menu

Thursday 16 January 2014

စည်းကမ်းမဲ့ရပ်ထားသည့် ဆိုင်ကယ်အားစစ်ဆေးစဉ် ဆိုင်ကယ်စီးနင်းသူများမှ ကတ်ကြေးဖြင့်ထိုး၊ လေထိုးပိုက်ဖြင့်ရိုက်၍ ဖမ်းဆီးရေးအဖွဲ့ဝင်(၂)ဦးဒဏ်ရာရရှိခဲ့သည့်အမှုမှ ပြစ်မှုကျူးလွန်သူများ ရဲတပ်ဖွဲ့သို့ ဆက်သွယ်အဖမ်းခံခဲ့

Photo: စည်းကမ်းမဲ့ရပ်ထားသည့် ဆိုင်ကယ်အားစစ်ဆေးစဉ် 
ဆိုင်ကယ်စီးနင်းသူများမှ ကတ်ကြေးဖြင့်ထိုး၊ လေထိုးပိုက်ဖြင့်ရိုက်၍ ဖမ်းဆီးရေးအဖွဲ့ဝင်(၂)ဦးဒဏ်ရာရရှိခဲ့သည့်အမှုမှ ပြစ်မှုကျူးလွန်သူများ
ရဲတပ်ဖွဲ့သို့ ဆက်သွယ်အဖမ်းခံခဲ့

ရန်ကုန်၊ ဇန်န၀ါရီ ၁၅

၂၉.၁၂.၂၀၁၃ရက်နေ့ ၀၈၀၀အချိန်မှစ၍ အင်းစိန်မြို့နယ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊
အောင်ဆန်းရပ်ကွက်၊ ဒညင်းကုန်းရပ်ကွက်၊ စဉ့်ငူရပ်ကွက်တို့မှ
ရာအိမ်မှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အင်းစိန်မြို့နယ်အတွင်း စည်းကမ်းမဲ့ဆိုင်ကယ်များအား လှည့်လည်ဖမ်းဆီးရေးတာဝန်
ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်စဉ် ၁၀၁၅အချိန်ခန့်တွင် ဒညင်းကုန်းလမ်းဆုံအနီး
ပြင်စည်မင်းသားကြီးလမ်းမပေါ်၌ စည်းကမ်းမဲ့ရပ်ထားသည့် JLM-125 အနီရောင်ဆိုင်ကယ် (၁)စီးအားတွေ့ရှိသဖြင့်  စစ်ဆေးနေစဉ် စစ်ဆေးရေးအဖွဲ့၌ပါရှိသောအင်းစိန်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ကျော်ကျော်လှိုင်နှင့် အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးအဆင့်(၁)ဦးအာကာတို့အား ဆိုင်ကယ်စီးနင်းသူ ဗျားကြီး(ခ)ခင်အေးမှ ကတ်ကြေးဖြင့်ထိုးပြီး ထော်ကြီး(ခ)မျိုးမင်းအောင်မှ အနီးရှိလေထိုးဆိုင်ရှိ လေထိုးပိုက်ဖြင့်ဝင်ရောက်ရိုက်နှက်ကာ ဆိုင်ကယ်အားမောင်းနှင်ထွက်ပြေးသွားခဲ့ကြပါသည်။

အဆိုပါဖြစ်စဉ်တွင် ရဲဒုတပ်ကြပ် ကျော်ကျော်လှိုင်၌ ရင်ညွန့်ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲလက်ခုံပြတ်ရှဒဏ်ရာ(၁)ချက်၊ စာရေးဦးအာကာ၌ကျောပြင်ယာဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ 
ဝဲလက်မ၊ ယာလက်မောင်း၊၀ဲတံတောင်တို့တွင်ပြတ်ရှဒဏ်ရာများ
ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံတွင် အတွင်းလူနာများအဖြစ် တက်ရောက် ကုသခဲ့ရသောကြောင့် ဗျားကြီး(ခ)ခင်အေးနှင့်ထော်ကြီး(ခ)မျိုးမင်းအောင် တို့(၂)ဦးအား အင်းစိန်မြို့မရဲစခန်း(ပ)၁၃၄၅/၂၀၁၃၊
ပြစ်မှုပုဒ်မ ၃၃၃/၁၁၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ကာ ဖမ်းဆီးရမိရေး
ဆောင်ရွက်ခဲ့ပါသည်။

၎င်းတို့(၂)ဦးအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိစဉ် ၁၃.၁.၂၀၁၄ရက်နေ့ ၁၅၀၀အချိန်တွင် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့်
ရွှေပြည်သာမြို့နယ်၊ မိချောင်းအိုင်ရွာသစ်နေ ဆိုင်ကယ်ကယ်ရီမောင်းသူ
များဖြစ်သော ဗျားကြီး(ခ)ခင်အေး (ဘ)ဦးကျော်ဆင့်နှင့် ထော်ကြီး (ခ)မျိုးမင်းအောင် (ဘ)ဦးနေ၀င်းတို့(၂)ဦးမှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနသို့ ဆက်သွယ်လာကာ အဖမ်းခံခဲ့ကြပြီး ပြစ်မှုကျူးလွန်စဉ်ကအသုံးပြုခဲ့
ကြသည့်သက်သေခံကတ်ကြေးနှင့် လေထိုးပိုက်တိုအား 
အပ်နှံပေးခဲ့သဖြင့် သိမ်းဆည်းကာ အမှုဖြင့်ဆက်လက် 
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis