menu

Thursday 16 January 2014

ဆင်များရန်ငြိုးဖွဲ့တိုက်ခိုက်နေကြခြင်းမှာ ဆင်ခိုးဂိုဏ်းများ ၀က်ရောက်သတ်ဖြတ်မှုကြောင့်ဖြစ်

နေပြည်တော်၊ဇန်န၀ါရီ ၁၆

ဆင်ခိုးဂိုဏ်းများမှ ၀င်ရောက်သတ်ဖြတ်မှုများကြောင့် ဆင်များရန်ငြိုးဖွဲ့ တိုက်ခိုက်မှုများရှိနေသည်ဟု သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင် ကပြောသည်။

ပဲခူးရိုးမဒေသအပါအ၀င် တောဆင်ရိုင်းများနေထိုင်ကျက်စားသည့် သစ်တောနယ်မြေများ၊ သဘာဝနယ်မြေများ အတွင်း ဒေသခံပြည်သူများ အနေဖြင့် ကျူးကျော်ဝင်ရောက် အခြေချနေထိုင်ခြင်း၊ တောင်ယာ ခုတ်ထွင်လုပ်ကိုင်ခြင်း၊ ဆင်များကို ရန်စကျူးလွန်ခြင်း၊ဆင်များကို သတ်ဖြတ်၍စီပွားရှာခြင်းတို့ကြောင့် ဆင်များမှာရန်ငြိုးဖွဲ့ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဦးအေးမြင့်မောင်ကပြောသည်။

ထို့ကြောင့် တောဆင်ရိုင်းများ နေထိုင်ကျက်စားသည့် ပတ်ဝန်းကျင်တွင် ရှိသည့်ကျေးရွာများ ၌ လူနှင့်ဆင်ပဋိပက္ခ ဖြစ်ပွားမှု များလျော့ချနိုင်ရန် အသိပညာပေးဟောပြောခြင်း၊ အချို့ဒေသရှိ ကျေးရွာ၊လူနေအိမ်ခြေများသို့ တောဆင်ရိုင်းများ ၀င်ရောက်မှုအန္တရာယ်မကြာခဏ ကျရောက်ပါက ပုဂ္ဂလိက ကျွမ်းကျင်သူ ဆင်ဖမ်းအဖွဲ့များ ကျုံးစနစ်ဖြင့်ဖမ်းဆီးစေခြင်း စသည်တို့ကိုဆောင်ရွက်လျက်ရှိကြောင်း ပထမအကြိမ် အမျိုးသားလွှတ်တော် န၀မပုံမှန်အစည်းအဝေး တွင် ၎င်းကပြောသည်။



မြန်မာနိုင်ငံအတွင်း ဆင်များကို တောရိုင်းတိရစ္ဆာန်အဖြစ် လည်းကောင်း၊ အိမ်မွေးဆင်အဖြစ် လည်းကောင်း တွေရှိရပြီး သစ်ထုတ်လုပ်ရေး လုပ်ငန်းတွင် အဓိက အသုံးပြုရန်မွေးမြူကြသည်။

မြန်မာနိုင်ငံသည် အာရှတိုက်တွင် ဒုတိယ ဆင်ကောင်ရေ အများဆုံးနိုင်ငံဖြစ်ကာ အိမ်မွေးဆင် အဖြစ် မှတ်ပုံတင်ထားသော ဆင်ကောင်ရေမှာ ၄,၄၀၁ ကောင်ရှိပြီး သစ်တောများအတွင်း ခန့်မှန်းတောဆင်ရိုင်းကောင်ရေ ၂,၀၀၀ကျော် ခန့်ရှိမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ၏ကွင်းဆင်း စာရင်းကောက်ယူမှုများအရသိရသည်။
 ရန်နိုင်
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis