menu

Wednesday 23 January 2013

ရွေးရတော့မည့် တရုတ်ပြည်

Photo: ရွေးရတော့မည့် တရုတ်ပြည်

Posted by AF in ဆောင်းပါးများ

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ အပေါ်ထားရှိသည့် နိုင်ငံခြားရေး မူဝါဒအနှစ်သာရ မည်သို့ရှိသည် ဖြစ်စေ၊ အရှေ့တောင် အာရှရေးရာ တရုတ် အကဲခတ်များက မြန်မာ နိုင်ငံနှင့် ပတ်သက်၍ မည်သို့အကဲ ဖြတ်သည်ဖြစ်စေ။ မြန်မာ အစိုးရနှင့် လူနည်းစုလူမျိုးစု လက်နက်ကိုင်များ အကြား အထူးသဖြင့် ကချင်လက် နက်ကိုင်များနှင့် သဲကြီးမဲကြီးတိုက် ခိုက်နေမှုက ဒေသတွင်းမတည်ငြိမ်မှု ကို ဖြစ်စေသကဲ့သို့ တရုတ်နိုင်ငံ အတွက် အိမ်ရှေ့ပူအိမ့်နောက်မချမ်း သာဖြစ်စေသည်က အမှန်ပင်။ အနောက်နိုင်ငံများနှင့် မြန်မာ တို့ရွှေလမ်း ငွေလမ်းခင်းလာသည့် အတွက် မိမိအကျိုးစီးပွား ထိခိုက် လေမလားဟူသည့် တရုတ်၏သံသ ယ၊ ဒေသကွက်ကွက် ကလေးကို ကြည့်ကာ ဂလိုဘယ်ရီလေးရှင်းရှစ် ခေါ်ကမ္ဘာလုံးဆိုင်ရာ ဆင့်ကဲဆက် စပ် ဖြစ်စဉ်ကို မငဲ့ကွက်ဘဲ ကချင် ပြည်နယ် ငြိမ်းချမ်းသွားမည်ကို မလိုလား သည့် ဗျူရိုကရက်အုပ်စု၏ အမြင်စသည်တို့ကို ဘေးဖယ်လိုက် လျှင် ကချင်အရေးက မြန်မာသာမ က တရုတ်အတွက်ပါ ရေရှည်တွင် မကောင်းဟူသည်ကို မြန်မာရော တရုတ်ဘက်ကပါ နားလည်သည် ဟု ယုံကြည်သည်။ ယင်းသို့ ယုံ ကြည်ကြသည့်အလျောက် ကချင် ပြည်နယ်အရေးအတွက် တရုတ်က ဘက်စုံထောင့်စုံမှ စဉ်းစားလာသည် မှာ  အထင်အရှားပင်။ တရုတ်ပြည်သူ့ လွတ်မြောက် ရေး တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ကျိယန်ကျိုးက မြန်မာနိုင်ငံအနေဖြင့် ကချင်အရေးကို မှန်မှန်ကန်ကန် စိတ်ရင်းစေတနာ အပြည့်ဖြင့် ဖြေ ရှင်းရာတွင် ငြိမ်းချမ်းသောနည်းများ အပြင် တရုတ်-မြန်မာနယ်စပ်ဒေသ တစ်လျှောက်လုံခြုံရေးနှင့် တည် ငြိမ်ရေးကို ထည့်သွင်း တွက်ချက်ရန် လိုသည်ဟု ထောက်ပြသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ကျိ က (၂၁-၁-၂ဝ၁၃)က ပြုလုပ်ခဲ့ သည့် တရုတ်လက်နက်ကိုင် တပ်ဖွဲ့ များနှင့် မြန်မာ တပ်ဖွဲ့များအကြား လုံခြုံရေး မဟာဗျူဟာရေးရာအကြံ ပြု ဆွေးနွေးပွဲတွင် ကနဦးတင်ပြခဲ့ လေသည်။ အဆိုပါ ဆွေးနွေးပွဲတွင်တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မ တော် ဒုတိယစစ်ဦးစီးချုပ်ကျိနှင့် မြန်မာ ဒုတိယကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းတို့အကြားဒေသတွင်းလုံခြုံရေးအဆင့်နှင့် တရုတ် မြန်မာ နှစ်ပြည်ထောင်ကြားတပ်မ တော်နှစ်ရပ်ကြား ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ယင်းသို့ ဆွေးနွေးကြရာတွင် နှစ်နိုင်ငံ တပ်မတော်များကြားဆက် ဆံရေးမှာ ယခုပထမဆုံး အကြိမ် ကျင်းပသည့် လုံခြုံရေးမဟာဗျူဟာ အကြံပြု ဆွေးနွေးပွဲကြောင့် သမိုင်း တစ်ခေတ်ဆန်းသစ်ခဲ့ပြီဟုမှတ်ချက် ပြုခဲ့သည်။ ယင်း ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံအနေဖြင့် အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှမှုနှင့် နှစ် ဦးနှစ်ဖက် အကျိုးစီးပွား အခြေခံ၍ မြန်မာနိုင်ငံနှင့် ချစ်ခင်ရင်းနှီးအိမ်နီး ချင်းကောင်း ပီသစွာညှိညှိနှိုင်းနှိုင်း ညီညီညွတ်ညွတ် ဆက်ဆံနေထိုင် သွားခြင်းဖြင့်နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်လိုကြောင်း တင်ပြခဲ့သည်။ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည် ငြိမ်ရေးကိုလည်းလက်တွဲဖော် ဆောင်လိုကြောင်း တင်ပြသည်။

တရုတ်နိုင်ငံ ၏ အုပ်ချုပ်ရေး အခြေခံသဘော သဘာဝမှာကွန်မြူ နစ်ပါတီကိုဗဟို ပြုသည်။ ပါတီ သည် နိုင်ငံဥသျှောင်၊ အရှင်သခင်၊ တပ်မတော်သည် ပါတီလက် အောက်ခံ။ လွတ်မြောက် ရေးတပ် မတော်၏ အပြောအဆို အယူအဆ မှာ ပါတီကိုရာနှုန်း အတော်များများ ကိုယ်စားပြုသည်။ ပါတီသဘော မတူဘဲ တပ်မတော်မှ မည်သည့် စကားကိုမှ လွန်လွန်ကျွံကျွံပြော၍မ ရ။ တရုတ်တပ်မ တော်မှ ယင်းသို့ သော ရွှေပြည်အေးစကားသည် လုပ်ထုံးလုပ်နည်းအရ ဝတ္တရားအရ ပြောသည်ဖြစ်စေကွန် မြူနစ်ပါတီ (သို့မဟုတ်) တရုတ်အစိုးရ၏ ပဲ့ တင်သံပင် ဖြစ်သည်။

ဆိုလိုသည်မှာ ကချင်ပြည်နယ် အရေးမှာ ကာလကြာလာသည်နှင့် အမျှ တရုတ် ပြည်တွင်းရေးအတွက် သော် လည်းကောင်း၊ နိုင်ငံခြားရေး အတွက် သော်လည်းကောင်း မ ကောင်းလှ။ မကောင်းသည့် အ ကြောင်း နောက်ပိုင်းတွင်တင်ပြပါ မည်။ ယခုမြန်မာနှင့်တရုတ် တပ်မ တော်တို့အကြား မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ အကြား ဆွေးနွေး ပွဲများကိစ္စကို ဆက်ပါမည်။ ဖော်ပြပါ ဒုတိယစစ်ဦးစီးချုပ် ကျိ တွေ့ဆုံဆွေးနွေးသည်က ဗိုလ် ချုပ်ကြီး စိုးဝင်းတစ်ဦးတည်းမဟုတ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းနှင့်ရော၊ ကာကွယ်ရေးဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့်ပါ တွေ့ဆုံခဲ့သည်။ဦးရွှေမန်းက သံတမန်စကား ပိုပြော တတ်သည်။ တရုတ်ပေါက်ဖော်များ နှင့် ရင်းနှီးခင်မင် လက်တွဲခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီ ဖြစ်ကြောင်း၊ အချိန်ကာလ၏ အစမ်းအသပ်ကိုခံခဲ့ ပြီးဖြစ်ကြောင်း နိုင်ငံတကာနိုင်ငံရေး ရာသီဥတု မည်သို့ပင်ပြောင်းသည် ဖြစ်စေ၊ တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးမှု မပျက်ပြားဘဲ သူ့အရပ်နှင့် သူ့ဇာတ် ပြည်တွင်းရေးအခြေအနေ များသာ ပြောင်းလဲခဲ့ကြောင်း ရွှန်း ရွှန်းဝေ ပြောခဲ့သည်။ ဒုတိယ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က လည်း တရုတ်- မြန်မာ လုံခြုံရေး မဟာဗျူဟာနှင့် စပ်လျဉ်း၍ ပီယ ဝါစာ စကားဆိုခဲ့သည်။ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား မတူသည် များ ညှိနှိုင်း၊ တူသည်များ ဖော် ဆောင်ခြင်းနှင့် နှစ်ဦးနှစ်ဖက်အကျိုး များနိုင်ကြောင်း ဆိုခဲ့သည်။

ဟုတ် ပါသည်။ ညှိညှိနှိုင်းနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်းသည်နိုင်ငံ ရေးအရ အထူးအရေးပါသည်။စစ် မှန်သော ညှိနှိုင်းဆောင်ရွက်မှု အ ကျိုးများခဲ့သည်များကို သမိုင်းက သက်သေထူ ခဲ့ပြီးဖြစ်သည်။ အရှေ့ နှင့် အနောက် ပါကစ္စတန်၊ နယ်လ် ဆင်မင်ဒဲလားနှင့် ပစ်ဘိုသာစသည် စသည်များ။ ကချင် အရေးကိစ္စနှင့်စပ်လျဉ်း ၍ တရုတ်နိုင်ငံ၏ အရေးဆိုမှုကို တင်ပြပါဦးမည်။ တရုတ်နိုင်ငံခြား ရေး ဝန်ကြီးဌာန ပြောခွင့်ရဟောင်လီ က ပြီးခဲ့သည့် နေ့စဉ်သတင်းထုတ် ပြန်ချက်တွင် ယခုကဲ့သို့ဆို သည်။ ”မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခ ကို တွေ့ဆုံဆွေးနွေးမှုပြုလုပ် ခြင်းမှသာ မှန်မှန်ကန်ကန် အဖြေ ရှာနိုင်မှာပါ။ ဒါကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေနဲ့ အပစ်ရပ် ပြီး ရှဥ့်လျှောက်ပျားစွဲသာ ညှိနှိုင်း အဖြေရှာကြပါ”။ ယင်းသို့ တောင်း ဆိုချက်မှာ ပြီးခဲ့သည့် သောကြာနေ့ မြန်မာဘက်မှ အပစ်အခတ်ရပ်စဲ ကြောင်း ကြေညာအပြီး များမကြာမီ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တရုတ်အထူး ကိုယ်စားလှယ်  ဒုတိယနိုင်ငံခြားရေးဝန်ကြီး မဒမ် ဖူယင်းမှလည်း သမ္မတကြီး ဦးသိန်း စိန်နှင့် တွေ့ဆုံအပြီးလည်း ဖြစ် သည်။ ”အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံရဲ့ နယ်စပ် တစ်လျှောက်မှာ ကသောင်း ကနင်း မငြိမ်မသက်ဖြစ်နေရင်ကိုယ့် နိုင်ငံကို အကျိုးသက်ရောက်မှုရှိကို ရှိပါတယ်။ တရုတ်-မြန်မာ နယ်နိ မိတ်က ကီလိုမီတာ ၂၂ဝဝ ရှည်ပါ တယ်။ ဒီနယ်စပ်တစ်လျှောက် ဖြစ ပေါ်နေတာတွေကို အနီးကပ် စောင့် ကြည့်နေပါတယ်” ဟု အထူးကိုယ် စားလှယ်ကြီးက ဆိုသည်။ ”ကျွန် တော်တို့အနေနဲ့ ညှိနှိုင်း ဆွေး နွေးမှု လူနည်းစုလူမျိုးစုများနဲ့ ငြိမ်း ချမ်းစွာအတူ ယှဉ်တွဲနေထိုင်လိုမှု တွေမှတစ်ဆင့် မတူညီတာတွေကို ရင်ကြားစေ့ရမှာပါ။ နယ်စပ်ဒေသ တွေကို နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုပြယုဂ် ဖြစ်စေရမှာပါ” ဟု ယင်းက ဆက်၍ ဆိုသည်။

စောစောက တင်ပြခဲ့သလို တရုတ်တို့ ယခုကဲ့သို့ပြော ကြားနေ မှုမှာ အသံကောင်းဟစ်နေမှု သက် သက်မဟုတ်။ ¤င်းတို့ အနေဖြင့် စီးပွားရေးအရ သော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း တစ်နည်း တစ်လမ်း အကျိုးခံစား နေရသည်ဟု ဆိုကြသည့် ကချင် အရေးထက် ပို၍ စဉ်းစားရမည့် အရာများရှိနေပါသေးသည်။ ယင်းမှာ တရုတ်နိုင်ငံ၏ ပြည် တွင်းရေး။ တိဗက်အပါအဝင် တရုတ်နိုင်ငံ အစိတ်အပိုင်းအချို့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထူ ထောင်လို နေကြသည်။ ခွဲထွက်လို နေကြသည်။ ကချင်တို့ကို စိတ် ဓာတ်ရေး ရာအရ ဖြစ်စေ၊ ရုပ်ဝတ္ထု ပိုင်းအရ ဖြစ်စေ ပံ့ပိုးနေမှုသည် ဒေသဆိုင်ရာ အဆင့်အတွက် မှန် ကောင်းမှန်မည် ဖြစ်သော်လည်း တရုတ်နိုင်ငံ၏နိုင် ငံခြားရေးမူဝါဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။ သို့ရာတွင် တရုတ်အစိုးရပိုင်းတွင် လည်း လူနည်းစုလူမျိုးစု လက်နက် ကိုင်များနှင့် ပတ်သက်၍ သဘော ထား အချေအတင် ဖြစ်နေသည်ဟု ကြားသိရသည်။

အနောက်တိုင်းနှင့် ဖက်လဲ တကင်းဖြစ်နေသည့် မြန်မာကို အကျပ်ကိုင်သည့် အနေဖြင့် လက် နက်ကိုင်များကို မျက်နှာသာပေးချင် သူများ၊ တစ်နည်းတစ်လမ်းဖြင့် တရုတ်သြဇာ ပြန်လည်လွှမ်းမိုး လို ကြသူများက တစ်ဖက်၊ တရုတ် အစိုးရ၏ ”တိုင်းတစ်ပါး နိုင်ငံများ ၏ ပြည်တွင်းကိစ္စများကို မစွက်ဖက် ရေးမူဝါဒ” ကို ဖက်တွယ်နေသူများ က တစ်ဖက် ဖြစ်နေသည်။ တရုတ် တို့၏ မြန်မာနိုင်ငံအပေါ် သောက မအေး ဖြစ်နေမှုကို သဘောပေါက် သည့် လက်နက်ကိုင် များကလည်း ရေလာမြောင်းပေး လုပ်နေကြသည်။ တရုတ်နိုင်ငံမှာ ကမ္ဘာ့နိုင်ငံအဆင့်ရှိ နိုင်ငံကြီးတစ် နိုင်ငံ။ အိမ်နီးချင်း မြန်မာအပေါ် အိန္ဒိယသမုဒ္ဒရာသို့ တစ်ခုတည်း သော ထွက်ပေါက် အဖြစ်သတ်မှတ် ထားသည့် နိုင်ငံ။ မြန်မာနိုင်ငံ၏ သယံဇာတများကို ဈေးချိုချိုဖြင့် ပေါပေါများများ တ နင့်တပိုးရခဲ့သည့် ရနေဆဲဖြစ်သည့်၊ အနာဂတ်တွင် လည်း ရနိုင်သည့်နိုင်ငံ။ နိုင်ငံကြီး တစ်နိုင်ငံနှင့် ယှဉ်လျှင် နိုင်ငံငယ် လေး မြန်မာမှာနိုင်ငံကြီးကို အစဉ် သဖြင့် မော့ကြည့်ခဲ့ရသည်။ ရှင်း ရှင်းပြောလျှင် အလို လိုက်ခဲ့ရ သည်။

ယခုအချိန်တွင်မူ ကာလ ပြောင်းပြန်ဖြစ်၍နေလေပြီ။ တရုတ် တို့အနေဖြင့် လတ်တလော စီးပွား ရေး၊ နိုင်ငံရေး အသာစီးရမှုကို ရွေး မလား၊ ရေရှည်နိုင်ငံခြားရေး မူဝါဒ ဖြစ်တည်မှုကို ရွေးရမလား၊ ပြည် တွင်းမှ ခွဲထွက်လိုသူတို့ ထောက်ပြ စရာဖြစ်သည်ကို ရွေးရမလား။ အမှားကို စောင့်ကြည့် ထောက်ပြ တတ်သည့် အနောက် နိုင်ငံကြီးတို့ ၏ ပြစ်တင်ဝေဖန်မှုကို ရွေးမလား၊ လားပေါင်းများစွာပင်။ လောကနိယာမအရ တစ်ခုကို လိုလျှင် ကျန်တစ်ခုကို စွန့်ပစ်ရမြဲ ဖြစ်သည်မှာ ဧကန်မုချ။ တစ်ခါတစ် ရံ လွတ်သည့်ငါး ကြီးနေသည် လည်း ရှိ၏။ မလွှတ်မိ၍ ဝိဘက် တက်ရသည်လည်း  ရှိ၏။ ယခု အချိန်တွင် တရုတ်တို့အနေဖြင့် နိုင်ငံရေးအရ ပိုမိုသိက္ခာ ရှိသည့် လမ်းကို ရွေးချယ်လိမ့်မည်ဟု မျှော် လင့်ရသည်။ မျှော်လင့်စရာ အ ကြောင်းများလည်း ရှိလာသည်။ လွတ်မြောက်ရေး တပ်မတော် ဗိုလ် ချုပ်ကြီးနှင့် အထူးကိုယ်စားလှယ် တော်ကြီးတို့၏ ပြောစကားများ၊ တိုက်တွန်းချက်များ၊ ထိပ်တန်း အကဲခတ်များ၏ မြန်မာနိုင်ငံနှင့်စပ် လျဉ်း၍ သဘောကွဲလွဲချက်များ စသည်စသည်ဖြင့်။

မည်သို့ဖြစ်စေ မြန်မာနိုင်ငံ သား တစ်ဦးအနေဖြင့် ကချင် ပြည်နယ်မှမဟုတ် နိုင်ငံတွင်းရှိ မည်သည့်နေရာ မည်သည့် ဒေသ တွင်မှ လူအများ သေကျေဒဏ်ရာရ သည်ကို လုံးဝမနှစ်မြို့။ မည်သည့် နည်းဖြင့် ရပ်ရပ်၊ စစ်ပွဲများ ရပ်စဲပါမှ တိုင်းရင်းသားတို့စစ်မှန် သောအပြုံးကို မြင်ရမည် မဟုတ် ပါလား။ ရိုးသားလှသည့် တိုင်းရင်း သားများ ပြုံးပျော်စေဖို့ရွှေမလိုပါ။ ငွေမလိုပါ။ ရုပ်ပစ္စည်းဘာမျှမလိုပါ။ ဆပ်ဆန်ထမင်း ကြမ်းမဝတဝလေး စား၍ ဖျာကြမ်းလေးပေါ်တွင် အိပ် ရေးဝဝ အိပ်နိုင်ဖို့သာလိုပါသည်။ သေနတ်သံကင်းကင်းဖြင့် ယခင် ကလို ချမ်းမြေ့စွာအိပ်စက်ရသည့် ညများသာ လိုပါသည်။

ရွှန်းတင့်

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

  Popular Myanmar News Journal 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis