂ဝ၁၃)ဖြင့် ဒုမြို့နယ် တရားရုံးက စစ်ဆေးဆောင် ရွက်ခဲ့သည်။

အမှုနှင့် ပတ်သက်၍ ဇန်နဝါရီ ၈ ရက်တွင် သက်သေများ၏အစစ် ခံချက်အရ သေဆုံးသူသည် ဓမ္မတာအတိုင်းသေဆုံး ခြင်းမဟုတ်သည်ကို စစ်ဆေးတွေ့ရှိရသ ဖြင့် ဟံဇားရဲစခန်း (ပ)၄/၂ဝ၁၄၊ ပုဒ်မ- ၃ဝ၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း၊အမှုမှန်ပေါ်ပေါက်ရေးအတွက် အင်းစိန် CID မှ လာရောက်စစ်ဆေးပေးရန် ကျွန်းဖိုပင်ရွာ သားများက လိုလားလျက် ရှိကြောင်း သိရသည်။

တင်လှိုင် (မိတ္ထီလာ)

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis