menu

Thursday 16 January 2014

Facebook မှာ ထူးထူးဆန်းဆန်း ပင်လယ် ဓားပြစာလေးတွေရေးမယ်

Photo: င်္Facebook မှာ ထူးထူးဆန်းဆန်း ပင်လယ် ဓားပြစာလေးတွေရေးမယ်
--------------------------------------------------------------------

Aung Heine ( www.smart.com.mm )

သင့် ဖေ့ဘုတ်သုံးတာ အချိန်သက်တမ်း ဘယ်လောက်လောက်ရှိနေပြီးလဲ ?
နည်းနည်း ပျင်းနေပြီးလား ။ 

ဇူကာဘတ်ရဲ့ ပုံမှန်သုံးနေ တွေ့နေကြ ဖေ့ဘုတ်ကိုလေ
နည်းနည်း အသစ်အဆန်းလေး ကလိကြည့်မလား။

အရင်ဆုံး စပြီး သင့်ရဲ့ Home  Page ကစပြီး အချို့စာလုံးလေးတွေကို အသစ်အဆန်းလေးပြောင်းလဲကြည့်တာပေါ့။

ဒီလိုပြောင်းလဲလိုက်တာနဲ့ သင့်ဟာ ပင်လယ် ဓားပြလှေကိုဦးစီးနေတဲ့ သဘောင်္ ကပ္ပတိန်တစ်ယောက်လို့ ဖြစ်သွားပါလိမ့်မယ်။

ဒီနည်းလေးက မဆိုဘူးဗျာ အရင်က စစပေါ်တုန်းက ဖေ့ဘုတ်စတိုင်နဲ့ နည်းနည်းဆင်တယ်။
စာလုံးတွေက လည်း ပင်လယ်ဓားပြတွေသုံးတဲ့စာလုံးမျိုးပါပဲ။ 

အဲလိုပြောင်းချင်ရင်တော့ Setting ထဲက General ထဲကိုဝင်ပြီး Language နေရာမှာ english (pirate) လိုပြောင်းပြီး ပေ့ခ်ျကို refresh ပြန်လုပ်လိုက်ရုံပါပဲ။

အင်းပြီးတော့ 

ပို့စ်တင်တဲ့ အခါ အရင်နည်းနဲ့မတူ ထူးထူးခြားခြားလေး တင်ကြည့်မယ်လေ။

ပြောရရင် ပင်လယ် ဓားပြစာလိုပေါ့။ ရေးမှာမလား

အဲလိုရေးချင်ရင်တော့ Web နဲ့ ဖေ့ဘုတ်ကိုသုံးတဲ့လူတွေ လောက်ပဲ အဲလိုရေးဖို့ အဆင်ပြေမယ်ထင်ပါတယ်။

သူကဒီအတိုင်းတော့ရေးလို့မရဘူးဗျ။ 

copy , paste တော့နည်းနည်း သုံးရပါလိမ့်မယ်။ စိတ်ဝင်စားလို့လုပ်ချင်တယ်ဆိုရင်တော့
http://www.typeupsidedown.com/ ကိုဖွင့်ပြီး သူပြထားတဲ့ အကွက်ထဲမှာ ရိုက်လိုက်ပါ။.
 ပြီးတော့ နောက်မှာ ပြောင်းပြန်ပေါ်မှာ ဖြစ်ပါတယ်။

အဲဒါကို ဖေ့ဘုတ်မှာ ပြန် paste လုပ်ထည့်ရမှာပါ။ မြန်မာစာတော့ မရပါဘူး။ 

အင်္ဂလိပ်စာပဲရိုက်လို့ရပါတယ်။ 

ဒီအခါ သင့်ရဲ့ status update တွေကို 
စာလုံးပြောင်းပြန်တွေနဲ့ ထူးထူးဆန်းဆန်းမြင်ရမှာ ဖြစ်ပါတယ်။ 

ရုတ်တရက်ဆိုရင်တော့ ဘာရေးထားမှန်းတောင် သိမှာမဟုတ်ပါဘူး။

စိတ်ဝင်စားဖို့တော့ကောင်းပါလိမ့်မယ်။

အဆင်ပြေ ချော့မွေ့ကြပါစေဗျာ။

Smart Pro Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis