လွန်ခဲ့သည့် နှစ်ပေါင်း (၅၀၀)ခန့်က စတေး သတ်ဖြတ်ခြင်း ခံခဲ့ရသည့် အင်ကာ
အမျိုးသမီးငယ် တစ်ဦး၏ မံမီ ရုပ်အလောင်းကို စစ်ဆေးပြီးနောက် သူမသည်
အဆုတ်တွင် ပိုးမွှားဝင်ရောက်မှု ဝေဒနာ ခံစားနေခဲ့ရကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
ခေတ်မီ သုတေသနပြုမှု ရလဒ်များက အသက်(၁၅)နှစ်အရွယ် မိန်းကလေး ရုပ်အလောင်းနှင့် ပတ်သက်သော နောက်ထပ် လျှို့ဝှက်ချက် အသစ်များကို ထွက်ပေါ်လာစေခဲ့သည်။ အဆိုပါ ဆယ်ကျော်သက်အရွယ် မိန်းကလေးသည် သတ်ဖြတ်ခြင်း မခံရမီ ကတည်းက အဆုတ်တွင် ဘက်တီးရီးယား ပိုးမွှား ဝင်ရောက် တိုက်ခိုက်မှုနှင့် ကြုံထားရကြောင်း သိရှိရသည်။
ပညာရှင်များသည် မံမီရုပ်အလောင်းထံမှ တစ်သျှူးစ အချို့ကို ထုတ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ မိန်းကလေး၏ အဆုတ်ရောဂါသည် သူမအတွက် မည်သည့် အတိုင်းအတာထိ သက်ရောက်ခဲ့သည်ကိုမူ တိတိကျကျ မသိနိုင်သေးချေ။
Planet Myanmar Network

No comments:
Post a Comment