menu

Wednesday 23 January 2013

ဖုန်းကတ်များ ကျပ်တစ်သိန်းအောက်ဈေး ရောင်းပေးရန် သမ္မတညွှန်ကြားဟုဆို

Photo: ဖုန်းကတ်များ ကျပ်တစ်သိန်းအောက်ဈေး ရောင်းပေးရန် သမ္မတညွှန်ကြားဟုဆို

ရန်ကုန်၊ ဇန်န၀ါရီ-၁၇

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထပ်မံရောင်းချမည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်း ဆင်းမ်ကတ်များအား ကျပ်တစ်သိန်းထက် သက်သာသည့် နှုန်းထားဖြင့်သာ ရောင်းချပေးရန် နိုင်ငံတော်သမ္မတက ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသို့ ညွှန်ကြားခဲ့ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

“သမ္မတကြီးအနေနဲ့ နိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍကို အိမ်နီးချင်းနိုင်ငံတွေနည်းတူ ဖွံ့ဖြိုးတိုး တက်စေချင်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက သမ္မတကြီးအနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချတဲ့ လုပ်ငန်းစဉ်တွေမှာ မိုဘိုင်းဆက်သွယ်ရေးတွေရဲ့ အရေးကြီးမှုကို သိရှိပြီး ပြည်သူအားလုံး မိုဘိုင်းဖုန်းတွေကို လက်လှမ်းမီ လွယ်လွယ်ကူကူ သုံးစွဲနိုင်အောင် လုပ်ပေးချင်တဲ့ ဆန္ဒပြင်းပြနေပါတယ်” ဟု ဦးရဲထွဋ်က ဆက်လက်ပြောကြားသည်။
https://www.facebook.com/excellencemedia
နိုင်ငံတော်သမ္မတက မြန်မာ့ဆက်သွယ်ရေးက ရောင်းချမည့် မိုဘိုင်းဖုန်းများကို ကျပ်ငါးသောင်းဖြင့်သာ သတ်မှတ်ရောင်းချပေးရန် ၀န်ကြီးဌာနသို့ ညွှန်ကြားမှုရှိခဲ့ကြောင်း ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ဝက်ဘ်ဆိုက်များပေါ်
တွင် ထွက်ပေါ်ခဲ့သော်လည်း ယင်းသတင်းကို အဆိုပါ ၀န်ကြီးဌာနက အတည်ပြုပြောဆိုခဲ့ခြင်း မရှိပေ။

ထပ်မံချထားပေးမည့် မိုဘိုင်းဖုန်းများ၏ နှုန်းထားများသည် ကျပ်ငါးသောင်းဖြင့် ထွက်ရှိလာရန် ရာခိုင်နှုန်းများနေသည်ဟု ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သတ်ဆက်စပ်နေသော ပုဂ္ဂလိကပိုင်းမှ အတိအကျ ပြောဆိုသံများ ယနေ့ထွက်ပေါ်လာသော်လည်း ယင်းသတင်းနှင့်ပတ်သက်၍မူ အများပြည်သူသို့ အတိအကျ ထုတ်ပြန်မရနိုင်သေး ကြောင်း စုံစမ်းသိရှိရသည်။

အခုဆက်သွယ်ရေးက ထပ်ချပေးမယ့်ဖုန်းတွေကို ငါးသောင်းလောက်ဖြစ်ရင်ပဲ ကျေနပ်ပါပြီ။ အဲဒီထက်လည်း ချပေးမယ် မထင်ပါဘူး။ ဒါပေမဲ့ အင်တာနက်စနစ်ကိုတော့ တစ်ခါတည်း ထည့်ပေးစေချင်တယ်။ အရင်ငါးသိန်းဖုန်း၊ နှစ်သိန်းဖုန်းတွေတုန်းက ဈေးကြီးလို့ မ၀ယ်နိုင်ဘူး။ ငါးသောင်းလောက်ဆို ကိုယ့်အတွက် အဆင်ပြေပေမယ့် ဆက်သွယ်ရေးကို စိတ်မချရတော့ ပိုပိုလိုလို တစ်သိန်းလောက်ကို ဖုန်းဝယ်ဖို့အတွက် စုထားပါတယ်” ဟု နည်းပညာကုမ္ပဏီတစ်ခုမှ ၀န်ထမ်းဖြစ်သော အသက် ၂၂ နှစ်အရွယ် မဆုရည်မိုးကပြောသည်။

ယခုနှစ်အတွင်း ထပ်မံရောင်းချပေးသွားမည့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအထိ မည်သည့်နှုန်းထားဖြင့် ရောင်းချမည်ကို အတိအကျထုတ်ဖော်ပြောဆိုနိုင်ခဲ့ခြင်း
မရှိသော်လည်း ယခုအချိန်တွင်မူ ကျပ်တစ်သိန်းတိတိဖြင့် ရောင်းချရန် နိုင်ငံတော်ပိုင်းသို့ တင်ပြထားပြီဖြစ်သည်ဟု မိုဘိုင်းဌာန၏ အင်ဂျင်နီယာချုပ်က ယနေ့တွင် အတည်ပြု ပြောကြားလိုက်သည်။

“လက်ရှိဈေးကွက်မှာ ရောင်းနေတဲ့ဈေးးရဲ့ ထက်ဝက်နဲ့ ရောင်းဖို့ တင်ပြထားပါတယ်။ အထက်က ခွင့်ပြုချက်တော့ မကျသေးပါဘူး။ ကျန်တဲ့အပိုင်းကတော့ အဆင်သင့်ဖြစ်နေပါပြီ။ အထက်က ဈေးနှုန်းသတ်မှတ်ဖို့ပဲ ကျန်ပါတော့
တယ်” ဟု အဆိုပါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အင်ဂျင်နီယာချုပ်ဦးဌေးဝင်းက ဆိုသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း

အေးချမ်းမွန်မှ  7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

7Day News Journal 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis